ခႏၶာကုိယ္အပူခ်ိန္နဲ႔ ေနေရာင္ျခည္စြမ္းအင္ အသုံးျပဳၿပီး အားသြင္းႏိုင္တဲ့ Matrix ရဲ႕ PowerWatch 2

[ Zawgyi ]

လက္စ္ဗီးဂတ္စ္မွာ ျပဳလုပ္ေနတဲ့ CES 2019 ျပပြဲမွာ Matrix ဟာ PowerWatch 2 ကုိမိတ္ဆက္သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ CES ျပပြဲမွာ ပါဝင္ခဲ့တဲ့ Matrix ရဲ႕ PowerWatch ဟာ ဝတ္ဆင္သူရဲ႕ လက္ေကာက္ဝတ္က ခႏၶာကုိယ္အပူခ်ိန္နဲ႔ လည္ပတ္ႏိုင္ပါတယ္။ PowerWatch 2 မွာေတာ့ အရင္မ်ိဳးဆက္လို အျဖဴအမည္း screen မဟုတ္ေတာ့ဘဲ ၁.၂ လက္မ ေရာင္စုံ display အျပင္ အပူခ်ိန္တုိင္းကိရိယာနဲ႔ ေနေရာင္ျခည္စြမ္းအင္သုံးၿပီး အားသြင္းႏိုင္တဲ့စနစ္တို႔ ပါဝင္လာပါတယ္။ ဒါ့အျပင္ GPS နဲ႔ fitness ေျခရာခံမႈလည္း ပါဝင္လာပါေသးတယ္။

PowerWatch 2 ရဲ႕ထူးျခားခ်က္ကေတာ့ ပလပ္ထိုးၿပီး အားသြင္းစရာမလိုတာဘဲ ျဖစ္ပါတယ္။ Matrix ရဲ႕ PowerWatch 2 ဟာ third-party app ေတြ download ျပဳလုပ္စရာ မလိုသလို သတိေပးခ်က္ေထာက္ပံ့မႈလည္း နည္းနည္းပဲ ျပသေပးပါတယ္။ ဖုနး္ေခၚဆိုမႈေတြကုိ မျပသေပးပါဘူး။ အျပင္မွာ လႈပ္ရွားသြားလာရသူေတြအတြက္ ရည္ရြယ္ထုတ္လုပ္ထားတယ္လို႔ Matrix ကေျပာထားပါတယ္။

 


တကယ္လုိ႔ PowerWatch 2 အသုံးျပဳသူေတြက ေတာင္တက္သမား ဒါမွမဟုတ္ မုဆိုးဆုိရင္ အလြန္သင့္ေတာ္ပါတယ္။ PowerWathc 2 ဟာ အလြန္အၾကမ္းခံသလို အားသြင္းစရာမလုိအပ္ပါဘူး။ ဒါ့အျပင္ Apple HomeKit နဲ႔ Google Fit တို႔နဲ႔ တြဲဖက္အသုံးျပဳႏုိင္ပါတယ္။


PowerWatch 2 ဟာ အၾကမ္းခံၿပီး အလူမီနီယမ္ case နဲ႔ ရာဘာႀကိဳးနဲ႔ ႀကီးမားတဲ့ ၄၂ မီလီမီတာ နာရီတစ္မ်ိဳး ျဖစ္ပါတယ္။ နာရီရဲ႕ေဘးေဘာင္အတြင္းမွာ ဆိုလာဆဲလ္ထည့္သြင္းထားၿပီး အိမ္တြင္း၊ အိမ္ျပင္က အလင္းေရာင္စြမ္းအင္ကုိ သိမ္းဆည္းေပးထားပါတယ္။ မႏွစ္က ျပသခဲ့တဲ့ PowerWatch ထက္စာရင္ PowerWatch 2 ဟာ အနည္းငယ္ေသးငယ္ပါတယ္။


PowerWatch 2 ရဲ႕ LCD ေရာင္စုံ display ဟာ အၿမဲပြင့္ေနၿပီး ေနေရာင္မွာလည္း အခ်ိန္ကို အလြယ္တကူ ၾကည့္ႏိုင္ပါတယ္။ ဒါ့အျပင္ အစင္းရာမထင္တဲ့ screen နဲ႔ မီတာ ၂၀၀ အထိ ေရစိမ္ခံႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။

