ဆိုက္ဘာတုိက္ခိုက္ခံရမႈအၿပီး Ethereum Classic ကို Coinbase ကေန ထုတ္ပယ္ခဲ့

[ Zawgyi ]

Cryptocurrency မွာ အာမခံထားတာက coin တစ္ခုကို ဘယ္သူမွ ၂ ႀကိမ္မသုံးႏိုင္ပါဘူး။ ဥပမာအေနနဲ႔ Bitcoin နဲ႔ျပဳလုပ္တဲ့ ေငြေၾကးအလႊဲအေျပာင္းတိုင္းကို လူတိုင္းသုံးႏိုင္တဲ့ database မွာ မွတ္တမ္းတင္ထားပါတယ္။ အဲဒီ database ကို blockchain လို႔ေခၚပါတယ္။

ဒါေပမယ့္ အဲဒီစည္းမ်ဥး္ကို ေျပာင္းလဲႏိုင္တဲ့ နည္းလမ္းေတာ့ ရွိပါတယ္။ တနလၤာေန႔မွာေတာ့ Ethereum Classic ဟာ တစ္စုံတစ္ေယာက္ကို coin ေတြ ၂ ႀကိမ္အထိ အသုံးျပဳခြင့္ေပးလုိက္တဲ့အထိ တုိက္ခိုက္ခံခဲ့ရပါတယ္။ အဲဒီအျဖစ္အပ်က္ေၾကာင့္ cryptocurrency လဲလွယ္တဲ့ေနရာ Coinbase မွာ Ethereum Classic ကို အသုံးျပဳခြင့္မေပးေတာ့ပါဘူး။

အဲဒီျပႆနာကို blockchain ကၽြမ္းက်င္သူေတြက cryptocurrency စတင္ကတည္း သိရွိၿပီး ေထာက္ျပခဲ့ပါတယ္။ Virtual coin ေတြဟာ အသုံးျပဳသူေတြ ေျဖာင့္မတ္ေနသမွ် လုံၿခဳံမႈရွိၿပီး blockchain ေတြကလည္း cryptocurrency ေတြကုိ ထိန္းသိမ္းေပးပါတယ္။ အခုကိစၥဟာ Ethereum Classic အတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္ပါတယ္။ Cryptocurrency ေတြ အားလုံးအတြက္ အေရးပါတဲ့ လဲလွယ္မႈျပဳလုပ္ႏိုင္တဲ့ Coinbase မွာ Ethereum Classic အေနနဲ႔ ကုန္သြယ္မႈ မျပဳလုပ္ႏိုင္ေတာ့ပါဘူး။

၅၁ ရာခိုင္ႏႈနး္ တိုက္ခိုက္မႈလို႔ ေခၚဆိုၾကတဲ့ ဆုိက္ဘာတိုက္ခုိက္မႈေၾကာင့္ တုိက္ခိုက္သူေတြက coin ေတြကုိ ၂ ႀကိမ္တိုင္ သုံးစြဲႏိုင္တယ္လုိ႔ Coinbase လုံၿခဳံေရးအင္ဂ်င္နီယာ မာ့ခ္နက္ဘစ္ရဲ႕ blog post မွာေရးသားခဲ့ပါတယ္။ တိုက္ခုိက္သူေတြဟာ Ethereum Classic blockchain တြက္ခ်က္မႈနဲ႔ သိုေလွာင္မႈေတြကို ေထာက္ပံ့ထားတဲ့ စြမ္းအင္ ထက္ဝက္ေက်ာ္ကုိ ထိန္းခ်ဳပ္လိုက္တာျဖစ္ပါတယ္။ အဲဒီနည္းနဲ႔ တိုက္ခိုက္သူေတြဟာ coin တစ္ခ်ိဳ႕အတြက္ အျခားေငြေၾကးအလႊဲအေျပာင္းေတြကို ဖန္တီးႏိုင္ၿပီး ၂ႀကိမ္တိုင္ အသုံးျပဳလို႔ ရလာပါတယ္။

