ဂ်ပန္အစုိးရမွ ေပးအပ္သည့္ ပညာသင္ဆုအတြက္ ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

ဂ်ပန္နိုင္ငံအစိုးရမွ ကမ္းလွမ္းလာတဲ့ Teacher Trgining Students Program (2019) ပညာသင္ဆုအတြက္ ေလွ်ာက္လႊာေတြေခၚယူေနၿပီလို႔ သိရပါတယ္။

တိုင္းေဒသႀကီး/ျပည္နယ္ ပညာေရးမွဴး႐ုံးေတြက မိမိတို႔ တိုင္းေဒသႀကီး/ျပည္နယ္အတြက္ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ တနသၤာရီ၊ ပဲခူး (အေရွ႕)၊ ပဲခူး (အေနာက္)၊ မေကြး၊ မြန္၊ ရခိုင္၊ ရွမ္း (ေတာင္)၊ ရွမ္း (ေျမာက္)၊ ရွမ္း (အေရွ႕)၊ ေနျပည္ေတာ္တို႔မွာ ၂ ဦးနဲ႔ က်န္တိုင္းေဒသႀကီး/ျပည္နယ္ေတြျဖစ္တဲ့ စစ္ကိုင္း၊ မႏၱေလး၊ ရန္ကုန္၊ ဧရာ၀တီ တို႔မွာ ၃ ဦးသတ္မွတ္ထားၿပီး ပဏာမဦးေရ သင္တန္းသားေတြကို ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။ ေရြးခ်ယ္အဆိုျပဳခံရသူေတြရဲ႕အမည္စာရင္း၊ ရာထူး/ေက်ာင္း၊ ဖုန္းနံပါတ္တို႔ကို အဂၤလိပ္/ျမန္မာ ႏွစ္ဘာသာနဲ႔ ေဖာ္ျပၿပီး တန္းစီဇယား၊ ရမွတ္၊ ကိုယ္ေရးမွတ္တမ္းေတြနဲ႔အတူ ပူးတြဲၿပီး သက္ဆိုင္ရာ ဦးစီးဌာနသို႔ ဇန္နဝါရီလ ၇ ရက္ထက္ ေနာက္မက်ေစဘဲ ေပးပို႔ရမွာျဖစ္ပါတယ္။ ပညာေရးတကၠသုိလ္ႏွင့္ ပညာေရးေကာလိပ္မ်ားရွိ ေလ့က်င့္ေရး အလယ္တန္းေက်ာင္းနဲ႔ အထက္တန္းေက်ာင္းေတြမွ မူလတန္းျပ၊ အလယ္တန္းျပ၊ အထက္တန္းျပေတြလည္း ေလွ်ာက္ထားႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလမွ ၂၀၂၁ ခုႏွစ္ မတ္လအထိ ၾကာျမင့္မွာျဖစ္သလို ဘြဲ႕ရရွိၿပီးသူ၊ အေျခခံပညာ ေက်ာင္းမ်ားနဲ႔ ေလ့က်င့္ေရးေက်ာင္းမ်ားမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ မူလတန္းျပ၊ အလယ္တန္းျပနဲ႔ အထက္တန္းျပ ျဖစ္သူ၊ သင္ၾကားေရးလုပ္သက္ (၅) ႏွစ္ ျပည့္ၿပီးသူ၊ အဂၤလိပ္စာကြ်မ္းက်င္သူ၊ ဂ်ပန္ဘာသာစကားကို သင္ယူရန္ ဆႏၵရွိသူျဖစ္ရမွာျဖစ္ပါတယ္။ အဂၤလိပ္ဘာသာရပ္နဲ႔ ပညာေရးဆုိင္ရာ အေထြေထြဗဟုသုတ တို႔ကို ေရးေျဖ ႏႈတ္ေျဖ စစ္ေဆးၿပီး စိစစ္ေရြးခ်ယ္ေရးအဖြဲ႕နဲ႔ စိစစ္ေဆာင္ရြက္မွာျဖစ္ပါတယ္။ ပဏာမေရြး ခ်ယ္ခံရသူေတြဟာ ဇန္န၀ါရီလ ၉ ရက္မွာ အထက (၆)၊ ေနျပည္ေတာ္မွာ အဂၤလိပ္ဘာသာရပ္နဲ႔ ပညာေရးဆိုင္ရာ အေထြေထြဗဟုသုတတို႔ကို ေရးေျဖ ေျဖဆိုရမွာျဖစ္ၿပီး လူေတြ႕ႏႈတ္ေျဖ ဆက္လက္ေျဖဆိုရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

