စက္မႈမွတ္ပုံတင္ျခင္း အြန္လိုင္းစနစ္မွ ေလွ်ာက္ထားႏိုင္

[ Zawgyi ]

စက္မႈမွတ္ပုံတင္ျခင္းကို အြန္လိုင္းစနစ္မွ ေလွ်ာက္ထားႏိုင္မွာျဖစ္တယ္လို႔ Myanmar National Portal ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ပုဂၢလိက စက္မႈလုပ္ငန္းရွင္ေတြအေနနဲ႔ ဇန္နဝါရီလ ၁ ရက္မွစၿပီး အြန္လိုင္းစနစ္ကို အသုံးျပဳ၍ စက္မႈမွတ္ပုံတင္ ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း၊ အြန္လိုင္းစနစ္နဲ႔ လုပ္ငန္းမွတ္ပုံတင္ ေလွ်ာက္လႊာ အသစ္တင္ဖို႔၊ သက္တမ္းတိုးဖို႔နဲ႔ အခ်က္အလက္ေတြ ေျပာင္းလဲဖို႔အတြက္ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ ေလွ်ာက္လႊာတင္ရာမွာ Myanmar3 font နဲ႔သာ ေရးသားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေလွ်ာက္ထားၿပီးပါက ေလွ်ာက္လႊာမွာ ေဖာ္ျပခ်က္ေတြ မွန္ကန္မႈ ရွိ/မရွိ၊ တည္ဆဲဥပေဒအရ ညီၫြတ္မႈရွိ/မရွိကို ႐ုံးမွ ကြင္းဆင္းစစ္ေဆးမွာျဖစ္ၿပီး ကြင္းဆင္းစစ္ေဆးမယ့္ရက္ကို အေၾကာင္းျပန္ၾကားမွာ ျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို ဒီေနရာမွာ ဝင္ေရာက္ၾကည့္႐ႈႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

စက်မှုမှတ်ပုံတင်ခြင်းကို အွန်လိုင်းစနစ်မှ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ Myanmar National Portal ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ ဇန်နဝါရီလ ၁ ရက်မှစပြီး အွန်လိုင်းစနစ်ကို အသုံးပြု၍ စက်မှုမှတ်ပုံတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ အွန်လိုင်းစနစ်နဲ့ လုပ်ငန်းမှတ်ပုံတင် လျှောက်လွှာ အသစ်တင်ဖို့၊ သက်တမ်းတိုးဖို့နဲ့ အချက်အလက်တွေ ပြောင်းလဲဖို့အတွက် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လျှောက်လွှာတင်ရာမှာ Myanmar3 font နဲ့သာ ရေးသားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လျှောက်ထားပြီးပါက လျှောက်လွှာမှာ ဖော်ပြချက်တွေ မှန်ကန်မှု ရှိ/မရှိ၊ တည်ဆဲဥပဒေအရ ညီညွတ်မှုရှိ/မရှိကို ရုံးမှ ကွင်းဆင်းစစ်ဆေးမှာဖြစ်ပြီး ကွင်းဆင်းစစ်ဆေးမယ့်ရက်ကို အကြောင်းပြန်ကြားမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။