စတုတၳေျမာက္ စက္မႈေတာ္လွန္ေရး (သို႔မဟုတ္) Industry 4.0

[ Zawgyi ]

“စတုတၳေျမာက္ စက္မႈေတာ္လွန္ေရး အသြင္ကူးေျပာင္းမႈကာလမွာ ျမန္မာႏိုင္ငံအေနနဲ႔ အလ်င္အျမန္ တိုးတက္ေျပာင္းလဲေနတဲ့ ႏိုင္ငံေတြနဲ႔အတူ လိုက္ပါေဆာင္ရြက္ရာမွာ ထိုးေဖာက္ေဆာင္ရြက္ဖို႔ရာ လိုအပ္ပါတယ္”

ဒါကေတာ့ ဟႏြိဳင္းၿမိဳ႕မွာ က်င္းပတဲ့ အာဆီယံေဒသဆိုင္ရာ (၂၇) ႀကိမ္ေျမာက္ ကမၻာ့စီးပြားေရး ဖိုရမ္ဖြင့္ပြဲမွာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တာ
ျဖစ္ပါတယ္။ ဒီဖိုရမ္ဟာအာဆီယံေဒသရဲ႕ စတုတၳေျမာက္ စက္မႈေတာ္လွန္ေရး အကူးအေျပာင္း ႀကီးတစ္ခုလုံးကို ဘယ္လိုပုံေဖာ္မလဲဆိုတာကို ႏိုင္ငံေရးနဲ႔ စီးပြားေရး က႑စုံက ေခါင္းေဆာင္ေတြအတူ ေဆြးေႏြးၾကတဲ့ ပြဲတစ္ခုပဲ ျဖစ္ပါတယ္။ ဒီဖိုရမ္နဲ႔အတူအာ ဆီယံေဒသဟာ စတုတၳေျမာက္ စက္မႈေတာ္လွန္ေရးနဲ႔ ကင္းကြာေနလို႔ မရေတာ့ဘူးဆိုတာ ထင္ရွားလာပါတယ္။ ေဒသတြင္းလူငယ္ေတြ၊ အထူးသျဖင့္ စြန္႔ဦးတီ ထြင္လုပ္ငန္းရွင္ေတြအေနနဲ႔ စတုတၳေျမာက္ စက္မႈေတာ္လွန္ေရးရဲ႕ အနာဂတ္ကို ပုံေဖာ္ရာမွာပါ ဝင္ပတ္သက္ဖို႔ရာ၊ ႀကိဳတင္ျပင္ဆင္ဖို႔ လိုအပ္လာၿပီဆိုတာကိုလည္း ဒီဖိုရမ္က သတိေပးေနပါတယ္။

ဒါဆို စတုတၳေျမာက္ စက္မႈေတာ္လွန္ေရး ဒါမွမဟုတ္ Industry 4.0 ရဲ႕ အေၾကာင္းကို မိတ္ဆက္သေဘာ ေဆြးေႏြးၾကည့္ရေအာင္ပါ။

စက္မႈေတာ္လွန္ေရး သမိုင္းေၾကာင္း

စက္မႈေတာ္လွန္ေရး။ ဒီစကားလုံးဟာ ေသးငယ္ေပမယ့္ အဓိပၸာယ္ေတြ အမ်ားႀကီး ပါဝင္ေနပါတယ္။ ‘ေတာ္လွန္္ေရး’ ဆိုတဲ့ စကားဟာ အေျခခံက်က်နဲ႔ ႐ုတ္ ခ်ည္း ေျပာင္းလဲသြားတာကို ၫႊန္း
ဆိုပါတယ္။ စက္မႈေတာ္လွန္ေရးဆိုတာကေတာ့ စက္ပစၥည္းပိုင္းဆိုင္ရာမွာ ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲသြားတာကို ဆိုလိုေနပါတယ္။ သမိုင္းကို ျပန္ၾကည့္ရင္ လူသားေတြ ဘီးကိုတီထြင္ႏိုင္တာကေန ကြန္ပ်ဴတာအင္တာနက္ေတြ တီထြင္ႏိုင္လာခဲ့တဲ့အခ်ိန္ အထိစက္မႈေတာ္လွန္္ ေရးႀကီး (၄) ခုရွိခဲ့ပါတယ္။

ပထမေျမာက္ စက္မႈေတာ္လွန္ေရးကေတာ့ ၁၇၀၀ ျပည့္ႏွစ္ေတြမွာ ေရေႏြးေငြ႕အင္ဂ်င္ေတြ တီထြင္ႏိုင္ခဲ့တာနဲ႔အတူ ျဖစ္ေပၚလာတာပါ။ ေရေႏြးေငြ႕ အင္ဂ်င္ေတြေၾကာင့္ လူသားေတြဟာ အရင္က တိရစၧာန္ေတြကို သုံးၿပီးကူးလူး ဆက္သြယ္ေနရာကေန မီးရထားေတြ၊ မီးသေဘၤာႀကီးေတြ ေပၚေပါက္လာၿပီးေတာ့ ကမၻာအႏွံ႔ကို ေျခဆန္႔လာႏိုင္ခဲ့ၾကပါတယ္။ ဒါ့အျပင္ လူအားနဲ႔ လုပ္ရတဲ့ေနရာမွာ ေရေႏြးေငြ႕စြမ္းအင္သုံး စက္ေတြေပၚလာတာေၾကာင့္ ကုန္ပစၥည္းအေျမာက္အျမားကို (Mass Production) ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။

ဒုတိယေျမာက္ စက္မႈေတာ္လွန္ေရးကေတာ့ ၂၀ ရာစုအေစာ ပိုင္းမွာ ေပၚေပါက္ခဲ့တာပါ။ Michael Faraday ရဲ႕ ဂ်င္နေရတာတီထြင္မႈ၊ Nikolaus Otto ရဲ႕ ဓာတ္ဆီအင္ဂ်င္ တီထြင္မႈေတြ နဲ႔
အတူ စက္႐ုံေတြဟာ ႐ုတ္ခ်ည္း ေျပာင္းလဲသြားခဲ့ပါတယ္။ ထုတ္ကုန္ေတြကို အခ်ိန္တိုအတြင္းအေျမာက္အျမား ထုတ္လုပ္လာႏိုင္သလို ကုန္ပစၥည္းတစ္ခုရဲ႕ကုန္က် စရိတ္ကလည္း ေတာ္ေတာ္ေလး ကို ေလ်ာ့က်သြားခဲ့ပါတယ္။