ဂျပန်နိုင်ငံအစိုးရမှ ကမ်းလှမ်းလာတဲ့ Teacher Trgining Students Program (2019) ပညာသင်ဆုအတွက် လျှောက်လွှာတွေခေါ်ယူနေပြီလို့ သိရပါတယ်။

တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးတွေက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ ပဲခူး (အရှေ့)၊ ပဲခူး (အနောက်)၊ မကွေး၊ မွန်၊ ရခိုင်၊ ရှမ်း (တောင်)၊ ရှမ်း (မြောက်)၊ ရှမ်း (အရှေ့)၊ နေပြည်တော်တို့မှာ ၂ ဦးနဲ့ ကျန်တိုင်းဒေသကြီး/ပြည်နယ်တွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ တို့မှာ ၃ ဦးသတ်မှတ်ထားပြီး ပဏာမဦးရေ သင်တန်းသားတွေကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ရွေးချယ်အဆိုပြုခံရသူတွေရဲ့အမည်စာရင်း၊ ရာထူး/ကျောင်း၊ ဖုန်းနံပါတ်တို့ကို အင်္ဂလိပ်/မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြပြီး တန်းစီဇယား၊ ရမှတ်၊ ကိုယ်ရေးမှတ်တမ်းတွေနဲ့အတူ ပူးတွဲပြီး သက်ဆိုင်ရာ ဦးစီးဌာနသို့ ဇန်နဝါရီလ ရ ရက်ထက် နောက်မကျစေဘဲ ပေးပို့ရမှာဖြစ်ပါတယ်။ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များရှိ လေ့ကျင့်ရေး အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြတွေလည်း လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် မတ်လအထိ ကြာမြင့်မှာဖြစ်သလို ဘွဲ့ရရှိပြီးသူ၊ အခြေခံပညာ ကျောင်းများနဲ့ လေ့ကျင့်ရေးကျောင်းများမှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြ၊ အလယ်တန်းပြနဲ့ အထက်တန်းပြ ဖြစ်သူ၊ သင်ကြားရေးလုပ်သက် (၅) နှစ် ပြည့်ပြီးသူ၊ အင်္ဂလိပ်စာကျွမ်းကျင်သူ၊ ဂျပန်ဘာသာစကားကို သင်ယူရန် ဆန္ဒရှိသူဖြစ်ရမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာရပ်နဲ့ ပညာရေးဆိုင်ရာ အထွေထွေဗဟုသုတ တို့ကို ရေးဖြေ နှုတ်ဖြေ စစ်ဆေးပြီး စိစစ်ရွေးချယ်ရေးအဖွဲ့နဲ့ စိစစ်ဆောင်ရွက်မှာဖြစ်ပါတယ်။ ပဏာမရွေး ချယ်ခံရသူတွေဟာ ဇန်နဝါရီလ ၉ ရက်မှာ အထက (၆)၊ နေပြည်တော်မှာ အင်္ဂလိပ်ဘာသာရပ်နဲ့ ပညာရေးဆိုင်ရာ အထွေထွေဗဟုသုတတို့ကို ရေးဖြေ ဖြေဆိုရမှာဖြစ်ပြီး လူတွေ့နှုတ်ဖြေ ဆက်လက်ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။