စာၾကည့္တိုက္ဘြဲ႔ရ ၂၅၀ ကို စာၾကည့္တိုက္ လိုအပ္ေနသည့္ ေက်ာင္းမ်ားတြင္ ခန္႔ထားေပးႏိုင္ရန္ စီစဥ္ေန

[ Zawgyi ]

စာၾကည့္တိုက္ ဘြဲ႕ရေတြအနက္ ၂၅၀ ဦးကို စာၾကည္႔တိုက္ လိုအပ္ေနတဲ့ အေျခခံပညာေက်ာင္းေတြ၊ အဆင့္ျမင့္ပညာ သင္ၾကားေပးေနတဲ့ တကၠသိုလ္ဒီဂရီေကာလိပ္ေတြနဲ႔ ေကာလိပ္ေတြမွာ ခန္႔ထားေပးႏိုင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္မွာ ဒီဇင္ဘာလ (၅) ရက္က က်င္းပခဲ့တဲ့ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ဒႆမ ပုံမွန္အစည္းအေဝးဒႆမေန႔ အစီအစဥ္မွာ ပညာေရး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမိ်ဳးသိမ္းႀကီးက ထည့္သြင္းေျပာၾကား ခဲ့တာျဖစ္ပါတယ္။

အေျခခံပညာေက်ာင္းေတြရွိ ေက်ာင္းစာၾကည့္တိုက္ေတြမွာ စာၾကည့္တိုက္မွဴးေတြ ခန္႔ထားေပးဖို႔ ခြဲေဝရာထူး သတ္မွတ္ထားခ်က္အေနနဲ႔ အေျခခံပညာဦးစီးဌာနမွာ ယေန႔အထိ မရွိေသးေၾကာင္းကို ထည့္သြင္းေျပာၾကား ခဲ့ပါတယ္။ ဒါေၾကာင့္ အေျခခံပညာေက်ာင္းေတြမွာ လိုအပ္ေနတဲ့ မူလတန္းျပ၊ အလယ္တန္းျပ၊ အထက္တန္းျပ ဆရာဆရာမေတြ ခန္႔ထားဖို႔အတြက္ ခန္႔ခြင့္ရရွိမယ္ဆိုရင္ ရန္ကုန္တကၠသိုလ္က သင္ၾကားၿပီး ေပးအပ္တဲ့ စာၾကည္႔တိုက္ဘြဲ႔ရေတြထဲက ၂၅၀ ဦးကို စာၾကည့္တိုက္ လိုအပ္ေနတဲ့ အေျခခံပညာေက်ာင္းေတြ၊ အဆင့္ျမင့္ပညာ သင္ၾကားေပးေနတဲ့ တကၠသိုလ္ ဒီဂရီေကာလိပ္ေတြနဲ႔ ေကာလိပ္ေတြမွာ ခန္႔ထားေပးႏိုင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ ျပည္ေထာင္စုဝန္ႀကီးက ဆိုပါတယ္။

ဒါ့အျပင္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္ေတြမွ ဆရာဆရာမေတြနဲ႔ ေက်ာင္းသား၊ေက်ာင္းသူေတြအတြက္ အက်ိဳးရွိဖို႔ စာၾကည့္တိုက္ေတြကို အရင္ဖြင့္လွစ္တဲ့ အခ်ိန္ထက္ အခ်ိန္တိုးျမႇင့္ စီစဥ္ေဆာင္႐ြက္ေပးလ်က္ ရွိတယ္လို႔လဲ ေျပာပါတယ္။ စာၾကည့္တိုက္ေတြမွာ စာအုပ္ေတြ စုေဆာင္းထားရွိႏိုင္ဖို႔အတြက္ ဘာသာရပ္ဌာန ဆိုင္ရာမ်ားမွ ဝယ္ယူလိုေသာ စာအုပ္စာရင္းေတြကို ဝယ္ယူျဖည့္ ေပးထားသလို ဘာသာရပ္အစုံ ဂ်ာနယ္ေတြ ပါဝင္တဲ့ e-database ရွိ Elton Bryson Stephens Company Best Wishes (EBSCO) Discovery Service Online Resources ေတြမွာ ပညာရပ္စုံ E-Books ေတြ၊ ပညာရပ္ ဆိုင္ရာဂ်ာနယ္ေတြ ဝယ္ယူျဖည့္ဆည္းၿပီး မိမိဌာန၊ မိမိအိမ္ေတြမွ ၂၄ နာရီ အသုံးျပဳႏိုင္ဖို႔ User Name, Password ေတြစီစဥ္ေဆာင္႐ြက္ေပး ထားတယ္လို႔ ထည့္သြင္းေျပာၾကား ခဲ့ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

