September 20, 2018

စိုက်ပျိုးနည်းပဒေသာ

[ Zawgyi ]


-ရဲထွဋ်ဝင်း

[ Unicode ]

စိုက်ပျိုးရေးဆိုင်ရာ နည်းနိဿယများကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ စိုက်ပျိုးနည်းများအပြင် စိုက်ပျိုးရေးဆိုင်ရာ အမေးအဖြေများကိုလည်း App မှတစ်ဆင့် ပြုလုပ်နိုင်မှာဖြစ်ပြီး တခြားသူတွေရဲ့ မေးမြန်းထားမှုတွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြေဆီ၊ မြေသြဇာဆိုင်ရာ၊ သစ်သီးဝလံဆိုင်ရာ၊ ပန်းဆိုင်ရာ၊ ပိုးမွှားစတာတွေ အကြောင်းကိုလည်း ကဏ္ဍအလိုက် လေ့လာနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။