တတိယေျမာက္ စက္မႈေတာ္လွန္ေရး ဟာဒစ္ဂ်စ္တယ္ ကြန္ပ်ဴတာစနစ္ေတြနဲ႔အတူ ေပၚထြက္ခဲ့တာပါ။ အခ်ိန္ကာလ အားျဖင့္ ၁၉၇၀ ျပည့္ႏွစ္တစ္ဝိုက္မွာ ျဖစ္ပါတယ္။ ကြန္ပ်ဴတာေတြေၾကာင့္ စက္႐ုံေတြဟာ အလိုအေလ်ာက္ အလုပ္လုပ္ႏိုင္တဲ့ ကိရိယာေတြ ေပၚလာခဲ့ပါတယ္။ ဒီကိရိယာေတြဟာ လူသားအလုပ္ သမားေတြအတြက္ ပ်င္းစရာေကာင္းတဲ့ ထပ္တလဲလဲ လုပ္ေနရတဲ့ အလုပ္ေတြကို ၂၄/၇ အလုပ္လုပ္ေပးတာေၾကာင့္ကုန္ က်စရိတ္က ေတာ္ေတာ္ေလး သက္သာသြားသလို ကုန္ထုတ္လုပ္ႏိုင္စြမ္း (Productivity) ကလည္း ျမင့္တက္သြားပါတယ္။

ဒီေန႔ေခတ္မွာ ကြၽန္ေတာ္တို႔ေတြ ႀကဳံေတြ႕ေနရတဲ့ စတုတၳေျမာက္ စက္မႈေတာ္လွန္ေရး ဆိုတာကေတာ့ အသိဉာဏ္ျမင့္ စက္႐ုပ္ေတြ၊ ဉာဏ္ရည္တု နည္းပညာ (Artificial Intelligence)၊
နာႏိုနည္းပညာ (Nano Technology)၊ Quantum Computing နည္းပညာ၊ Biotechnology နည္းပညာ၊ Internet of Things (IoT) နည္းပညာ၊ Industrial Internet of Things (IIoT) နည္းပညာ၊ 5G နည္းပညာ၊ 3D Printing နည္းပညာ၊ ေမာင္းသူမဲ့ယာဥ္ေတြ၊ ဒီနည္းပညာေတြ အားလုံးေပါင္းၿပီး ေပၚေပါက္လာရတာပါ။

ဒီစက္မႈေတာ္လွန္ေရးနဲ႔အတူ စက္႐ုံေတြရဲ့ လည္ပတ္ပုံစနစ္ႀကီး တစ္ခုလုံး ေျပာင္းလဲသြား႐ုံတင္ မကေသးပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ေန႔စဥ္လူေနမႈဘဝႀကီးလည္း ႐ုတ္ခ်ည္းေျပာင္းလဲ သြားမွာပါ။ တစ္ခုနဲ႔ တစ္ခုခ်ိတ္ဆက္ထားၿပီးေတာ့ ဉာဏ္ရည္တုနည္း ပညာေတြပါဝင္တဲ့ စက္ကိရိယာေတြေၾကာင့္ ကုန္ထုတ္စြမ္းအားဟာ ပိုၿပီးတိုးလာမွာ ျဖစ္ပါတယ္။ အဲ့လိုပဲ Smart City ေတြ Smart Home နည္းပညာေတြေၾကာင့္ လူသားေတြရဲ႕ ဘဝဟာ အရင္ကထက္ ပိုၿပီးအဆင့္ျမင့္လာမွာပါ။ ေျပာရမယ္ဆိုရင္ Industry 4.0 ဟာ ကြၽန္ေတာ္ တို႔ေတြရဲ႕ ေနထိုင္ပုံ၊ အလုပ္လုပ္ပုံ၊ တစ္ဦးနဲ႔တစ္ဦး ဆက္သြယ္ပုံနည္းလမ္းေတြကို ေတာ္လွန္ေျပာင္းလဲပစ္မွာ ျဖစ္ပါတယ္။

အက်ိဳးေက်းဇူးေတြက ဘာေတြျဖစ္မလဲ

ကမၻာ့စီးပြားေရးဖိုရမ္ရဲ႕ တည္ေထာင္သူျဖစ္သလို အမႈေဆာင္ အရာရွိခ်ဳပ္လည္းျဖစ္တဲ့ ပါေမာကၡ Klaus Schwab ရဲ႕ အဆိုအရ ဒီစတုတၳေျမာက္ စက္မႈေတာ္လွန္ေရးကေန ေပၚေပါက္လာမယ့္ အေျပာင္းအလဲေတြဟာ လူ႔သမိုင္းတစ္ေလၽွာက္မွာ အႀကီးမားဆုံး ျဖစ္လာမွာပါ။ ဒါေၾကာင့္ ဒီေတာ္လွန္ေရးရဲ႕ အက်ိဳးရလဒ္ ေတြ၊ ျပႆနာေတြဟာ အနာဂတ္မွာ ဘယ္ဘက္က အားသာသြားမယ္ဆိုတာကို ႀကိဳမသိႏိုင္သလို၊ ဒါေတြကိုခန႔္မွန္းၿပီး ႀကိဳတင္ျပင္ ဆင္ႏိုင္ဖို႔ဟာလည္း ေတာ္႐ုံလြယ္ကူတဲ့ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူးလို႔ သူ႔ရဲ႕ ‘Fourth Industrial Revolution’ စာအုပ္မွာ ဆိုထားပါတယ္။

အက်ိဳးရလဒ္ပိုင္းကို ေျပာရမယ္ဆိုရင္ အဓိကက်တဲ့ အက်ိဳးေက်းဇူးကေတာ့ ကုန္ထုတ္စြမ္းအား (Productivity) ျမင့္တက္လာျခင္းပါပဲ။ Industry 4.0 ရဲ႕ နည္းပညာ ေတြထဲက တစ္ခုကေတာ့ စက္႐ုပ္ေတြပါ။ တကယ္ေတာ့ ဒါဟာလည္း အထူးအဆန္းႀကီးေတာ့ မဟုတ္လွပါဘူး။ စက္႐ုံေတြမွာ Manufacturing Robot ေတြကို အသုံးျပဳလာခဲ့တာ ၾကာပါၿပီ။ ဒါေပမဲ့ စက္႐ုံေတြရဲ႕ (၈) ရာခိုင္ႏႈန္းကပဲ ဒီစက္႐ုပ္ေတြကို သုံးႏိုင္ပါေသးတယ္။ သိို႔ေပမယ့္ လာမယ့္ ၂၀၂၅ ခုႏွစ္မွာေတာ့ (၂၅) ရာခိုင္ႏႈန္းအထိ တိုးတက္လာမွာ ျဖစ္ပါတယ္။ အေရအတြက္ပိုင္း
သာမက အရည္အခ်င္းပိုင္းမွာလည္း တိုးတက္လာမွာျဖစ္တာေၾကာင့္ ဒီစက္႐ုပ္ေတြဟာ အရင္က မလုပ္ႏိုင္တဲ့ ပိုၿပီး႐ႈပ္ေထြးတဲ့ အလုပ္ေတြကို ၂၄/၇ အလုပ္လုပ္လာႏိုင္မွာ ျဖစ္ပါတယ္။

