စက္မႈလက္မႈသိပၸံဘာသာရပ္မ်ားအတြက္ သင္တန္းသားေခၚယူ

[Zawgyi]

Sakura-Insein သင္တန္းေက်ာင္းမွ တကၠသိုလ္၀င္တန္းမေအာင္ျမင္ပါကလည္း ေလွ်ာက္ထားႏိုင္တဲ့ စက္မႈလက္မႈသိပၸံဘာသာရပ္ေတြအတြက္ သင္တန္းသားေတြေခၚယူေနတယ္လို႔ သိရပါတယ္။

ပညာေရး၀န္ႀကီးဌာန (TVET) Department နဲ႔ AGTI Society တို႔ ပူးေပါင္းဖြင့္လွစ္တဲ့ Vocational Training Centre ကေန သင္တန္းသားေခၚယူေနတာျဖစ္ၿပီး ဖြင့္လွစ္ေပးသြားမယ့္ ဘာသာရပ္ေတြက Commercial Electrical Wiring Course နဲ႔ Electrical Power Distribution Line Course ေတြျဖစ္ၿပီး Commercial Electrical Wiring Course အတြက္ ေက်ာင္းသား ၃၀ ဦးနဲ႔ Electrical Power Distribution Line Course အတြက္ ေက်ာင္းသား ၁၅ ဦး ေခၚယူသြားမွာျဖစ္ပါတယ္။ သင္တန္းကို သင္ေထာက္ကူပစၥည္း အျပည့္အစုံနဲ႔ ဂ်ပန္နိုင္ငံရဲ႕ လွ်ပ္စစ္စံခ်ိန္စံညႊန္းေတြနဲ႔အညီ သင္ၾကားေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ေလွ်ာက္ထားလိုသူေတြ အေနနဲ႔ အနိမ့္ဆုံးတကၠသိုလ္ဝင္တန္းအဆင့္ သင္ၾကားဖူးသူ၊ အသက္ ၁၇ ႏွစ္ျပည့္ၿပီး အသက္ ၂၃ ႏွစ္ထက္ မႀကီးဖို႔လိုအပ္ၿပီး သင္တန္းေၾကးေပးသြင္းတက္ေရာက္ရမွာျဖစ္ပါတယ္။ သင္တန္းကာလကေတာ့ ၇ လ ၾကာျမင့္မွာျဖစ္ပါတယ္။ ေလွ်ာက္လႊာေတြကို ျမန္မာနိုင္ငံအင္ဂ်င္နီယာအသင္း (တတိယထပ္) လိႈင္တကၠသိုလ္နယ္ေျမ၊ ရန္ကုန္မွာ အခမဲ့ ထုတ္ယူႏုိင္မွာျဖစ္ပါတယ္။

ဒီဇင္ဘာလ ၇ ရက္ေနာက္ဆုံးထားၿပီး အင္းစိန္ဂ်ီတီအိုင္ေက်ာင္းဝင္း အတြင္းရွိ သက္ေမြးပညာသင္တန္းေက်ာင္း (Sakura-Insein) သို႔ေလၽွာက္ထားရမွာျဖစ္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကို ဖုန္း-၀၁-၃၆၄၃၆၆၃၊ ၀၉-၉၇၅၂၈၉၇၉၇ နဲ႔ ၀၉-၄၂၈၃၂၄၈၃၂ ကို ႐ံုးခ်ိန္အတြင္း ဆက္သြယ္စုံစမ္းႏိုင္ပါတယ္။

[Unicode]

Sakura-Insein သင်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းမအောင်မြင်ပါကလည်း လျှောက်ထားနိုင်တဲ့ စက်မှုလက်မှုသိပ္ပံဘာသာရပ်တွေအတွက် သင်တန်းသားတွေခေါ်ယူနေတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန (TVET) Department နဲ့ AGTI Society တို့ ပူးပေါင်းဖွင့်လှစ်တဲ့ Vocational Training Centre ကနေ သင်တန်းသားခေါ်ယူနေတာဖြစ်ပြီး ဖွင့်လှစ်ပေးသွားမယ့် ဘာသာရပ်တွေက Commercial Electrical Wiring Course နဲ့ Electrical Power Distribution Line Course တွေဖြစ်ပြီး Commercial Electrical Wiring Course အတွက် ကျောင်းသား ၃၀ ဦးနဲ့ Electrical Power Distribution Line Course အတွက် ကျောင်းသား ၁၅ ဦး ခေါ်ယူသွားမှာဖြစ်ပါတယ်။ သင်တန်းကို သင်ထောက်ကူပစ္စည်း အပြည့်အစုံနဲ့ ဂျပန်နိုင်ငံရဲ့ လျှပ်စစ်စံချိန်စံညွှန်းတွေနဲ့အညီ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းအဆင့် သင်ကြားဖူးသူ၊ အသက် ၁၇ နှစ်ပြည့်ပြီး အသက် ၂၃ နှစ်ထက် မကြီးဖို့လိုအပ်ပြီး သင်တန်းကြေးပေးသွင်းတက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းကာလကတော့ ရ လ ကြာမြင့်မှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တတိယထပ်) လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မှာ အခမဲ့ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ရ ရက်နောက်ဆုံးထားပြီး အင်းစိန်ဂျီတီအိုင်ကျောင်းဝင်း အတွင်းရှိ သက်မွေးပညာသင်တန်းကျောင်း (Sakura-Insein) သို့လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဖုန်း-၀၁-၃၆၄၃၆၆၃၊ ၀၉-၉၇၅၂၈၉၇၉၇ နဲ့ ၀၉-၄၂၈၃၂၄၈၃၂ ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။