စမတ္ဖုန္းသုံးတုိင္း မ်က္စိကို ကာကြယ္မႈျဖစ္ေစမယ့္ အသုံးျပဳ နည္း ၄ မ်ဳိး

[ Zawgyi ]

စမတ္ဖုန္းျမင္ကြင္းေသးေသးနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳမႈက ေရရွည္မွာ မ်က္စိကို ထိခိုက္ေစႏုိင္ပါတယ္။ ေန႔စဥ္ေနထုိင္မႈဘဝမွာ စမတ္ဖုန္းကလည္း မရွိမျဖစ္အေရးပါတဲ့ အရာတစ္ခုျဖစ္ လာတဲ့အတြက္ စမတ္ဖုန္းသုံးတဲ့သူတုိင္း မိမိရဲ႕မ်က္စိကို ထိခိုက္မႈနည္းေစႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Anti-Glare Screen Protector ကို အသုံးျပဳပါ

အခုေနာက္ပိုင္း Mid-range နဲ႔ High-end စမတ္ဖုန္းေတြမွာ anti-glare screen ကပ္ေတြ တစ္ပါတည္းကပ္ၿပီး ထုတ္လုပ္လာၾကပါတယ္။ မိမိဖုန္းမွာအဲလိုမ်ဳိးမပါ ဘူးဆိုရင္ေတာ့ ဖုန္းမွာကပ္ၿပီး အသုံးျပဳသင့္ပါတယ္။ Anti-glare screen protector ေတြက ေစ်းလည္းမႀကီးသလို သူတုိ႔ေတြက ဖုန္းျမင္ကြင္းကေနထြက္တဲ့ အျပာေရာင္အလင္း blue light ကို အဓိကေလ်ာ့ခ်ေပးတာျဖစ္တဲ့အတြက္ မ်က္စိကို ထိခိုက္မႈကို ေလ်ာ့နည္းေစႏုိင္မွာျဖစ္ပါတယ္။

အဲလိုမွမဟုတ္ရင္ေတာ့ ခုေနာက္ပိုင္းဖုန္းေတြမွာပါဝင္တဲ့ Bluelight Filter စနစ္ေတြကို မိမိဖုန္းသုံးတုိင္းမွာ အသုံးျပဳသင့္ပါတယ္။ မိမိဖုန္းမွာ အဲလိုမ်ဳိးစနစ္ေတြ မပါဝင္ဘူးဆိုရင္ေတာ့ Third party app ျဖစ္တဲ့ Bluelight Filter for Eye Care ဆိုတဲ့ App ေတြကို App Store ေတြကေန Download လုပ္ၿပီး အသုံးျပဳႏုိင္ပါတယ္။

(၂) မ်က္ေတာင္မၾကာခဏ ခတ္ေပးပါ။ (ျဖစ္ႏုိင္ရင္မ်က္စိကို ေရနဲ႔ပတ္ၿပီး ေဆးေပးပါ)

ေနာက္ထပ္နည္းလမ္းတစ္ခုက ဖုန္းအသုံးျပဳတုိင္းမွာ မ်က္ေတာင္မၾကာခဏ ခတ္ေပးပါ။ အဲလိုမ်ဳိးလုပ္ေပးတာကလည္း မ်က္စိကို ထိခိုက္မႈေလ်ာ့နည္းေစပါတယ္။ မ်က္ေတာင္ခတ္တာက Desktop ကြန္ပ်ဴတာပဲသုံးသုံး၊ Laptop ပဲသုံးသုံး၊ Tablet PC ပဲ သုံးသုံး လုပ္ေပးသင့္တဲ့ အေလ့အက်င့္တစ္ခုပဲျဖစ္ပါတယ္။

Screen ကို မ်က္ေတာင္မခတ္ပဲ စူးစိုက္ၾကည့္တာက မ်က္စိကုိ ေျခာက္ေသြ႔ေစပါတယ္။ အ့ဲဒါေၾကာင့္ မ်က္ေတာင္ခတ္ေပးျခင္းအားျဖင့္ သဘာဝအတုိင္းမ်က္စိအတြင္း မ်က္ၾကည္ရည္ေျခာက္ခမ္းမႈကို ကာကြယ္ႏုိင္ပါတယ္။ မ်က္ေတာင္ခတ္ ေပးျခင္းအားျဖင့္လည္း စမတ္ဖုန္း Screen ေတြက ထြက္တဲ့ ဓာတ္ေရာင္ျခည္ေတြရဲ႕ ထိခုိက္မႈကိုလည္း ေလ်ာ့ခ်ႏုိင္ မွာျဖစ္ပါတယ္။

