စကၠဴ arrival card ေတြေနရာမွာ အီလက္ထရြန္နစ္ဗားရွင္းနဲ႔ အစားထိုးသြားမယ့္ စင္ကာပူ

စင္ကာပူကို လာေရာက္လည္ပတ္တဲ့ ႏိုင္ငံျခားသားဧည့္သည္ေတြဟာ မၾကာခင္မွာ စကၠဴ arrival card (ဆိုက္ေရာက္ကတ္) ေတြကို ျဖည့္စြက္စရာမလိုေတာ့ဘဲ အဲ့ဒီအစား သူတို႔ရဲ႕အခ်က္အလက္ေတြကို အြန္လိုင္းေပၚမွာ ျဖည့္စြက္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

စင္ကာပူကို ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသားေတြဟာ disembarkation/embarkation card မွာ စီးနင္းလာတဲ့ ေလယာဥ္နံပါတ္ေတြနဲ႔ စင္ကာပူမွာ ေနထိုင္မယ့္ ေနရပ္လိပ္စာ အပါအဝင္ အခ်က္အလက္ေတြကို ျဖည့္စြက္ရပါတယ္။

အီလက္ထရြန္နစ္ ဆိုက္ေရာက္ကတ္မွာေတာ့ ခရီးသည္ေတြက စင္ကာပူကို မဆိုက္ေရာက္ခင္ Immigration and Checkpoint Authoirty (ICA) ရဲ႕ ဝက္ဘ္ဆိုက္ ဒါမွမဟုတ္ mobile application တစ္ခုကေနတစ္ဆင့္ ကိုယ္ေရးအခ်က္အလက္နဲ႔ ခရီးစဥ္အေသးစိတ္ကို ျဖည့္စြက္ႏိုင္တယ္လို႔ ICA က ေအာက္တိုဘာ ၃ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

စင္ကာပူကို ဆိုက္ေရာက္လာတဲ့အခါမွာ ျပည္ဝင္ခြင့္အတြက္ passport ေတြသာ လိုအပ္မွာ ျဖစ္ပါတယ္။ ႀကိဳတင္ျဖည့္စြက္ထားတဲ့ အီလက္ထရြန္နစ္ ဆိုက္ေရာက္ကတ္ေတြကေတာ့ ICA ရဲ႕ immigration system အတြင္း ရိွေနမွာ ျဖစ္ပါတယ္။

အဆိုပါ အီလက္ထရြန္နစ္ ဆိုက္ေရာက္ကတ္ စမ္းသပ္မႈကို ေအာက္တိုဘာ ၄ ရက္ကစၿပီး သံုးလၾကာ ျပဳလုပ္သြားမယ္လို႔ ICA က ေျပာပါတယ္။ စမ္းသပ္မႈကို Woodlands နဲ႔ Tuas Checkpoint ေတြ၊ Changi ေလဆိပ္နဲ႔ စင္ကာပူရဲ႕ cruise/ferry terminal ေလးခုမွာ ျပဳလုပ္သြားမယ္လို႔ ဆိုပါတယ္။
အဲ့ဒီ checkpoint ေတြကို ေရာက္ရိွလာၿပီး စကၠဴ ဆိုက္ေရာက္ကတ္ေတြကို မျဖည့္စြက္ရေသးတဲ့ ႏိုင္ငံျခားသားဧည့္သည္ေတြ အေနနဲ႔လည္း စမ္းသပ္မႈမွာ ပါဝင္ဖို႔နဲ႔ တံု႔ျပန္ခ်က္ေပးဖို႔ ICA အရာရိွေတြက ေတာင္းဆိုမွာ ျဖစ္ပါတယ္။

ဒီစမ္းသပ္မႈဟာ ဆိုက္ေရာက္ကတ္ ျဖည့္စြက္စရာမလိုတဲ့ စင္ကာပူႏိုင္ငံသားေတြ၊ အၿမဲတမ္းေနထိုင္ခြင့္ရထားသူေတြနဲ႔ စင္ကာပူကို ျပန္လာတဲ့ ေက်ာင္းသားနဲ႔ အလုပ္သမားတို႔လို ကာလရွည္ pass holder ရရိွထားသူေတြအေပၚ သက္ေရာက္မႈမရိွဘူးလို႔ ICA က ေျပာပါတယ္။