စာကြည့်တိုက် ဘွဲ့ရတွေအနက် ၂၅၀ ဦးကို စာကြည့်တိုက် လိုအပ်နေတဲ့ အခြေခံပညာကျောင်းတွေ၊ အဆင့်မြင့်ပညာ သင်ကြားပေးနေတဲ့ တက္ကသိုလ်ဒီဂရီကောလိပ်တွေနဲ့ ကောလိပ်တွေမှာ ခန့်ထားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာလ (၅) ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒဿမ ပုံမှန်အစည်းအဝေးဒဿမနေ့ အစီအစဉ်မှာ ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေရှိ ကျောင်းစာကြည့်တိုက်တွေမှာ စာကြည့်တိုက်မှူးတွေ ခန့်ထားပေးဖို့ ခွဲဝေရာထူး သတ်မှတ်ထားချက်အနေနဲ့ အခြေခံပညာဦးစီးဌာနမှာ ယနေ့အထိ မရှိသေးကြောင်းကို ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ဒါကြောင့် အခြေခံပညာကျောင်းတွေမှာ လိုအပ်နေတဲ့ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာဆရာမတွေ ခန့်ထားဖို့အတွက် ခန့်ခွင့်ရရှိမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်က သင်ကြားပြီး ပေးအပ်တဲ့ စာကြည့်တိုက်ဘွဲ့ရတွေထဲက ၂၅၀ ဦးကို စာကြည့်တိုက် လိုအပ်နေတဲ့ အခြေခံပညာကျောင်းတွေ၊ အဆင့်မြင့်ပညာ သင်ကြားပေးနေတဲ့ တက္ကသိုလ် ဒီဂရီကောလိပ်တွေနဲ့ ကောလိပ်တွေမှာ ခန့်ထားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှ ဆရာဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် အကျိုးရှိဖို့ စာကြည့်တိုက်တွေကို အရင်ဖွင့်လှစ်တဲ့ အချိန်ထက် အချိန်တိုးမြှင့် စီစဉ်ဆောင်ရွက်ပေးလျက် ရှိတယ်လို့လဲ ပြောပါတယ်။ စာကြည့်တိုက်တွေမှာ စာအုပ်တွေ စုဆောင်းထားရှိနိုင်ဖို့အတွက် ဘာသာရပ်ဌာန ဆိုင်ရာများမှ ဝယ်ယူလိုသော စာအုပ်စာရင်းတွေကို ဝယ်ယူဖြည့် ပေးထားသလို ဘာသာရပ်အစုံ ဂျာနယ်တွေ ပါဝင်တဲ့ e-database ရှိ Elton Bryson Stephens Company Best Wishes (EBSCO) Discovery Service Online Resources တွေမှာ ပညာရပ်စုံ E-Books တွေ၊ ပညာရပ် ဆိုင်ရာဂျာနယ်တွေ ဝယ်ယူဖြည့်ဆည်းပြီး မိမိဌာန၊ မိမိအိမ်တွေမှ ၂၄ နာရီ အသုံးပြုနိုင်ဖို့ User Name, Password တွေစီစဉ်ဆောင်ရွက်ပေး ထားတယ်လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။