(၃) ၂ဝ/၂ဝ/၂ဝ စည္းမ်ဥ္းကို လုိက္နာပါ

လူ႔မ်က္လုံးက အနီးကပ္အကြာအေဝးကို အခ်ိန္ၾကာၾကာစူး စိုက္မၾကည့္ႏိုင္ပါဘူး။ ပုံမွန္အားျဖင့္ လူ႔မ်က္လုံးက အနီးနဲ႔ အေဝးကို စကၠန္႔၊ မိနစ္အပိုင္းအျခားအား ျဖင့္ျမင္ႏုိင္ေအာင္ လုပ္ေဆာင္ေပးတာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ မိမိအေနနဲ႔ အနီးကပ္ပဲ စာအုပ္ဖတ္တာ၊ ဖုန္းသုံးတာမ်ဳိးမွာ အကြာအေဝးတစ္ခုတည္းေပၚမွာ အခ်ိန္နာရီနဲ႔အမွ် ၾကာၾကာၾကည့္႐ႈမႈက မ်က္လုံးရဲ႕ သဘာဝျဖစ္စဥ္နဲ႔ ကိုက္ညီမႈ မရွိႏုိင္ပါဘူး။

အဲဒါေၾကာင့္ စမတ္ဖုန္းသုံး သူေတြအေနနဲ႔ ၂ဝ/၂ဝ/၂ဝ စည္းမ်ဥ္းကို ဖုန္းသုံးတုိင္းမွာလုိက္နာ အသုံးျပဳသင့္ပါတယ္။ ဒီစည္းမ်ဥ္းက ဘယ္လိုမ်ဳိးလည္းဆိုေတာ့ မိမိအေနနဲ႔ မိနစ္ ၂ဝ ၾကာအသုံးျပဳ ၿပီးတုိင္း ေပ ၂ဝ အကြာအေဝးကို အနည္းဆုံး စကၠန္႔ ၂ဝ ၾကာ ေငးေမာၾကည့္႐ႈကာ Screen ၾကည့္႐ႈမႈကို ေလ်ာ့ခ်သင့္ပါတယ္။ ေနာက္တစ္ခုက ကိုယ္ကေလ့က်င့္ခန္း လုပ္ရတာမ်ဳိး သေဘာက်ရင္ေတာ့ ခဏတျဖဳတ္ျပဳလုပ္ႏုိင္တဲ့ ေလ့က်င့္ခန္းေလးေတြကို စကၠန္႔ ၂ဝ ၾကာေလာက္ ျပဳလုပ္ေပးျခင္းအားျဖင့္လည္း မ်က္စိအတြက္ သာမကဘဲ ခႏၶာကိုယ္အတြက္ပါ ေကာင္းမြန္ေစမွာျဖစ္ပါတယ္။

(၄) Brightness, Contrast နဲ႔ စာလုံးအရြယ္အစားေတြကို ခ်ိန္ညႇိပါ

မိမိဖုန္းမွာ အသုံးျပဳတုိင္း Brightness, Contrast နဲ႔ စာလုံး အရြယ္အစားေတြကို ပတ္ဝန္းက်င္ အလင္းအေမွာင္အေန အထားေပၚ မူတည္ၿပီး ခ်ိန္ညႇိအသုံးျပဳသင့္ပါတယ္။ ဖုန္းျမင္ကြင္း အလင္း Brightness နဲ႔ contract အေလ်ာ့ အတင္းျပဳလုပ္ၿပီးသုံးတာက မ်က္စိကို ထိခိုက္မႈကို ကာကြယ္ႏုိင္ပါတယ္။ အဲလိုမ်ဳိးခ်ိန္ညႇိသုံးဖို႔ဖုန္းက အလိုအေလ်ာက္ခ်ိန္ညႇိေပးတဲ့ စနစ္နဲ႔ Third party app ေတြကို အသုံးျပဳႏုိင္ပါတယ္။ Android အတြက္ေရာ iPhone အတြက္ပါ Brightness နဲ႔ Contrast ကို အလုိအေလ်ာက္ခ်ိန္ညႇိေပးတဲ့ app ေတြမ်ားစြာရွိပါတယ္။

