ဆိုက္ဘာလံုၿခံဳေရးအတြက္ နည္းပညာတစ္ခုတည္းသာ အေရးႀကီးသည္ မဟုတ္ဟုဆို

[ Zawgyi ]

ဆိုက္ဘာလံုၿခံဳေရးအတြက္ အေရးႀကီးဆံုးမွာ နည္းပညာသာမကဘဲ ကြၽမ္းက်င္ဝန္ထမ္း၊ လုိုအပ္ခ်က္ေတြ လုပ္ထံုးလုပ္နည္းေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြလည္း လိုအပ္မွာျဖစ္ေၾကာင္း ဦးရဲႏိုင္မိုး (Director: Cyber Security Department, Ministry of Transport & Communications) ကေျပာပါတယ္။

“အားလံုးကေတာ့ နည္းပညာ နည္းပညာနဲ႔ ေျပာေနၾကတာပဲ။ နည္းပညာတစ္ခုတည္း မဟုတ္ပါဘူး။ နည္းပညာ အေရးႀကီးသလို ကြၽမ္းက်င္ဝန္ထမ္း၊ လုိုအပ္ခ်က္ေတြ၊ လုပ္ထံုးလုပ္နည္းေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြလည္း လိုအပ္မွာ ျဖစ္ပါတယ္။ ဖြဲ႕စည္းေဆာင္ရြက္မွု ပံုစံေတြ၊ ဌာနတစ္ခုနဲ႔တစ္ခု ပူးေပါင္းေဆာင္ရြက္မွုေတြလည္း လိုအပ္ပါတယ္” လို႔ ေျပာပါတယ္။

ပူးေပါင္းေဆာင္ရြက္တယ္ ဆိုရာမွာလည္း ျပည္တြင္းဌာနေတြ တစ္ခုနဲ႔တစ္ခု ပူးေပါင္းေဆာင္ရြက္႐ံုသာမက ျပည္ပက ဆိုက္ဘာလံုၿခံဳေရးဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ ရမွာျဖစ္ေၾကာင္း သိရပါတယ္။ ေဆာင္ရြက္ႏိုင္ဖို႔ လိုအပ္ေသာ က႑ေပါင္းစံုျဖစ္တဲ့ ျပည္တြင္းက ဥပေဒလုပ္ထံုးလုပ္နည္းျဖစ္ျဖစ္၊ ဖြဲ႕စည္းေဆာင္ရြက္မႈပဲျဖစ္ျဖစ္ ဒါေတြကို ျဖည္႔ဆည္းေဆာင္ရြက္သြားရမွာ ျဖစ္ေၾကာင္း သိရပါတယ္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ ဆိုက္ဘာဥပေဒမူၾကမ္းတစ္ခုကို ၂၀၁၉ ခုႏွစ္အတြင္းမွာ ထြက္ဖို႔အတြက္ ေဆာင္ရြက္ေနေၾကာင္း၊ အဆိုပါ ဥပေဒမူၾကမ္းအတြက္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန တစ္ခုတည္းသာမကဘဲ ဝန္ႀကီးဌာနအားလံုးက ပူးေပါင္းေဆာင္ရြက္ သြားမွာျဖစ္ေၾကာင္း၊ အဆိုပါ ဥပေဒမူၾကမ္းမွာ ႏိုင္ငံတကာစံႏႈန္းနဲ႔ ကိုက္ညီသလို ျမန္မာႏိုင္ငံနဲ႔လည္း သင့္ေတာ္မယ့္ ဥပေဒမူၾကမ္းျဖစ္ေၾကာင္း၊ ဂ်ပန္ႏိုင္ငံကလည္း အဲ့ဒီအေပၚမွာ ကူညီေဆာင္ရြက္ထားတာေတြရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

ဆိုက်ဘာလုံခြုံရေးအတွက် အရေးကြီးဆုံးမှာ နည်းပညာသာမကဘဲ ကျွမ်းကျင်ဝန်ထမ်း၊ လိုုအပ်ချက်တွေ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေလည်း လိုအပ်မှာဖြစ်ကြောင်း ဦးရဲနိုင်မိုး (Director: Cyber Security Department, Ministry of Transport & Communications) ကပြောပါတယ်။

“အားလုံးကတော့ နည်းပညာ နည်းပညာနဲ့ ပြောနေကြတာပဲ။ နည်းပညာတစ်ခုတည်း မဟုတ်ပါဘူး။ နည်းပညာ အရေးကြီးသလို ကျွမ်းကျင်ဝန်ထမ်း၊ လိုုအပ်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းဆောင်ရွက်မှု ပုံစံတွေ၊ ဌာနတစ်ခုနဲ့တစ်ခု ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ပူးပေါင်းဆောင်ရွက်တယ် ဆိုရာမှာလည်း ပြည်တွင်းဌာနတွေ တစ်ခုနဲ့တစ်ခု ပူးပေါင်းဆောင်ရွက်ရုံသာမက ပြည်ပက ဆိုက်ဘာလုံခြံုရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် ရမှာဖြစ်ကြောင်း သိရပါတယ်။ ဆောင်ရွက်နိုင်ဖို့ လိုအပ်သော ကဏ္ဍပေါင်းစုံဖြစ်တဲ့ ပြည်တွင်းက ဥပဒေလုပ်ထုံးလုပ်နည်းဖြစ်ဖြစ်၊ ဖွဲ့စည်းဆောင်ရွက်မှုပဲဖြစ်ဖြစ် ဒါတွေကို ဖြည့်ဆည်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း သိရပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆိုက်ဘာဥပဒေမူကြမ်းတစ်ခုကို ၂၀၁၉ ခုနှစ်အတွင်းမှာ ထွက်ဖို့အတွက် ဆောင်ရွက်နေကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းသာမကဘဲ ဝန်ကြီးဌာနအားလုံးက ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းမှာ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီသလို မြန်မာနိုင်ငံနဲ့လည်း သင့်တော်မယ့် ဥပဒေမူကြမ်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံကလည်း အဲ့ဒီအပေါ်မှာ ကူညီဆောင်ရွက်ထားတာတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။