စူပါမားကတ်အတွက် စမတ်တွန်းလှည်းစက်ရုပ်တစ်မျိုး LG ဖန်တီးနေ

[ Zawgyi ]

စူပါမားကတ်မှာ ဈေးဝယ်သူတွေကို စမတ်တွန်းလှည်းတစ်ခုအနေနဲ့ ကူညီပေးမယ့် ဝန်ဆောင်မှုစက်ရုပ်တစ်မျိုးကို LG က တောင်ကိုရီးယားရဲ့ အကြီးဆုံး လက်လီအရောင်းဆိုင် E-mart နဲ့ ပူးပေါင်းဖန်တီးနေတယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ရည်ရွယ်ချက်က ဈေးဝယ်သူတွေထံ ဈေးဝယ်တဲ့ အတွေ့အကြုံသစ် ပေးစွမ်းနိုင်စေဖို့ဖြစ်တယ်လို့ ကုမ္ပဏီတွေက ပြောကြားခဲ့ပါတယ်။ ဈေးဝယ်သူတွေက တွန်းလှည်းကို တွန်းစရာမလိုသလို စမတ်တွန်းလှည်းက ဈေးဝယ်သူနောက်ကို တောက်လျှောက်လိုက်နေမှာ ဖြစ်ပါတယ်။





Ref: ZDNet

[ Unicode ]

စူပါမားကတ်မှာ စျေးဝယ်သူတွေကို စမတ်တွန်းလှည်းတစ်ခုအနေနဲ့ ကူညီပေးမယ့် ဝန်ဆောင်မှုစက်ရုပ်တစ်မျိုးကို LG က တောင်ကိုရီးယားရဲ့ အကြီးဆုံး လက်လီအရောင်းဆိုင် E-mart နဲ့ ပူးပေါင်းဖန်တီးနေတယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ရည်ရွယ်ချက်က စျေးဝယ်သူတွေထံ စျေးဝယ်တဲ့ အတွေ့အကြုံသစ် ပေးစွမ်းနိုင်စေဖို့ဖြစ်တယ်လို့ ကုမ္ပဏီတွေက ပြောကြားခဲ့ပါတယ်။ စျေးဝယ်သူတွေက တွန်းလှည်းကို တွန်းစရာမလိုသလို စမတ်တွန်းလှည်းက စျေးဝယ်သူနောက်ကို တောက်လျှောက်လိုက်နေမှာ ဖြစ်ပါတယ်။

အဆိုပါ စမတ်တွန်းလှည်းစက်ရုပ်ကို လာမယ့်နှစ် ပထမနှစ်ဝက်အတွင်း စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် E-mart ဟာ eli လို့ခေါ်တဲ့ စမတ်ကားကို ဧပြီလကတည်းက စမ်းသပ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က LG ဟာ Hub Robot ကို CES မှာ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဇူလိုင်လမှာ ကုမ္ပဏီအနေနဲ့ အဆိုပါစက်ရုပ် Incheon လေဆိပ်မှာ အသုံးပြုခဲ့ပါတယ်။

ဇွန်လတုန်းကလည်း LG ဟာ Nova Robotics မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါတယ်။ Nova Robotics ဟာ Walmart မှာအသုံးပြုနေတဲ့ ပစ္စည်းတင်တဲ့စင်တွေကို စစ်ဆေးပေးတဲ့ စက်ရုပ်တွေကို ဖန်တီးသူ ဖြစ်ပါတယ်။

Ref: ZDNet