ဒီစက္မႈေတာ္လွန္ေရးဟာ ထုတ္ကုန္အေရအတြက္ပိုင္းေလးပဲ တိုးတက္႐ုံလားလို႔ ေမးမယ္ဆိုရင္ေတာ့ မဟုတ္ပါဘူး။ အဲ့ထက္ ပိုပါတယ္။ ပိုၿပီးေကာင္း မြန္တဲ့၊ ပိုၿပီးစမတ္က်တဲ့ ထုတ္ကုန္
ေတြကို ထုတ္လုပ္လာႏိုင္မွာ ျဖစ္ပါတယ္။ ေျပာရရင္ စားသုံးသူတစ္ဦးခ်င္းရဲ႕ လိုအပ္ခ်က္ကို လိုက္ၿပီးေတာ့ကို ထုတ္လုပ္ေပးႏိုင္မွာပါ။ ဒါကို Scale Customization လို႔ ဆိုပါတယ္။ စာဖတ္သူတို႔ စိတ္ကူးယဥ္ၾကည့္ပါ။ စက္႐ုံကေန ကိုယ္လိုခ်င္တဲ့ ဒီဇိုင္းအတိုင္းအက်ႌကို ေစ်းသက္သက္သာသာနဲ႔ ခ်ဳပ္ေပးႏိုင္မယ္ဆိုရင္ ဘယ္ေလာက္မ်ား အဆင္ေျပလိုက္ေလမလဲ။
Industry 4.0 က ဒီစိတ္ကူးကို လက္ေတြ႕ျဖစ္ေအာင္ လုပ္ေပးႏိုင္ပါလိမ့္မယ္။

ဒါ့အျပင္ Industry 4.0 ေၾကာင့္ စက္႐ုံေတြဟာ အရင္လို အႀကီးစားေတြ မဟုတ္ေတာ့ဘဲ ေသးေသးက်စ္က်စ္နဲ႔ စားသုံးသူအလိုက် ထုတ္ကုန္ေတြကို ျမန္ျမန္ဆန္ဆန္ ထုတ္လုပ္လာႏိုင္မွာ
ပါ။ ဒါ့အျပင္ ဒီအရြယ္အစားေသးငယ္တဲ့ စက္႐ုံေတြကိုၿမိဳ႕ျပင္ ေဝးေဝးလံလံမွာ တည္ေဆာက္ဖို႔ မလိုေတာ့ဘဲ ၿမိဳ႕ျပအနီးစားသုံးသူေတြရဲ႕ အနားမွာ ကုန္ပစၥည္းေတြ ထုတ္လုပ္လာႏိုင္မွာ ျဖစ္တာေၾကာင့္ မလိုအပ္တဲ့ သယ္ယူပို႔ေဆာင္စရိတ္ေတြကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။ ဒီစက္႐ုံေလးေတြဟာ ကုန္ပစၥည္း အမယ္မ်ိဳးစုံကို စားသုံးသူေတြရဲ႕ အမွာစာေပၚမူ
တည္ၿပီး ျမန္ျမန္ဆန္ဆန္ ထုတ္ေပးလာႏိုင္မွာပါ။ အရင္ကလို ေရာင္းမကုန္လို႔ ႐ံႈးတဲ့အျဖစ္မ်ိဳး ရွိေတာ့မွာ မဟုတ္ပါဘူး။

ဒါ့အျပင္ စက္႐ုံေတြဟာ ကိရိယာေတြအားလုံး ခ်ိတ္ဆက္ထားတာေၾကာင့္ ဘယ္အခ်ိန္မွာ တစ္ခုခု ခ်ိဳ႕ယြင္းေတာ့မယ္ဆိုတာကိုပါ အရင္က ျဖစ္ရပ္ေတြေပၚ ဉာဏ္ရည္တု နည္းပညာက ေလ့
လာၿပီး ခန္႔မွန္းေပးလာႏိုင္ပါလိမ့္မယ္။ တစ္ခါတစ္ရံ လူသားရဲ႕ အကူအညီမလိုဘဲ အလိုအေလ်ာက္ျပဳျပင္ႏိုင္ပါလိမ့္မယ္။ စက္ပစၥည္းေတြကို မပ်က္ခင္ကတည္းက ႀကိဳတင္ၿပီး ျပင္သင့္တာေတြ ျပင္ထားႏိုင္မွာ ျဖစ္တာေၾကာင့္ Downtime ကို ေတာ္ေတာ္ ေလးေလွ်ာ့ခ်ႏိုင္မွာပါ။