ႏိုင္ငံျခားဘာသာစကား အမ်ိဳးမ်ိဳးနဲ႔ အသံုးျပဳႏိုင္မယ့္ အဆိုပါ အီလက္ထရြန္နစ္ကတ္ေတြမွာ မိသားစုနဲ႔ ခရီးသြားသူေတြ ဒါမွမဟုတ္ အုပ္စုဖြဲ႕ၿပီး ခရီးသြားသူေတြက ျဖည့္စြက္မႈ တစ္ႀကိမ္သာျပဳလုပ္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ ျဖည့္စြက္ထားတဲ့ ေလယာဥ္ခရီးစဥ္၊ ေနာက္ဆံုးဝင္ေရာက္ခဲ့တဲ့ ကာလနဲ႔ စင္ကာပူမွာေနထိုင္မယ့္ ေနရပ္လိပ္စာလို အခ်က္အလက္ေတြကို အုပ္စုထဲက အျခားသူတိုင္းအတြက္ အလိုအေလ်ာက္ ေကာ္ပီကူးေပးမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ mobile app မွာလည္း စင္ကာပူကို လာေရာက္လည္ပတ္မယ့္ ခရီးသည္ေတြက အရင္ခရီးစဥ္ေတြကေန ေနာက္လာမယ့္ ခရီးစဥ္ေတြအထိ အခ်က္အလက္ေတြကို ျဖည့္စြက္သိမ္းဆည္းထားႏိုင္ပါတယ္။

“ဒီ အီလက္ထရြန္နစ္ ဆိုက္ေရာက္ကတ္က အလုပ္ကို ပိုၿပီးတြင္က်ယ္ေစမွာ ျဖစ္ပါတယ္။ ဒါဟာ ICA ရဲ႕ စာရြက္မလိုတဲ့ ျပည္ဝင္ခြင့္ စိတ္ကူးအတြက္ သိသာထင္ရွားတဲ့ ေျခလွမ္းတစ္ရပ္လည္း ျဖစ္ပါတယ္။ ဒီအေျပာင္းအလဲဟာ တစ္ႏွစ္ကို စကၠဴကတ္ ၄၈ သန္းအထိ ေခၽြတာႏိုင္ေစပါလိမ့္မယ္” လို႔ ICA က ေျပာၾကားခဲ့ပါတယ္။

Ref: CNA

[ Unicode ]

စင်ကာပူကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားဧည့်သည်တွေဟာ မကြာခင်မှာ စက္ကူ arrival card (ဆိုက်ရောက်ကတ်) တွေကို ဖြည့်စွက်စရာမလိုတော့ဘဲ အဲ့ဒီအစား သူတို့ရဲ့အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ ဖြည့်စွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေဟာ disembarkation/embarkation card မှာ စီးနင်းလာတဲ့ လေယာဉ်နံပါတ်တွေနဲ့ စင်ကာပူမှာ နေထိုင်မယ့် နေရပ်လိပ်စာ အပါအဝင် အချက်အလက်တွေကို ဖြည့်စွက်ရပါတယ်။

အီလက်ထရွန်နစ် ဆိုက်ရောက်ကတ်မှာတော့ ခရီးသည်တွေက စင်ကာပူကို မဆိုက်ရောက်ခင် Immigration and Checkpoint Authoirty (ICA) ရဲ့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် mobile application တစ်ခုကနေတစ်ဆင့် ကိုယ်ရေးအချက်အလက်နဲ့ ခရီးစဉ်အသေးစိတ်ကို ဖြည့်စွက်နိုင်တယ်လို့ ICA က အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စင်ကာပူကို ဆိုက်ရောက်လာတဲ့အခါမှာ ပြည်ဝင်ခွင့်အတွက် passport တွေသာ လိုအပ်မှာ ဖြစ်ပါတယ်။ ကြိုတင်ဖြည့်စွက်ထားတဲ့ အီလက်ထရွန်နစ် ဆိုက်ရောက်ကတ်တွေကတော့ ICA ရဲ့ immigration system အတွင်း ရှိနေမှာ ဖြစ်ပါတယ်။