ပတ္ဝန္းက်င္အလင္းအားနည္းတဲ့ ေမွာင္တဲ့ေနရာမ်ဳိးမွာ ဖုန္း Screen ကို အခ်ိန္ၾကာၾကာၾကည့္တာမ်ဳိးကို ေရွာင္ရွားသင့္သလို အေမွာင္ထဲမွာ ဖုန္းသုံးတာမ်ဳိးကိုလည္း မလုပ္သင့္ပါဘူး။ ဖုန္းထဲက စာလုံးအရြယ္အစားေတြကိုေတာ့ ႀကီးႀကီးထားသင့္ပါတယ္။ အဲလိုထားတာက တစ္ခုခုရွာရင္ အလြယ္တကူေတြ႔ႏုိင္တဲ့အတြက္ ဖုန္းကိုစူးစိုက္ၾကည့္မႈကို ေလွ်ာ့ခ်ႏုိင္သလို ဖုန္းကိုအနီးကပ္ၾကည့္႐ႈ အသုံးျပဳရမႈကိုလည္း ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

စမတ်ဖုန်းမြင်ကွင်းသေးသေးနဲ့ အချိန်ကြာကြာ အသုံးပြုမှုက ရေရှည်မှာ မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ်နေထိုင်မှုဘဝမှာ စမတ်ဖုန်းကလည်း မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုဖြစ် လာတဲ့အတွက် စမတ်ဖုန်းသုံးတဲ့သူတိုင်း မိမိရဲ့မျက်စိကို ထိခိုက်မှုနည်းစေနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Anti-Glare Screen Protector ကို အသုံးပြုပါ

အခုနောက်ပိုင်း Mid-range နဲ့ High-end စမတ်ဖုန်းတွေမှာ anti-glare screen ကပ်တွေ တစ်ပါတည်းကပ်ပြီး ထုတ်လုပ်လာကြပါတယ်။ မိမိဖုန်းမှာအဲလိုမျိုးမပါ ဘူးဆိုရင်တော့ ဖုန်းမှာကပ်ပြီး အသုံးပြုသင့်ပါတယ်။ Anti-glare screen protector တွေက စျေးလည်းမကြီးသလို သူတို့တွေက ဖုန်းမြင်ကွင်းကနေထွက်တဲ့ အပြာရောင်အလင်း blue light ကို အဓိကလျော့ချပေးတာဖြစ်တဲ့အတွက် မျက်စိကို ထိခိုက်မှုကို လျော့နည်းစေနိုင်မှာဖြစ်ပါတယ်။

အဲလိုမှမဟုတ်ရင်တော့ ခုနောက်ပိုင်းဖုန်းတွေမှာပါဝင်တဲ့ Bluelight Filter စနစ်တွေကို မိမိဖုန်းသုံးတိုင်းမှာ အသုံးပြုသင့်ပါတယ်။ မိမိဖုန်းမှာ အဲလိုမျိုးစနစ်တွေ မပါဝင်ဘူးဆိုရင်တော့ Third party app ဖြစ်တဲ့ Bluelight Filter for Eye Care ဆိုတဲ့ App တွေကို App Store တွေကနေ Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

(၂) မျက်တောင်မကြာခဏ ခတ်ပေးပါ။ (ဖြစ်နိုင်ရင်မျက်စိကို ရေနဲ့ပတ်ပြီး ဆေးပေးပါ)

နောက်ထပ်နည်းလမ်းတစ်ခုက ဖုန်းအသုံးပြုတိုင်းမှာ မျက်တောင်မကြာခဏ ခတ်ပေးပါ။ အဲလိုမျိုးလုပ်ပေးတာကလည်း မျက်စိကို ထိခိုက်မှုလျော့နည်းစေပါတယ်။ မျက်တောင်ခတ်တာက Desktop ကွန်ပျူတာပဲသုံးသုံး၊ Laptop ပဲသုံးသုံး၊ Tablet PC ပဲ သုံးသုံး လုပ်ပေးသင့်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။Screen ကို မျက်တောင်မခတ်ပဲ စူးစိုက်ကြည့်တာက မျက်စိကို ခြောက်သွေ့စေပါတယ်။ အဲ့ဒါကြောင့် မျက်တောင်ခတ်ပေးခြင်းအားဖြင့် သဘာဝအတိုင်းမျက်စိအတွင်း မျက်ကြည်ရည်ခြောက်ခမ်းမှုကို ကာကွယ်နိုင်ပါတယ်။ မျက်တောင်ခတ် ပေးခြင်းအားဖြင့်လည်း စမတ်ဖုန်း Screen တွေက ထွက်တဲ့ ဓာတ်ရောင်ခြည်တွေရဲ့ ထိခိုက်မှုကိုလည်း လျော့ချနိုင် မှာဖြစ်ပါတယ်။