ဆိုးက်ိဳးေတြကေရာ ဘာေတြျဖစ္ႏိုင္မလဲ

ဒီစက္မႈေတာ္လွန္ေရးရဲ႕ အဓိကအက်ဆုံး ဆိုးက်ိဳးကို ေျပာပါလို႔ဆိုရင္ လူတန္းစားကြာဟမႈ (Social Inequality) ပိုၿပီးႀကီးမားလာမွာလို႔ပဲ ဆိုရပါလိမ့္မယ္။ အထက္မွာဆိုခဲ့သလို လုပ္ငန္းခြင္
ေတြမွာ အရင္ကထက္ပိုၿပီး ဉာဏ္ရည္ျမင့္မားတဲ့ စက္႐ုပ္ေတြက အစားထိုး ဝင္ေရာက္လာတာေၾကာင့္ တစ္ခ်ိဳ႕ေသာ အလုပ္ေတြဟာ ေပ်ာက္ကြယ္သြားမွာျဖစ္ပါတယ္။ အလုပ္လက္မဲ့ႏႈန္း
ေတြ ျမင့္တက္လာမွာျဖစ္သလို အလုပ္ရဖို႔အတြက္ လိုအပ္ခ်က္ (ဥပမာ – ကြၽမ္းက်င္မႈ) ေတြကလည္း အရင္ကထက္ ပိုမ်ားလာမွာပါ။ ဒါေတြအားလုံး ေပါင္းစုံတဲ့အခါ ကြၽမ္းက်င္မႈနိမ့္တဲ့ သူေတြအတြက္ လစာနည္းၿပီး (Low-skill/low-pay) ကြၽမ္းက်င္မႈ ျမင့္တဲ့သူေတြအတြက္ လစာမ်ားလာမွာ (High-skill/high-pay) ျဖစ္ၿပီးေတာ့ လူတန္းစား ကြာဟခ်က္ေတြ ႀကီးမားလာမွာျဖစ္သလို ပဋိပကၡေတြလည္း ပိုမိုျမင့္မားလာႏိုင္ေခ် ရွိပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ အေလးထားရမယ့္ ဆိုးက်ိဳးတစ္ခုကေတာ့ ပုဂၢိဳလ္ေရး လြတ္လပ္ခြင့္ေတြ ထိပါးလာတာပဲ ျဖစ္ပါတယ္။ ဒီစက္မႈေတာ္လွန္ေရးနဲ႔အတူ စားေသာက္ကုန္လုပ္ငန္းကေန ဘဏ္လုပ္ငန္းအထိ ကုမၸဏီေတြ အားလုံးဟာ ဒစ္ဂ်စ္တယ္စနစ္ကို ကူးေျပာင္းလာမွာပါ။ ဒါေၾကာင့္ စားသုံးသူေတြရဲ႕ အခ်က္အလက္ေတြကို ပိုပိုၿပီးလိုအပ္လာၾကပါတယ္။ ဒီလိုနဲ႔ပဲစားသုံးသူ ေတြဟာ ကုမၸဏီေတြရဲ႕ ဒီဂ်စ္တယ္ ေနာက္ေယာင္ခံလိုက္မႈေတြကို အခုထက္ကို ပိုမိုႀကဳံေတြ႕လာ ၾကရဦးမွာပါ။ ကြၽန္ေတာ္တို႔ေတြရဲ႕ ကိုယ္ပိုင္ဒီဂ်စ္တယ္ အခ်က္အလက္ေတြကို မေကာင္းတဲ့သူေတြ လက္ထဲမ်ား ေရာက္သြားမလား ဆိုၿပီးေတာ့ ပူပန္လာရမွာပါ။

ဒီစတုတၳေျမာက္ စက္မႈေတာ္လွန္ေရးကို တစ္ျခားေတာ္လွန္ေရးေတြနဲ႔ ကြာျခားေစတဲ့ အခ်က္ကေတာ့ ေျပာင္းလဲမႈဟာ ေနာင္ဆယ္ႏွစ္မွာ ဘာျဖစ္မယ္ဆိုတာ ခန္႔မွန္းမရေလာက္ ေအာင္ကို ျမန္ဆန္တဲ့အခ်က္ပါပဲ။ ဒီအခ်က္ကိုပဲ စဥ္းစားၾကည့္ပါ။ တယ္လီဖုန္းကို သုံးစြဲသူသန္း ၁၀၀ ျပည့္ဖို႔ရာအခ်ိန္ (၇၅) ႏွစ္အထိ ၾကာခဲ့ပါတယ္။ ဒါေပမဲ့ Instagramမွာ Sign Up
လုပ္သူဦးေရသန္း ၁၀၀ ျပည့္ဖို႔ အခ်ိန္ (၂) ႏွစ္ပဲေစာင့္လိုက္ရပါတယ္။ အားလုံးသိတဲ့ နာမည္ေက်ာ္ Pokemon Go ဂိမ္းကေတာ့ (၁) လပဲ အခ်ိန္ယူလိုက္ရပါတယ္။ အ့ံၾသစရာပါပဲ။

ဒါေၾကာင့္ပဲ ပညာရွင္ေတြဟာ ဒီေတာ္လွန္ေရးရဲ႕ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးမွာ ဘယ္ဘက္က အားသာသြားမယ္ဆိုတာကို ဘယ္သူမွ တပ္အပ္ မေျပာႏိုင္ၾကတာပါ။ နည္းပညာမွာ ေရွ႕ေရာက္ၿပီး ႀကိဳတင္ျပင္ဆင္မႈ အပိုင္းမွာ အားေကာင္းတဲ့ ဖြံံ႕ၿဖိဳးၿပီး ႏိုင္ငံေတြေတာင္မွ ဒီေတာ္လွန္ေရးရဲ႕ အေျပာင္းအလဲေရစီးကို လိုက္လို႔မမွီပါဘူး။ အက်ိဳးဆက္အေနနဲ႔ အစိုးရေတြဟာလည္း ဒီေတာ္လွန္ေရးရဲ႕ စက္ကြင္းကေန မလြတ္ေတာ့ပါဘူး။ ပါေမာကၡ Schwab ရဲ႕ အဆိုအရ အေျပာင္းအလဲကို လက္ခံၿပီး မဟာဗ်ဴဟာက်က် ထိထိေရာက္ေရာက္ လိုက္ပါေဆာင္ရြက္ႏိုင္တဲ့ အစိုးရေတြသာ ဒီေတာ္လွန္ေရးမွာ ရွင္သန္ႏိုင္မွာ ျဖစ္ပါတယ္။

အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုႀကိဳတင္ ျပင္ဆင္ၾကမလဲ

ပါေမာကၡ Schwab ကေတာ့ ဒီေတာ္လွန္ေရးမွာ ေခါင္းေဆာင္ေတြသာမက ႏိုင္ငံသားေတြကိုပါ အေျပာင္းအလဲကို ပုံေဖာ္ရာမွာ ပါဝင္ေဆာင္ရြက္ေစခ်င္တဲ့ ဆႏၵရွိပါတယ္။ အနာဂတ္မွာ စက္႐ုပ္ေတြထက္ လူသားေတြရဲ႕ က႑ကိုဦးစားေပး ဖို႔ရာလည္း ႏိႈးေဆာ္ေနပါတယ္။ ဒီနည္းပညာေတြ အားလုံးဟာ လူသားေတြအတြက္ပဲ လူသားေတြက တီထြင္ထားတယ္ဆိုတာ မေမ့ဖို႔သူက ဆိုပါတယ္။

လူသားေတြအေနနဲ႔လည္း ဒီနည္းပညာေတြနဲ႔ အေျပာင္းအလဲေတြကို ပုံေဖာ္ရာမွာ ႀကိဳတင္ျပင္ဆင္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဒီအတြက္ လူငယ္ေတြ လူႀကီးေတြ တစ္ေယာက္မက်န္ လူသားအားလုံးရဲ႕ ပူးေပါင္းေဆာင္ရြက္မႈက အေရးပါလာပါတယ္။ ဒီနည္းပညာေတြကို လူသားေတြရဲ႕ စီးပြားေရး၊ လူမႈေရး၊ ယဥ္ေက်းမႈနဲ႔ ပုဂၢိဳလ္ေရးဘဝေတြမွာ ဘယ္လိုပုံစံနဲ႔ ဘယ္ေလာက္ အတိုင္းအတာအထိ ပါဝင္ပတ္သက္ခြင့္ ေပးမလဲဆိုတာကို အားလုံးသေဘာ တူညီတဲ့ အျမင္တစ္ခုရွိဖို႔ရာ လိုအပ္ပါတယ္။