Ethereum Classic ကေတာ့ တိုက္ခုိက္မႈ ေျခရာခံမိခဲ့ေပမယ့္ ၅၁ရာခိုင္ႏႈန္း တုိက္ခိုက္မႈလို႔ မသိခဲ့သလို coin ေတြကို ၂ ႀကိမ္တိုင္တိုင္ သုံးစြဲတဲ့ လကၡဏာလညး္ မေတြ႕ခဲ့ရဘူးလို႔ Twitter ကေန ထုတ္ျပန္ခဲ့ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Cryptocurrency မှာ အာမခံထားတာက coin တစ်ခုကို ဘယ်သူမှ ၂ ကြိမ်မသုံးနိုင်ပါဘူး။ ဥပမာအနေနဲ့ Bitcoin နဲ့ပြုလုပ်တဲ့ ငွေကြေးအလွှဲအပြောင်းတိုင်းကို လူတိုင်းသုံးနိုင်တဲ့ database မှာ မှတ်တမ်းတင်ထားပါတယ်။ အဲဒီ database ကို blockchain လို့ခေါ်ပါတယ်။

ဒါပေမယ့် အဲဒီစည်းမျဥး်ကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းတော့ ရှိပါတယ်။ တနင်္လာနေ့မှာတော့ Ethereum Classic ဟာ တစ်စုံတစ်ယောက်ကို coin တွေ ၂ ကြိမ်အထိ အသုံးပြုခွင့်ပေးလိုက်တဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် cryptocurrency လဲလှယ်တဲ့နေရာ Coinbase မှာ Ethereum Classic ကို အသုံးပြုခွင့်မပေးတော့ပါဘူး။

အဲဒီပြဿနာကို blockchain ကျွမ်းကျင်သူတွေက cryptocurrency စတင်ကတည်း သိရှိပြီး ထောက်ပြခဲ့ပါတယ်။ Virtual coin တွေဟာ အသုံးပြုသူတွေ ဖြောင့်မတ်နေသမျှ လုံခြုံမှုရှိပြီး blockchain တွေကလည်း cryptocurrency တွေကို ထိန်းသိမ်းပေးပါတယ်။ အခုကိစ္စဟာ Ethereum Classic အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ Cryptocurrency တွေ အားလုံးအတွက် အရေးပါတဲ့ လဲလှယ်မှုပြုလုပ်နိုင်တဲ့ Coinbase မှာ Ethereum Classic အနေနဲ့ ကုန်သွယ်မှု မပြုလုပ်နိုင်တော့ပါဘူး။

၅၁ ရာခိုင်နှုနး် တိုက်ခိုက်မှုလို့ ခေါ်ဆိုကြတဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် တိုက်ခိုက်သူတွေက coin တွေကို ၂ ကြိမ်တိုင် သုံးစွဲနိုင်တယ်လို့ Coinbase လုံခြုံရေးအင်ဂျင်နီယာ မာ့ခ်နက်ဘစ်ရဲ့ blog post မှာရေးသားခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ Ethereum Classic blockchain တွက်ချက်မှုနဲ့ သိုလှောင်မှုတွေကို ထောက်ပံ့ထားတဲ့ စွမ်းအင် ထက်ဝက်ကျော်ကို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ အဲဒီနည်းနဲ့ တိုက်ခိုက်သူတွေဟာ coin တစ်ချို့အတွက် အခြားငွေကြေးအလွှဲအပြောင်းတွေကို ဖန်တီးနိုင်ပြီး ၂ကြိမ်တိုင် အသုံးပြုလို့ ရလာပါတယ်။

Ethereum Classic ကတော့ တိုက်ခိုက်မှု ခြေရာခံမိခဲ့ပေမယ့် ၅၁ရာခိုင်နှုန်း တိုက်ခိုက်မှုလို့ မသိခဲ့သလို coin တွေကို ၂ ကြိမ်တိုင်တိုင် သုံးစွဲတဲ့ လက္ခဏာလညး် မတွေ့ခဲ့ရဘူးလို့ Twitter ကနေ ထုတ်ပြန်ခဲ့ပါတယ်။

Ref: CNET