စာၾကည့္တိုက္လုပ္ငန္းမ်ား တိုးတက္ေစရန္ သင္တန္းမ်ားဖြင့္လွစ္လ်က္ရွိ

[ Zawgyi ]

အဆင့္ျမင့္ပညာဦးစီးဌာနအေနနဲ႔ စာၾကည့္တိုက္လုပ္ငန္းမ်ား တိုးတက္ေစဖို႔အတြက္ စာၾကည့္တိုက္ႏွင့္ သုတပညာဘာသာရပ္ကို ႐ိုး႐ိုးတန္း၊ မဟာဘြဲ႔သင္တန္းနဲ႔ ပါရဂူဘြဲ႔သင္တန္းေတြ အထိ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိတယ္လုိ႔ သိရပါတယ္။

စာၾကည့္တိုက္ဝန္ထမ္းေတြ စာၾကည့္တိုက္လုပ္ငန္းခြင္ အေတြ႔အႀကဳံမ်ား ရရွိေစဖို႔အတြက္ စာၾကည့္တိုက္ႏွင့္ သုတပညာဒီပလိုမာ သင္တန္းကိုလည္း ဖြင့္လွစ္သင္ၾကားေပးလ်က္ ရွိပါေၾကာင္းႏွင့္ စာၾကည့္တိုက္မ်ားတြင္ လက္ေတြ႔ သင္တန္းဆင္းျခင္းမ်ားကိုလည္း ေဆာင္ရြက္ေပးလ်က္ရွိပါေၾကာင္း ” ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမိ်ဳးသိမ္းႀကီးက ဒီဇင္ဘာလ ၅ ရက္က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားမွ ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြ အက်ိဳးရွိဖို႔ စာၾကည့္တိုက္ေတြကို ယခင္ဖြင့္လွစ္တဲ့ အခ်ိန္ထက္ အခ်ိန္တိုးျမႇင့္ စီစဥ္ေဆာင္႐ြက္ေပးလ်က္ ရွိပါတယ္။

စာၾကည့္တိုက္ေတြမွာ စာအုပ္ေတြ စုေဆာင္းထားရွိႏိုင္ေရးအတြက္ ဘာသာရပ္ဌာနဆိုင္ရာေတြမွ ဝယ္ယူလိုတဲ့စာအုပ္စာရင္းေတြကို ဝယ္ယူျဖည့္ဆည္းေပးလ်က္ရွိပါေၾကာင္း၊ ဘာသာရပ္အစုံ ဂ်ာနယ္ေတြပါဝင္တဲ့ e-database ရွိ Elton Bryson Stephens Company Best Wishes (EBSCO) Discovery Service Online Resources ေတြမွာ ပညာရပ္စုံ E-Books ေတြ၊ ပညာရပ္ဆိုင္ရာဂ်ာနယ္ေတြ ဝယ္ယူျဖည့္ဆည္းၿပီး မိမိဌာန၊ မိမိအိမ္ေတြမွ ၂၄ နာရီအသုံးျပဳႏိုင္ရန္ User Name, Password မ်ား စီစဥ္ေဆာင္႐ြက္ ေပးထားလ်က္ ရွိပါေၾကာင္း ေဒါက္တာမ်ိဳးသိမ္းႀကီးက ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

-သႏၲာ

[ Unicode ]

အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ စာကြည့်တိုက်လုပ်ငန်းများ တိုးတက်စေဖို့အတွက် စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်ကို ရိုးရိုးတန်း၊ မဟာဘွဲ့သင်တန်းနဲ့ ပါရဂူဘွဲ့သင်တန်းတွေ အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။

စာကြည့်တိုက်ဝန်ထမ်းတွေ စာကြည့်တိုက်လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေဖို့အတွက် စာကြည့်တိုက်နှင့် သုတပညာဒီပလိုမာ သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်းနှင့် စာကြည့်တိုက်များတွင် လက်တွေ့ သင်တန်းဆင်းခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ” ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒီဇင်ဘာလ ၅ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အကျိုးရှိဖို့ စာကြည့်တိုက်တွေကို ယခင်ဖွင့်လှစ်တဲ့ အချိန်ထက် အချိန်တိုးမြှင့် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။

စာကြည့်တိုက်တွေမှာ စာအုပ်တွေ စုဆောင်းထားရှိနိုင်ရေးအတွက် ဘာသာရပ်ဌာနဆိုင်ရာတွေမှ ဝယ်ယူလိုတဲ့စာအုပ်စာရင်းတွေကို ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဘာသာရပ်အစုံ ဂျာနယ်တွေပါဝင်တဲ့ e-database ရှိ Elton Bryson Stephens Company Best Wishes (EBSCO) Discovery Service Online Resources တွေမှာ ပညာရပ်စုံ E-Books တွေ၊ ပညာရပ်ဆိုင်ရာဂျာနယ်တွေ ဝယ်ယူဖြည့်ဆည်းပြီး မိမိဌာန၊ မိမိအိမ်တွေမှ ၂၄ နာရီအသုံးပြုနိုင်ရန် User Name, Password များ စီစဉ်ဆောင်ရွက် ပေးထားလျက် ရှိပါကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဆက်လက် ပြောကြားခဲ့ပါတယ်။