ကုမၸဏီေတြအေနနဲ႔ အရင္းအႏွီးေတြကို နည္းပညာအေျခခံ အေဆာက္အဦးေတြနဲ႔ Data Analysis ေတြမွာ ရင္းႏွီးျမႇုပ္ႏွံဖို႔ရာ ျပင္ဆင္သင့္ပါၿပီ။ စီးပြားေရး လုပ္ငန္းေတြအေနနဲ႔ Smart and Connected Organization ေတြ ျဖစ္လာမွသာ ေနာက္ေကာက္က် မက်န္ရစ္ခဲ့မွာပါ။

ကြၽန္ေတာ္တို႔အေနနဲ႔ အေျပာင္းအလဲကို ေၾကာက္ေနဖို႔ မလိုအပ္ပါဘူး။ အေျပာင္းအလဲကို လက္ခံၿပီးကိုယ္နဲ႔ လူသားေတြအတြက္ အက်ိဳးရွိရွိ အသုံးခ်ႏိုင္ဖို႔ပဲ လိုပါတယ္။ ဒီေန႔မွာလုပ္ေနတဲ့ အလုပ္ေတြဟာ တစ္ေန႔မွာေျပာင္းလဲ သြားႏိုင္တယ္ဆိုတာကို ႀကိဳေတြးၿပီး ကိုယ့္ရဲ႕ အရည္အခ်င္းကို တစ္ဆင့္ၿပီးတစ္ဆင့္ တိုးတက္ ေအာင္ အားထုတ္သင့္ပါတယ္။ စက္႐ုပ္ေတြ ဘယ္ေလာက္ပဲ ေတာ္လာေတာ္လာ ခြဲျခမ္းစိတ္ျဖာတတ္ၿပီး လုပ္ရည္ကိုင္ရည္ရွိတဲ့ ဝန္ထမ္းတစ္ေယာက္ကိုေတာ့ အလုပ္ရွင္ေတြက ဘယ္ေခတ္မွာမွ လက္မလႊတ္ ပါဘူး။ ဒါ့အျပင္ ကြၽန္ေတာ္တို႔ရဲ႕ အနာဂတ္ မ်ိဳးဆက္ေတြအတြက္ ေခတ္ေဟာင္းေနၿပီျဖစ္တဲ့ လက္ရွိပညာေရးစနစ္ကို စြန္႔လႊတ္ၿပီး Industry 4.0 နဲ႔ လိုက္ ေလ်ာညီေထြျဖစ္ေအာင္ ျပင္ဆင္ထားတဲ့
ပညာေရးစနစ္တစ္ခုကို ဖန္တီးဖို႔ရာ လိုအပ္လာပါၿပီ။

ေျပာရရင္ ကြၽန္ေတာ္တို႔ေတြဟာ စက္႐ုပ္ေတြထက္သာေအာင္ ႀကိဳတင္ျပင္ဆင္ဖို႔ရာ လိုအပ္လာပါၿပီ။

-ကိုသုတ

[ Unicode ]

“စတုတ္ထမြောက် စက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလမှာ မြန်မာနိုင်ငံအနေနဲ့ အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံတွေနဲ့အတူ လိုက်ပါဆောင်ရွက်ရာမှာ ထိုးဖောက်ဆောင်ရွက်ဖို့ရာ လိုအပ်ပါတယ်”

ဒါကတော့ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီဖိုရမ်ဟာအာဆီယံဒေသရဲ့ စတုတ္ထမြောက် စက်မှုတော်လှန်ရေး အကူးအပြောင်း ကြီးတစ်ခုလုံးကို ဘယ်လိုပုံဖော်မလဲဆိုတာကို နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍစုံက ခေါင်းဆောင်တွေအတူ ဆွေးနွေးကြတဲ့ ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖိုရမ်နဲ့အတူအာ ဆီယံဒေသဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေးနဲ့ ကင်းကွာနေလို့ မရတော့ဘူးဆိုတာ ထင်ရှားလာပါတယ်။ ဒေသတွင်းလူငယ်တွေ၊ အထူးသဖြင့် စွန့်ဦးတီ ထွင်လုပ်ငန်းရှင် တွေအနေနဲ့ စတုတ္ထမြောက် စက်မှုတော်လှန်ရေးရဲ့ အနာဂတ်ကို ပုံဖော်ရာမှာပါ ဝင်ပတ်သက်ဖို့ရာ၊ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်လာပြီဆိုတာကိုလည်း ဒီဖိုရမ်က သတိပေးနေပါတယ်။

ဒါဆို စတုတ္ထမြောက် စက်မှုတော်လှန်ရေး ဒါမှမဟုတ် Industry 4.0 ရဲ့ အကြောင်းကို မိတ်ဆက်သဘော ဆွေးနွေးကြည့်ရအောင်ပါ။

စက်မှုတော်လှန်ရေး သမိုင်းကြောင်း

စက်မှုတော်လှန်ရေး။ ဒီစကားလုံးဟာ သေးငယ်ပေမယ့် အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေပါတယ်။ ‘တော်လှန််ရေး’ ဆိုတဲ့ စကားဟာ အခြေခံကျကျနဲ့ ရုတ် ချည်း ပြောင်းလဲသွားတာကို ညွှန်းဆိုပါတယ်။ စက်မှုတော်လှန်ရေးဆိုတာကတော့ စက်ပစ္စည်းပိုင်းဆိုင်ရာမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာကို ဆိုလိုနေပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် လူသားတွေ ဘီးကိုတီထွင်နိုင်တာကနေ ကွန်ပျူတာအင်တာနက်တွေ တီထွင်နိုင်လာခဲ့တဲ့အချိန် အထိစက်မှုတော်လှန်် ရေးကြီး (၄) ခုရှိခဲ့ပါတယ်။