(၃) ၂ဝ/၂ဝ/၂ဝ စည်းမျဉ်းကို လိုက်နာပါ

လူ့မျက်လုံးက အနီးကပ်အကွာအဝေးကို အချိန်ကြာကြာစူး စိုက်မကြည့်နိုင်ပါဘူး။ ပုံမှန်အားဖြင့် လူ့မျက်လုံးက အနီးနဲ့ အဝေးကို စက္ကန့်၊ မိနစ်အပိုင်းအခြားအား ဖြင့်မြင်နိုင်အောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိအနေနဲ့ အနီးကပ်ပဲ စာအုပ်ဖတ်တာ၊ ဖုန်းသုံးတာမျိုးမှာ အကွာအဝေးတစ်ခုတည်းပေါ်မှာ အချိန်နာရီနဲ့အမျှ ကြာကြာကြည့်ရှုမှုက မျက်လုံးရဲ့ သဘာဝဖြစ်စဉ်နဲ့ ကိုက်ညီမှု မရှိနိုင်ပါဘူး။

အဲဒါကြောင့် စမတ်ဖုန်းသုံး သူတွေအနေနဲ့ ၂ဝ/၂ဝ/၂ဝ စည်းမျဉ်းကို ဖုန်းသုံးတိုင်းမှာလိုက်နာ အသုံးပြုသင့်ပါတယ်။ ဒီစည်းမျဉ်းက ဘယ်လိုမျိုးလည်းဆိုတော့ မိမိအနေနဲ့ မိနစ် ၂ဝ ကြာအသုံးပြု ပြီးတိုင်း ပေ ၂ဝ အကွာအဝေးကို အနည်းဆုံး စက္ကန့် ၂ဝ ကြာ ငေးမောကြည့်ရှုကာ Screen ကြည့်ရှုမှုကို လျော့ချသင့်ပါတယ်။ နောက်တစ်ခုက ကိုယ်ကလေ့ကျင့်ခန်း လုပ်ရတာမျိုး သဘောကျရင်တော့ ခဏတဖြုတ်ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေကို စက္ကန့် ၂ဝ ကြာလောက် ပြုလုပ်ပေးခြင်းအားဖြင့်လည်း မျက်စိအတွက် သာမကဘဲ ခန္ဓာကိုယ်အတွက်ပါ ကောင်းမွန်စေမှာဖြစ်ပါတယ်။

(၄) Brightness, Contrast နဲ့ စာလုံးအရွယ်အစားတွေကို ချိန်ညှိပါ

မိမိဖုန်းမှာ အသုံးပြုတိုင်း Brightness, Contrast နဲ့ စာလုံး အရွယ်အစားတွေကို ပတ်ဝန်းကျင် အလင်းအမှောင်အနေ အထားပေါ် မူတည်ပြီး ချိန်ညှိအသုံးပြုသင့်ပါတယ်။ ဖုန်းမြင်ကွင်း အလင်း Brightness နဲ့ contract အလျော့ အတင်းပြုလုပ်ပြီးသုံးတာက မျက်စိကို ထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။ အဲလိုမျိုးချိန်ညှိသုံးဖို့ဖုန်းက အလိုအလျောက်ချိန်ညှိပေးတဲ့ စနစ်နဲ့ Third party app တွေကို အသုံးပြုနိုင်ပါတယ်။ Android အတွက်ရော iPhone အတွက်ပါ Brightness နဲ့ Contrast ကို အလိုအလျောက်ချိန်ညှိပေးတဲ့ app တွေများစွာရှိပါတယ်။

ပတ်ဝန်းကျင်အလင်းအားနည်းတဲ့ မှောင်တဲ့နေရာမျိုးမှာ ဖုန်း Screen ကို အချိန်ကြာကြာကြည့်တာမျိုးကို ရှောင်ရှားသင့်သလို အမှောင်ထဲမှာ ဖုန်းသုံးတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ ဖုန်းထဲက စာလုံးအရွယ်အစားတွေကိုတော့ ကြီးကြီးထားသင့်ပါတယ်။ အဲလိုထားတာက တစ်ခုခုရှာရင် အလွယ်တကူတွေ့နိုင်တဲ့အတွက် ဖုန်းကိုစူးစိုက်ကြည့်မှုကို လျှော့ချနိုင်သလို ဖုန်းကိုအနီးကပ်ကြည့်ရှု အသုံးပြုရမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။