အဆိုပါ အီလက်ထရွန်နစ် ဆိုက်ရောက်ကတ် စမ်းသပ်မှုကို အောက်တိုဘာ ၄ ရက်ကစပြီး သုံးလကြာ ပြုလုပ်သွားမယ်လို့ ICA က ပြောပါတယ်။ စမ်းသပ်မှုကို Woodlands နဲ့ Tuas Checkpoint တွေ၊ Changi လေဆိပ်နဲ့ စင်ကာပူရဲ့ cruise/ferry terminal လေးခုမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အဲ့ဒီ checkpoint တွေကို ရောက်ရှိလာပြီး စက္ကူ ဆိုက်ရောက်ကတ်တွေကို မဖြည့်စွက်ရသေးတဲ့ နိုင်ငံခြားသားဧည့်သည်တွေ အနေနဲ့လည်း စမ်းသပ်မှုမှာ ပါဝင်ဖို့နဲ့ တုံ့ပြန်ချက်ပေးဖို့ ICA အရာရှိတွေက တောင်းဆိုမှာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုဟာ ဆိုက်ရောက်ကတ် ဖြည့်စွက်စရာမလိုတဲ့ စင်ကာပူနိုင်ငံသားတွေ၊ အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေနဲ့ စင်ကာပူကို ပြန်လာတဲ့ ကျောင်းသားနဲ့ အလုပ်သမားတို့လို ကာလရှည် pass holder ရရှိထားသူတွေအပေါ် သက်ရောက်မှုမရှိဘူးလို့ ICA က ပြောပါတယ်။

နိုင်ငံခြားဘာသာစကား အမျိုးမျိုးနဲ့ အသုံးပြုနိုင်မယ့် အဆိုပါ အီလက်ထရွန်နစ်ကတ်တွေမှာ မိသားစုနဲ့ ခရီးသွားသူတွေ ဒါမှမဟုတ် အုပ်စုဖွဲ့ပြီး ခရီးသွားသူတွေက ဖြည့်စွက်မှု တစ်ကြိမ်သာပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဖြည့်စွက်ထားတဲ့ လေယာဉ်ခရီးစဉ်၊ နောက်ဆုံးဝင်ရောက်ခဲ့တဲ့ ကာလနဲ့ စင်ကာပူမှာနေထိုင်မယ့် နေရပ်လိပ်စာလို အချက်အလက်တွေကို အုပ်စုထဲက အခြားသူတိုင်းအတွက် အလိုအလျောက် ကော်ပီကူးပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် mobile app မှာလည်း စင်ကာပူကို လာရောက်လည်ပတ်မယ့် ခရီးသည်တွေက အရင်ခရီးစဉ်တွေကနေ နောက်လာမယ့် ခရီးစဉ်တွေအထိ အချက်အလက်တွေကို ဖြည့်စွက်သိမ်းဆည်းထားနိုင်ပါတယ်။

“ဒီ အီလက်ထရွန်နစ် ဆိုက်ရောက်ကတ်က အလုပ်ကို ပိုပြီးတွင်ကျယ်စေမှာ ဖြစ်ပါတယ်။ ဒါဟာ ICA ရဲ့ စာရွက်မလိုတဲ့ ပြည်ဝင်ခွင့် စိတ်ကူးအတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီအပြောင်းအလဲဟာ တစ်နှစ်ကို စက္ကူကတ် ၄၈ သန်းအထိ ချွေတာနိုင်စေပါလိမ့်မယ်” လို့ ICA က ပြောကြားခဲ့ပါတယ်။

Ref: CNA