ပထမမြောက် စက်မှုတော်လှန်ရေးကတော့ ၁၇၀၀ ပြည့်နှစ်တွေမှာ ရေနွေးငွေ့အင်ဂျင်တွေ တီထွင်နိုင်ခဲ့တာနဲ့အတူ ဖြစ်ပေါ်လာတာပါ။ ရေနွေးငွေ့ အင်ဂျင်တွေကြောင့် လူသားတွေဟာ အရင်က တိရစ္ဆာန်တွေကို သုံးပြီးကူးလူး ဆက်သွယ်နေရာကနေ မီးရထားတွေ၊ မီးသင်္ဘောကြီးတွေ ပေါ်ပေါက်လာပြီးတော့ ကမ္ဘာအနှံ့ကို ခြေဆန့်လာနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် လူအားနဲ့ လုပ်ရတဲ့နေရာမှာ ရေနွေးငွေ့စွမ်းအင်သုံး စက်တွေပေါ်လာတာကြောင့် ကုန်ပစ္စည်းအမြောက်အမြားကို (Mass Production) ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒုတိယမြောက် စက်မှုတော်လှန်ရေးကတော့ ၂၀ ရာစုအစော ပိုင်းမှာ ပေါ်ပေါက်ခဲ့တာပါ။ Michael Faraday ရဲ့ ဂျင်နရေတာတီထွင်မှု၊ Nikolaus Otto ရဲ့ ဓာတ်ဆီအင်ဂျင် တီထွင်မှုတွေ နဲ့အတူ စက်ရုံတွေဟာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပါတယ်။ ထုတ်ကုန်တွေကို အချိန်တိုအတွင်းအမြောက်အမြား ထုတ်လုပ်လာနိုင်သလို ကုန်ပစ္စည်းတစ်ခုရဲ့ကုန်ကျ စရိတ်ကလည်း တော်တော်လေးကို လျော့ကျသွားခဲ့ပါတယ်။

တတိယမြောက် စက်မှုတော်လှန်ရေး ဟာဒစ်ဂျစ်တယ် ကွန်ပျူတာစနစ်တွေနဲ့အတူ ပေါ်ထွက်ခဲ့တာပါ။ အချိန်ကာလ အားဖြင့် ၁၉၇၀ ပြည့်နှစ်တစ်ဝိုက်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာတွေကြောင့် စက်ရုံတွေဟာ အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ ကိရိယာတွေ ပေါ်လာခဲ့ပါတယ်။ ဒီကိရိယာတွေဟာ လူသားအလုပ် သမားတွေအတွက် ပျင်းစရာကောင်းတဲ့ ထပ်တလဲလဲ လုပ်နေရတဲ့ အလုပ်တွေကို ၂၄/၇ အလုပ်လုပ်ပေးတာကြောင့်ကုန် ကျစရိတ်က တော်တော်လေး သက်သာသွားသလို ကုန်ထုတ်လုပ်နိုင်စွမ်း (Productivity) ကလည်း မြင့်တက်သွားပါတယ်။

ဒီနေ့ခေတ်မှာ ကျွန်တော်တို့တွေ ကြုံတွေ့နေရတဲ့ စတုတ္ထမြောက် စက်မှုတော်လှန်ရေး ဆိုတာကတော့ အသိဉာဏ်မြင့် စက်ရုပ်တွေ၊ ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence)၊ နာနိုနည်းပညာ (Nano Technology)၊ Quantum Computing နည်းပညာ၊ Biotechnology နည်းပညာ၊ Internet of Things (IoT) နည်းပညာ၊ Industrial Internet of Things (IIoT) နည်းပညာ၊ 5G နည်းပညာ၊ 3D Printing နည်းပညာ၊ မောင်းသူမဲ့ယာဉ်တွေ၊ ဒီနည်းပညာတွေ အားလုံးပေါင်းပြီး ပေါ်ပေါက်လာရတာပါ။

ဒီစက်မှုတော်လှန်ရေးနဲ့အတူ စက်ရုံတွေရဲ့ လည်ပတ်ပုံစနစ်ကြီး တစ်ခုလုံး ပြောင်းလဲသွားရုံတင် မကသေးပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝကြီးလည်း ရုတ်ချည်းပြောင်းလဲသွားမှာပါ။ တစ်ခုနဲ့ တစ်ခုချိတ်ဆက်ထားပြီးတော့ ဉာဏ်ရည်တုနည်း ပညာတွေပါဝင်တဲ့ စက်ကိရိယာတွေကြောင့် ကုန်ထုတ်စွမ်းအားဟာ ပိုပြီးတိုးလာမှာ ဖြစ်ပါတယ်။ အဲ့လိုပဲ Smart City တွေ Smart Home နည်းပညာတွေကြောင့် လူသားတွေရဲ့ ဘဝဟာ အရင်ကထက် ပိုပြီးအဆင့်မြင့်လာမှာပါ။ ပြောရမယ်ဆိုရင် Industry 4.0 ဟာ ကျွန်တော် တို့တွေရဲ့ နေထိုင်ပုံ၊ အလုပ်လုပ်ပုံ၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပုံနည်းလမ်းတွေကို တော်လှန်ပြောင်းလဲပစ်မှာ ဖြစ်ပါတယ်။

အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ

ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ တည်ထောင်သူဖြစ်သလို အမှုဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ ပါမောက္ခ Klaus Schwab ရဲ့ အဆိုအရ ဒီစတုတ္ထမြောက် စက်မှုတော်လှန်ရေးကနေ ပေါ်ပေါက်လာမယ့် အပြောင်းအလဲတွေဟာ လူ့သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး ဖြစ်လာမှာပါ။ ဒါကြောင့် ဒီတော်လှန်ရေးရဲ့ အကျိုးရလဒ် တွေ၊ ပြဿနာတွေဟာ အနာဂတ်မှာ ဘယ်ဘက်က အားသာသွားမယ်ဆိုတာကို ကြိုမသိနိုင်သလို၊ ဒါတွေကိုခန့်မှန်းပြီး ကြိုတင်ပြင် ဆင်နိုင်ဖို့ဟာလည်း တော်ရုံလွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူးလို့ သူ့ရဲ့ ‘Fourth Industrial Revolution’ စာအုပ်မှာ ဆိုထားပါတယ်။

အကျိုးရလဒ်ပိုင်းကို ပြောရမယ်ဆိုရင် အဓိကကျတဲ့ အကျိုးကျေးဇူးကတော့ ကုန်ထုတ်စွမ်းအား (Productivity) မြင့်တက်လာခြင်းပါပဲ။ Industry 4.0 ရဲ့ နည်းပညာ တွေထဲက တစ်ခုကတော့ စက်ရုပ်တွေပါ။ တကယ်တော့ ဒါဟာလည်း အထူးအဆန်းကြီးတော့ မဟုတ်လှပါဘူး။ စက်ရုံတွေမှာ Manufacturing Robot တွေကို အသုံးပြုလာခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ စက်ရုံတွေရဲ့ (၈) ရာခိုင်နှုန်းကပဲ ဒီစက်ရုပ်တွေကို သုံးနိုင်ပါသေးတယ်။ သိို့ပေမယ့် လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ (၂၅) ရာခိုင်နှုန်းအထိ တိုးတက်လာမှာ ဖြစ်ပါတယ်။ အရေအတွက်ပိုင်းသာမက အရည်အချင်းပိုင်းမှာလည်း တိုးတက်လာမှာဖြစ်တာကြောင့် ဒီစက်ရုပ်တွေဟာ အရင်က မလုပ်နိုင်တဲ့ ပိုပြီးရှုပ်ထွေးတဲ့ အလုပ်တွေကို ၂၄/၇ အလုပ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။