PowerWatch 2 ကုိ ၁၉၉ ေဒၚလာနဲ႔ Indiegogo မွာႀကိဳတင္မွာယူႏိုင္ပါတယ္။ ၂၀၁၉ ခုႏွစ္၊ ဇြန္လမွာ လက္လီေဈးႏႈန္း ေဒၚလာ ၄၉၉ နဲ႔ တင္ပုိ႔ေရာင္းခ်မယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်နေတဲ့ CES 2019 ပြပွဲမှာ Matrix ဟာ PowerWatch 2 ကိုမိတ်ဆက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ CES ပြပွဲမှာ ပါဝင်ခဲ့တဲ့ Matrix ရဲ့ PowerWatch ဟာ ဝတ်ဆင်သူရဲ့ လက်ကောက်ဝတ်က ခန္ဓာကိုယ်အပူချိန်နဲ့ လည်ပတ်နိုင်ပါတယ်။ PowerWatch 2 မှာတော့ အရင်မျိုးဆက်လို အဖြူအမည်း screen မဟုတ်တော့ဘဲ ၁.၂ လက်မ ရောင်စုံ display အပြင် အပူချိန်တိုင်းကိရိယာနဲ့ နေရောင်ခြည်စွမ်းအင်သုံးပြီး အားသွင်းနိုင်တဲ့စနစ်တို့ ပါဝင်လာပါတယ်။ ဒါ့အပြင် GPS နဲ့ fitness ခြေရာခံမှုလည်း ပါဝင်လာပါသေးတယ်။

PowerWatch 2 ရဲ့ထူးခြားချက်ကတော့ ပလပ်ထိုးပြီး အားသွင်းစရာမလိုတာဘဲ ဖြစ်ပါတယ်။ Matrix ရဲ့ PowerWatch 2 ဟာ third-party app တွေ download ပြုလုပ်စရာ မလိုသလို သတိပေးချက်ထောက်ပံ့မှုလည်း နည်းနည်းပဲ ပြသပေးပါတယ်။ ဖုနး်ခေါ်ဆိုမှုတွေကို မပြသပေးပါဘူး။ အပြင်မှာ လှုပ်ရှားသွားလာရသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ Matrix ကပြောထားပါတယ်။

တကယ်လို့ PowerWatch 2 အသုံးပြုသူတွေက တောင်တက်သမား ဒါမှမဟုတ် မုဆိုးဆိုရင် အလွန်သင့်တော်ပါတယ်။ PowerWathc 2 ဟာ အလွန်အကြမ်းခံသလို အားသွင်းစရာမလိုအပ်ပါဘူး။ ဒါ့အပြင် Apple HomeKit နဲ့ Google Fit တို့နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။

PowerWatch 2 ဟာ အကြမ်းခံပြီး အလူမီနီယမ် case နဲ့ ရာဘာကြိုးနဲ့ ကြီးမားတဲ့ ၄၂ မီလီမီတာ နာရီတစ်မျိုး ဖြစ်ပါတယ်။ နာရီရဲ့ဘေးဘောင်အတွင်းမှာ ဆိုလာဆဲလ်ထည့်သွင်းထားပြီး အိမ်တွင်း၊ အိမ်ပြင်က အလင်းရောင်စွမ်းအင်ကို သိမ်းဆည်းပေးထားပါတယ်။ မနှစ်က ပြသခဲ့တဲ့ PowerWatch ထက်စာရင် PowerWatch 2 ဟာ အနည်းငယ်သေးငယ်ပါတယ်။

PowerWatch 2 ရဲ့ LCD ရောင်စုံ display ဟာ အမြဲပွင့်နေပြီး နေရောင်မှာလည်း အချိန်ကို အလွယ်တကူ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် အစင်းရာမထင်တဲ့ screen နဲ့ မီတာ ၂၀၀ အထိ ရေစိမ်ခံနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

PowerWatch 2 ကို ၁၉၉ ဒေါ်လာနဲ့ Indiegogo မှာကြိုတင်မှာယူနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ လက်လီဈေးနှုန်း ဒေါ်လာ ၄၉၉ နဲ့ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

Ref: TheVerge