ဆရာ၊ ဆရာမမ်ား၏ အဂၤလိပ္စာ အရည္အခ်င္းေကာင္းရန္ အေရးႀကီးဟုဆို

[ Zawgyi ]

ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ အဂၤလိပ္စာ အရည္အေသြး ျမင့္မားဖို႔အတြက္ ျပဳစုပ်ိဳးေထာင္တဲ့ ဆရာ၊ ဆရာမေတြရဲ႕ English Language Proficiency ေကာင္းရန္ အေရးႀကီးေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက အေျခခံပညာမူလတန္းနွင့္ အလယ္တန္းဆင့္ အဂၤလိပ္စာနွင့္ သခၤ်ာစြမ္းရည္ၿပိဳင္ပြဲ (ဗဟိုအဆင့္) ဆုခ်ီးျမႇင့္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။

“အဂၤလိပ္စာနွင့္ သခၤ်ာစြမ္းရည္ၿပိဳင္ပြဲကို ပညာေရးဝန္ႀကီးဌာနရဲ႕ ေဆာင္ပုဒ္နဲ႔အညီ မည္သူတစ္ဦးတစ္ေယာက္ကိုမွ် ခြဲျခားမႈမရွိ၊ ဘက္လိုက္မႈမရွိ၊ တရားမွ်တစြာယွဥ္ၿပိဳင္သည္ကို ေတြ႕ရွိရမည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံတကာမွာရွိတဲ့ သုတစာအုပ္ေတြ၊ ရသစာအုပ္ေတြကိုေလ့လာႏိုင္ဖို႔၊ ဝါသနာပါတဲ့ သိပၸံဘာသာရပ္ေတြ ေလ့လာသင္ယူႏိုင္ဖို႔အတြက္ အဂၤလိပ္စာ အရည္အေသြး ျမင့္မားဖို႔လိုအပ္ပါေၾကာင္း၊ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ အဂၤလိပ္စာအရည္အေသြး ျမင့္မားဖို႔အတြက္ ျပဳစုပ်ိဳးေထာင္တဲ့ဆရာ၊ ဆရာမေတြရဲ႕ English Language Proficiency ေကာင္းဖို႔ အေရးႀကီးေၾကာင္း” ေျပာၾကားခဲ့ပါတယ္။

သိပၸံဘာသာရပ္ေတြ၊ နည္းပညာဘာသာရပ္ေတြ၊ အင္ဂ်င္နီယာဘာသာရပ္ေတြကို ေလ့လာဖို႔အတြက္ သခ်ၤာဘာသာရပ္ အေျခခံေကာင္းမြန္ရန္လိုအပ္ၿပီး သခၤ်ာစြမ္းရည္ျမင့္မားမွသာ ႏိုင္ငံတကာမွာ International Mathematical Olanpic(IMO) ၿပိဳင္ပြဲေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိမွာျဖစ္တယ္လို႔ သိရပါတယ္။၂၀၁၆ ခုနွစ္က (IMO) ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ရာ ပထမအႀကိမ္မွာ (၉၆)၊ ဒုတိယအႀကိမ္မွာ (၉၉) ရရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ႏိုင္ငံတကာအဆင့္မွာ (၈၅) ရခဲ့တယ္လုိ႔သိရပါတယ္။

ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန ၂၀၁၈-၂၀၁၉ ပညာသင္နွစ္၊ အေျခခံပညာမူလတန္းႏွင့္ အလယ္တန္းဆင့္ အဂၤလိပ္စာနွင့္ သခၤ်ာစြမ္းရည္ၿပိဳင္ပြဲ (ဗဟိုအဆင့္) ဆုခ်ီးျမႇင့္ပြဲကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္က ေနျပည္ေတာ္၊ အမွတ္ (၆) အေျခခံပညာအထက္တန္းေက်ာင္းရွိ သီရိမဂၤလာခန္းမမွာ က်င္းပခဲ့ပါတယ္။

-သႏၲာ

[ Unicode ]

ကျောင်းသား၊ ကျောင်းသူတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေး မြင့်မားဖို့အတွက် ပြုစုပျိုးထောင်တဲ့ ဆရာ၊ ဆရာမတွေရဲ့ English Language Proficiency ကောင်းရန် အရေးကြီးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်နဲ့အညီ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခွဲခြားမှုမရှိ၊ ဘက်လိုက်မှုမရှိ၊ တရားမျှတစွာယှဉ်ပြိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာရှိတဲ့ သုတစာအုပ်တွေ၊ ရသစာအုပ်တွေကိုလေ့လာနိုင်ဖို့၊ ဝါသနာပါတဲ့ သိပ္ပံဘာသာရပ်တွေ လေ့လာသင်ယူနိုင်ဖို့အတွက် အင်္ဂလိပ်စာ အရည်အသွေး မြင့်မားဖို့လိုအပ်ပါကြောင်း၊ ကျောင်းသားကျောင်းသူတွေရဲ့ အင်္ဂလိပ်စာအရည်အသွေး မြင့်မားဖို့အတွက် ပြုစုပျိုးထောင်တဲ့ဆရာ၊ ဆရာမတွေရဲ့ English Language Proficiency ကောင်းဖို့ အရေးကြီးကြောင်း” ပြောကြားခဲ့ပါတယ်။

သိပ္ပံဘာသာရပ်တွေ၊ နည်းပညာဘာသာရပ်တွေ၊ အင်ဂျင်နီယာဘာသာရပ်တွေကို လေ့လာဖို့အတွက် သချင်္ာဘာသာရပ် အခြေခံကောင်းမွန်ရန်လိုအပ်ပြီး သင်္ချာစွမ်းရည်မြင့်မားမှသာ နိုင်ငံတကာမှာ International Mathematical Olanpic(IMO) ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိမှာဖြစ်တယ်လို့ သိရပါတယ်။၂၀၁၆ ခုနှစ်က (IMO) ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအကြိမ်မှာ (၉၆)၊ ဒုတိယအကြိမ်မှာ (၉၉) ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် နိုင်ငံတကာအဆင့်မှာ (၈၅) ရခဲ့တယ်လို့သိရပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်က နေပြည်တော်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမမှာ ကျင်းပခဲ့ပါတယ်။