ဒီစက်မှုတော်လှန်ရေးဟာ ထုတ်ကုန်အရေအတွက်ပိုင်းလေးပဲ တိုးတက်ရုံလားလို့ မေးမယ်ဆိုရင်တော့ မဟုတ်ပါဘူး။ အဲ့ထက် ပိုပါတယ်။ ပိုပြီးကောင်း မွန်တဲ့၊ ပိုပြီးစမတ်ကျတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ပြောရရင် စားသုံးသူတစ်ဦးချင်းရဲ့ လိုအပ်ချက်ကို လိုက်ပြီးတော့ကို ထုတ်လုပ်ပေးနိုင်မှာပါ။ ဒါကို Scale Customization လို့ ဆိုပါတယ်။ စာဖတ်သူတို့ စိတ်ကူးယဉ်ကြည့်ပါ။ စက်ရုံကနေ ကိုယ်လိုချင်တဲ့ ဒီဇိုင်းအတိုင်းအကျႌကို စျေးသက်သက်သာသာနဲ့ ချုပ်ပေးနိုင်မယ်ဆိုရင် ဘယ်လောက်များ အဆင်ပြေလိုက်လေမလဲ။ Industry 4.0 က ဒီစိတ်ကူးကို လက်တွေ့ဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။

ဒါ့အပြင် Industry 4.0 ကြောင့် စက်ရုံတွေဟာ အရင်လို အကြီးစားတွေ မဟုတ်တော့ဘဲ သေးသေးကျစ်ကျစ်နဲ့ စားသုံးသူအလိုကျ ထုတ်ကုန်တွေကို မြန်မြန်ဆန်ဆန် ထုတ်လုပ်လာနိုင်မှာပါ။ ဒါ့အပြင် ဒီအရွယ်အစားသေးငယ်တဲ့ စက်ရုံတွေကိုမြို့ပြင် ဝေးဝေးလံလံမှာ တည်ဆောက်ဖို့ မလိုတော့ဘဲ မြို့ပြအနီးစားသုံးသူတွေရဲ့ အနားမှာ ကုန်ပစ္စည်းတွေ ထုတ်လုပ်လာနိုင်မှာ ဖြစ်တာကြောင့် မလိုအပ်တဲ့ သယ်ယူပို့ဆောင်စရိတ်တွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီစက်ရုံလေးတွေဟာ ကုန်ပစ္စည်း အမယ်မျိုးစုံကို စားသုံးသူတွေရဲ့ အမှာစာပေါ်မူတည်ပြီး မြန်မြန်ဆန်ဆန် ထုတ်ပေးလာနိုင်မှာပါ။ အရင်ကလို ရောင်းမကုန်လို့ ရှုံးတဲ့အဖြစ်မျိုး ရှိတော့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် စက်ရုံတွေဟာ ကိရိယာတွေအားလုံး ချိတ်ဆက်ထားတာကြောင့် ဘယ်အချိန်မှာ တစ်ခုခု ချို့ယွင်းတော့မယ်ဆိုတာကိုပါ အရင်က ဖြစ်ရပ်တွေပေါ် ဉာဏ်ရည်တု နည်းပညာက လေ့လာပြီး ခန့်မှန်းပေးလာနိုင်ပါလိမ့်မယ်။ တစ်ခါတစ်ရံ လူသားရဲ့ အကူအညီမလိုဘဲ အလိုအလျောက်ပြုပြင်နိုင်ပါလိမ့်မယ်။ စက်ပစ္စည်းတွေကို မပျက်ခင်ကတည်းက ကြိုတင်ပြီး ပြင်သင့်တာတွေ ပြင်ထားနိုင်မှာ ဖြစ်တာကြောင့် Downtime ကို တော်တော် လေးလျှော့ချနိုင်မှာပါ။

ဆိုးကျိုးတွေကရော ဘာတွေဖြစ်နိုင်မလဲ

ဒီစက်မှုတော်လှန်ရေးရဲ့ အဓိကအကျဆုံး ဆိုးကျိုးကို ပြောပါလို့ဆိုရင် လူတန်းစားကွာဟမှု (Social Inequality) ပိုပြီးကြီးမားလာမှာလို့ပဲ ဆိုရပါလိမ့်မယ်။ အထက်မှာဆိုခဲ့သလို လုပ်ငန်းခွင်တွေမှာ အရင်ကထက်ပိုပြီး ဉာဏ်ရည်မြင့်မားတဲ့ စက်ရုပ်တွေက အစားထိုး ဝင်ရောက်လာတာကြောင့် တစ်ချို့သော အလုပ်တွေဟာ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာမှာဖြစ်သလို အလုပ်ရဖို့အတွက် လိုအပ်ချက် (ဥပမာ – ကျွမ်းကျင်မှု) တွေကလည်း အရင်ကထက် ပိုများလာမှာပါ။ ဒါတွေအားလုံး ပေါင်းစုံတဲ့အခါ ကျွမ်းကျင်မှုနိမ့်တဲ့ သူတွေအတွက် လစာနည်းပြီး (Low-skill/low-pay) ကျွမ်းကျင်မှု မြင့်တဲ့သူတွေအတွက် လစာများလာမှာ (High-skill/high-pay) ဖြစ်ပြီးတော့ လူတန်းစား ကွာဟချက်တွေ ကြီးမားလာမှာဖြစ်သလို ပဋိပက္ခတွေလည်း ပိုမိုမြင့်မားလာနိုင်ချေ ရှိပါတယ်။

ဒါ့အပြင် နောက်ထပ် အလေးထားရမယ့် ဆိုးကျိုးတစ်ခုကတော့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေ ထိပါးလာတာပဲ ဖြစ်ပါတယ်။ ဒီစက်မှုတော်လှန်ရေးနဲ့အတူ စားသောက်ကုန်လုပ်ငန်းကနေ ဘဏ်လုပ်ငန်းအထိ ကုမ္ပဏီတွေ အားလုံးဟာ ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းလာမှာပါ။ ဒါကြောင့် စားသုံးသူတွေရဲ့ အချက်အလက်တွေကို ပိုပိုပြီးလိုအပ်လာကြပါတယ်။ ဒီလိုနဲ့ပဲစားသုံးသူ တွေဟာ ကုမ္ပဏီတွေရဲ့ ဒီဂျစ်တယ် နောက်ယောင်ခံလိုက်မှုတွေကို အခုထက်ကို ပိုမိုကြုံတွေ့လာ ကြရဦးမှာပါ။ ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင်ဒီဂျစ်တယ် အချက်အလက်တွေကို မကောင်းတဲ့သူတွေ လက်ထဲများ ရောက်သွားမလား ဆိုပြီးတော့ ပူပန်လာရမှာပါ။

