စီးပြားေရးႏွင့္ Capacity ဆိုင္ရာဘာသာရပ္မ်ား သင္ၾကားႏိုင္မည့္၀က္ဘ္ဆိုက္ကို မိတ္ဆက္

[Zawgyi]

စီးပြားေရးနဲ႔ Capacity ဆိုင္ရာ ဘာသာရပ္ေတြကို အြန္လိုင္းကေနတစ္ဆင့္သင္ၾကားႏိုင္မယ့္ Panna Online School ၀က္ဘ္ဆိုက္မိတ္ဆက္ပြဲနဲ႔ Implementation Agreement သေဘာတူလက္မွတ္ေရးထိုးျခင္း အခမ္းအနားကို ဒီဇင္ဘာလ ၁ ရက္ က SME Center မွာျပဳလုပ္ခဲ့ပါတယ္။

၀က္ဘ္ဆုိက္လိပ္စာက www.pannaonlineschool.org ျဖစ္ၿပီး စက္မႈဝန္ႀကီးဌာန၊ စက္မႈႀကီးၾကပ္ေရးႏွင့္စစ္ေဆးေရးဦးစီးဌာန အေနနဲ႔ Panna Institute နဲ႔ ပူးေပါင္းကာ ျမန္မာ့ MSME လုပ္ငန္းေတြနဲ႔ ပုဂၢလိကလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္မႈကို အေထာက္အကူ ျဖစ္ေစဖို႔၊ စီးပြားေရး စီးမံခန္႔ခြဲမႈဆိုင္ရာ ဘာသာရပ္ေတြ၊ နည္းပညာဆိုင္ရာ လိုအပ္ခ်က္ေတြကို ပံ့ပိုးေပးႏိုင္ဖို႔ ရည္ရြယ္ၿပီး ျပဳလုပ္ျခင္းျဖစ္ပါတယ္။

” Informal Business မွ Formal Business ျဖစ္ႏိုင္တဲ့ အခြင့္အေရးမ်ား ျဖစ္ေၾကာင္း၊ MSME လုပ္ငန္းေတြ အေနနဲ႔ Capacity Strengthen ျဖစ္ေအာင္ ႀကိဳးစားဖို႔ လိုအပ္ေၾကာင္း၊ မိမိတို႔ဌာန အေနနဲ႔လည္း IT နည္းပညာရပ္မ်ားျဖင့္ Digital Economy ျဖစ္ေအာင္ ေဆာင္ရြက္ေပးေနေၾကာင္း၊ ထို႔အတြက္ ယခုကဲ့သို႔ အခြင့္အေရးမ်ားကို ေလွကားထစ္သဖြယ္ အသံုးျပဳၿပီး မိမိတို႔လုပ္ငန္းမ်ား ပိုမို တိုးတက္ေအာင္ ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း ” စက္မႈဝန္ႀကီးဌာန၊ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန၏ ညႇြန္ၾကားေရးမွဴးခ်ဳပ္ ေဒၚေအးေအးဝင္း က ေျပာပါတယ္။

သင္တန္းတက္ေရာက္မယ့္ MSME လုပ္ငန္း႐ွင္ေတြ၊ လုပ္ငန္းစတင္တည္ေထာင္လိုသူေတြ အေနနဲ႔ SME Service Provider ေတြအတြက္ ႏိုင္ငံတကာအဆင့္မီ စီးပြားေရးပညာရပ္မ်ားကို စရိတ္အနည္းဆုံးျဖင့္ သင္ၾကားႏိုင္ျခင္း၊ မိမိတို႔ အားလပ္သည့္ အခ်ိန္၌ အခ်ိန္မေရြး ေလ့လာသင္ယူႏိုင္ျခင္း၊ သင္တန္း တက္ေရာက္ရန္ သြားလာရ ခက္ခဲေဝးလံသည့္ ေဒသမ်ားမွ လူငယ္ႏွင့္ လုပ္ငန္းရွင္မ်ားအတြက္ အဆင္ေျပလြယ္ကူစြာ ေလ့လာသင္ၾကားႏိုင္ျခင္း၊ မိမိတို႔၏ စီးပြားေရးလုပ္ငန္းမ်ား ေအာင္ျမင္စြာ လည္ပတ္ႏုိင္ရန္ႏွင့္ ႏုိင္ငံတကာေဈးကြက္ ထိုးေဖာက္ႏုိင္ရန္အတြက္ လိုအပ္ေသာပညာရပ္မ်ားကို အလြယ္တကူ ေလ့လာသင္ယူျခင္းျဖင့္ စီးပြားေရးပိုမိုဖြံ႕ၿဖိဳးတိုးတက္ႏိုင္ေစမယ့္ အက်ိဳးေက်းဇူးေတြရရွိမွာျဖစ္တယ္လုိ႔ သိရပါတယ္။

[Unicode]

စီးပွားရေးနဲ့ Capacity ဆိုင်ရာ ဘာသာရပ်တွေကို အွန်လိုင်းကနေတစ်ဆင့်သင်ကြားနိုင်မယ့် Panna Online School ၀က်ဘ်ဆိုက်မိတ်ဆက်ပွဲနဲ့ Implementation Agreement သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် က SME Center မှာပြုလုပ်ခဲ့ပါတယ်။

၀က်ဘ်ဆိုက်လိပ်စာက www.pannaonlineschool.org ဖြစ်ပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အနေနဲ့ Panna Institute နဲ့ ပူးပေါင်းကာ မြန်မာ့ MSME လုပ်ငန်းတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းများ ဖွံဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေဖို့၊ စီးပွားရေး စီးမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်တွေ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။

” Informal Business မှ Formal Business ဖြစ်နိုင်တဲ့ အခွင့်အရေးများ ဖြစ်ကြောင်း၊ MSME လုပ်ငန်းတွေ အနေနဲ့ Capacity Strengthen ဖြစ်အောင် ကြိုးစားဖို့ လိုအပ်ကြောင်း၊ မိမိတို့ဌာန အနေနဲ့လည်း IT နည်းပညာရပ်များဖြင့် Digital Economy ဖြစ်အောင် ဆောင်ရွက်ပေးနေကြောင်း၊ ထို့အတွက် ယခုကဲ့သို့ အခွင့်အရေးများကို လှေကားထစ်သဖွယ် အသုံးပြုပြီး မိမိတို့လုပ်ငန်းများ ပိုမို တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ” စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ပြောပါတယ်။

သင်တန်းတက်ရောက်မယ့် MSME လုပ်ငန်းရှင်တွေ၊ လုပ်ငန်းစတင်တည်ထောင်လိုသူတွေ အနေနဲ့ SME Service Provider တွေအတွက် နိုင်ငံတကာအဆင့်မီ စီးပွားရေးပညာရပ်များကို စရိတ်အနည်းဆုံးဖြင့် သင်ကြားနိုင်ခြင်း၊ မိမိတို့ အားလပ်သည့် အချိန်၌ အချိန်မရွေး လေ့လာသင်ယူနိုင်ခြင်း၊ သင်တန်း တက်ရောက်ရန် သွားလာရ ခက်ခဲဝေးလံသည့် ဒေသများမှ လူငယ်နှင့် လုပ်ငန်းရှင်များအတွက် အဆင်ပြေလွယ်ကူစွာ လေ့လာသင်ကြားနိုင်ခြင်း၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်ရန်အတွက် လိုအပ်သောပညာရပ်များကို အလွယ်တကူ လေ့လာသင်ယူခြင်းဖြင့် စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်နိုင်စေမယ့် အကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်လို့ သိရပါတယ်။