ဒီစတုတ္ထမြောက် စက်မှုတော်လှန်ရေးကို တစ်ခြားတော်လှန်ရေးတွေနဲ့ ကွာခြားစေတဲ့ အချက်ကတော့ ပြောင်းလဲမှုဟာ နောင်ဆယ်နှစ်မှာ ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းမရလောက် အောင်ကို မြန်ဆန်တဲ့အချက်ပါပဲ။ ဒီအချက်ကိုပဲ စဉ်းစားကြည့်ပါ။ တယ်လီဖုန်းကို သုံးစွဲသူသန်း ၁၀၀ ပြည့်ဖို့ရာအချိန် (၇၅) နှစ်အထိ ကြာခဲ့ပါတယ်။ ဒါပေမဲ့ Instagramမှာ Sign Up လုပ်သူဦးရေသန်း ၁၀၀ ပြည့်ဖို့ အချိန် (၂) နှစ်ပဲစောင့်လိုက်ရပါတယ်။ အားလုံးသိတဲ့ နာမည်ကျော် Pokemon Go ဂိမ်းကတော့ (၁) လပဲ အချိန်ယူလိုက်ရပါတယ်။ အ့ံသြစရာပါပဲ။

ဒါကြောင့်ပဲ ပညာရှင်တွေဟာ ဒီတော်လှန်ရေးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးမှာ ဘယ်ဘက်က အားသာသွားမယ်ဆိုတာကို ဘယ်သူမှ တပ်အပ် မပြောနိုင်ကြတာပါ။ နည်းပညာမှာ ရှေ့ရောက်ပြီး ကြိုတင်ပြင်ဆင်မှု အပိုင်းမှာ အားကောင်းတဲ့ ဖွံံ့ဖြိုးပြီး နိုင်ငံတွေတောင်မှ ဒီတော်လှန်ရေးရဲ့ အပြောင်းအလဲရေစီးကို လိုက်လို့မမှီပါဘူး။ အကျိုးဆက်အနေနဲ့ အစိုးရတွေဟာလည်း ဒီတော်လှန်ရေးရဲ့ စက်ကွင်းကနေ မလွတ်တော့ပါဘူး။ ပါမောက္ခ Schwab ရဲ့ အဆိုအရ အပြောင်းအလဲကို လက်ခံပြီး မဟာဗျူဟာကျကျ ထိထိရောက်ရောက် လိုက်ပါဆောင်ရွက်နိုင်တဲ့ အစိုးရတွေသာ ဒီတော်လှန်ရေးမှာ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုတင် ပြင်ဆင်ကြမလဲ

ပါမောက္ခ Schwab ကတော့ ဒီတော်လှန်ရေးမှာ ခေါင်းဆောင်တွေသာမက နိုင်ငံသားတွေကိုပါ အပြောင်းအလဲကို ပုံဖော်ရာမှာ ပါဝင်ဆောင်ရွက်စေချင်တဲ့ ဆန္ဒရှိပါတယ်။ အနာဂတ်မှာ စက်ရုပ်တွေထက် လူသားတွေရဲ့ ကဏ္ဍကိုဦးစားပေး ဖို့ရာလည်း နှိုးဆော်နေပါတယ်။ ဒီနည်းပညာတွေ အားလုံးဟာ လူသားတွေအတွက်ပဲ လူသားတွေက တီထွင်ထားတယ်ဆိုတာ မမေ့ဖို့သူက ဆိုပါတယ်။

လူသားတွေအနေနဲ့လည်း ဒီနည်းပညာတွေနဲ့ အပြောင်းအလဲတွေကို ပုံဖော်ရာမှာ ကြိုတင်ပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် လူငယ်တွေ လူကြီးတွေ တစ်ယောက်မကျန် လူသားအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးပါလာပါတယ်။ ဒီနည်းပညာတွေကို လူသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပုဂ္ဂိုလ်ရေးဘဝတွေမှာ ဘယ်လိုပုံစံနဲ့ ဘယ်လောက် အတိုင်းအတာအထိ ပါဝင်ပတ်သက်ခွင့် ပေးမလဲဆိုတာကို အားလုံးသဘော တူညီတဲ့ အမြင်တစ်ခုရှိဖို့ရာ လိုအပ်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ အရင်းအနှီးတွေကို နည်းပညာအခြေခံ အဆောက်အဦးတွေနဲ့ Data Analysis တွေမှာ ရင်းနှီးမြှုပ်နှံဖို့ရာ ပြင်ဆင်သင့်ပါပြီ။ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ Smart and Connected Organization တွေ ဖြစ်လာမှသာ နောက်ကောက်ကျ မကျန်ရစ်ခဲ့မှာပါ။

ကျွန်တော်တို့အနေနဲ့ အပြောင်းအလဲကို ကြောက်နေဖို့ မလိုအပ်ပါဘူး။ အပြောင်းအလဲကို လက်ခံပြီးကိုယ်နဲ့ လူသားတွေအတွက် အကျိုးရှိရှိ အသုံးချနိုင်ဖို့ပဲ လိုပါတယ်။ ဒီနေ့မှာလုပ်နေတဲ့ အလုပ်တွေဟာ တစ်နေ့မှာပြောင်းလဲ သွားနိုင်တယ်ဆိုတာကို ကြိုတွေးပြီး ကိုယ့်ရဲ့ အရည်အချင်းကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် အောင် အားထုတ်သင့်ပါတယ်။ စက်ရုပ်တွေ ဘယ်လောက်ပဲ တော်လာတော်လာ ခွဲခြမ်းစိတ်ဖြာတတ်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ဝန်ထမ်းတစ်ယောက်ကိုတော့ အလုပ်ရှင်တွေက ဘယ်ခေတ်မှာမှ လက်မလွှတ် ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်တွေအတွက် ခေတ်ဟောင်းနေပြီဖြစ်တဲ့ လက်ရှိပညာရေးစနစ်ကို စွန့်လွှတ်ပြီး Industry 4.0 နဲ့ လိုက် လျောညီထွေဖြစ်အောင် ပြင်ဆင်ထားတဲ့ ပညာရေးစနစ်တစ်ခုကို ဖန်တီးဖို့ရာ လိုအပ်လာပါပြီ။

ပြောရရင် ကျွန်တော်တို့တွေဟာ စက်ရုပ်တွေထက်သာအောင် ကြိုတင်ပြင်ဆင်ဖို့ရာ လိုအပ်လာပါပြီ။