ခရီးသြားတဲ့အခါမွာ ဖုန္းဘက္ထရီကို ၾကာၾကာခံေစမယ့္ အႀကံျပဳခ်က္ ၇ မ်ဳိး

[ Zawgyi ]

လူတုိင္း ခရီးသြားတဲ့အခါမွာ အမ်ားဆုံး အသုံးျပဳျဖစ္တာက မိမိရဲ႕စမတ္ဖုန္းပါ။ ခရီးသြားရင္ လိုအပ္တဲ့ အခ်က္အလက္ေတြ ေတာ္ေတာ္မ်ားမ်ားကို ဖုန္းအသုံးျပဳၿပီး ရွာေဖြတာ ဆက္သြယ္စုံစမ္းတာ၊ ဖုန္းထဲက ေျမပုံလမ္းၫႊန္ app ေတြသုံးၿပီး ေနရာသစ္ေတြကို သြားေရာက္ေလ့လာတာေတြကို အလြယ္တကူ လုပ္ေဆာင္ႏုိင္တာလည္း ပါပါတယ္။ အဲဒီလိုေတြ ခရီးသြားရင္း အခ်ိန္ၾကာၾကာလုပ္တာနဲ႔အမွ် ျဖစ္လာႏုိင္တာက ဖုန္းဘက္ထရီ ၾကာၾကာအသုံးမျပဳႏုိင္တာဘဲ ျဖစ္ပါတယ္။

အဲလိုမ်ဳိးျဖစ္ေပၚလာရင္ေတာ့ ဖုန္းရဲ႕ ဘက္ထရီကို အခ်ိန္ပိုၾကာၾကာ အသုံးျပဳႏုိင္မယ့္ နည္းလမ္းတခ်ဳိ႕ကို ေလ့လာႏုိင္ဖုိ႔ ေဖာ္ျပေပးလိုက္ပါတယ္။

အႀကံျပဳခ်က္ (၁)

အခြင့္အေရးရတုိင္း ဖုန္းအားသြင္းပါ။

အရင္ဆုံးမိမိရဲ႕ ဖုန္းမွာ ဘက္ထရီရာခုိင္ႏႈန္းက မ်ားေသးတယ္ ၈ဝ ရာခုိင္ႏႈန္းေလာက္ ရွိေသးတာပဲဆိုၿပီး အားသြင္းလို႔ရတဲ့ေနရာမ်ဳိးမွာ မသြင္းေသးပါဘဲ ဒီထက္ နည္းမွသြင္းမယ္လို႔ ေတြးတာက ခရီးသြားတဲ့အခါမွာ မမွန္ဘူးလို႔ ဆိုခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ မိမိခရီးသြားတဲ့အခါမွာ ေနာက္ထပ္ေရာက္မယ္ ေနရာေဒသမွာ မိမိအေနနဲ႔ ဖုန္းအားသြင္းလို႔ရမယ္ မရဘူးဆိုတာက မေသခ်ာပါဘူး။ ဒါေၾကာင့္ ခရီးသြားတဲ့အခါမွာ ဖုန္းအားသြင္းဖို႔ အခြင့္အေရးရတုိင္း အားသြင္းသင့္ပါတယ္။

အႀကံျပဳခ်က္ (၂)

ဖုန္းရဲ႕ ေအာ္ရီဂ်င္နယ္အားသြင္းႀကိဳးနဲ႔ ေခါင္းကိုသုံးပါ။

ဖုန္းကို အခြင့္အေရးရတုိင္း အားသြင္းဖို႔ အေပၚမွာေျပာခဲ့ပါတယ္။ ေနာက္တစ္ခုက အားသြင္းတုိင္းမွာ အတတ္ႏုိင္ဆုံး ဝယ္တုန္းက တစ္ပါတည္းပါတဲ့ ဖုန္းရဲ႕ေအာ္ရီဂ်င္နယ္ အားသြင္းႀကိဳးနဲ႔ ေခါင္းကို အသုံးျပဳသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဖုန္းထုတ္လုပ္တဲ့သူေတြက ဖုန္းကိုစထုတ္လုပ္လုိက္ကတည္းက သူ႔ရဲ႕ ဖုန္းရဲ႕ ဘက္ထရီစနစ္အတြက္ သင့္ေတာ္မႈရွိတဲ့ အားသြင္းစနစ္ကို ဖုန္းနဲ႔ အားသြင္းေခါင္းမွာ ထည့္သြင္းအသုံးျပဳထားတာျဖစ္တဲ့အတြက္ မိမိအေနနဲ႔ ဝယ္ယူတုန္းက ပါဝင္တဲ့ အားသြင္းႀကိဳးနဲ႔မသြင္းဘဲ အျခားအမ်ဳိးအစားတူႀကိဳးကို အသုံးျပဳတဲ့အခါမွာ အားသြင္းရတာ ပုံမွန္ေလာက္ မျမန္ဆန္ႏုိင္ပါဘူး။ ေလဆိပ္လိုမ်ဳိး လူအမ်ား အားသြင္းဖို႔အတြက္ အခြင့္အေရးရွိတဲ့ ေနရာမ်ုဳိးမွာ လူတုိင္းကိုယ္လိုပဲ ဖုန္းအားသြင္းၾကမွာ ျဖစ္ပါတယ္။ အဲလိုေနရာမ်ဳိးမွာ အခ်ိန္တိုတုိနဲ႔ ခဏအတြင္းမွာ မိမိရဲ႕ ဖုန္းကို ျမန္ျမန္အားသြင္းႏုိင္ဖို႔ အတြက္ ဝယ္ယူတုန္းက ပါဝင္တဲ့ ေအာ္ရီဂ်င္တယ္ အားသြင္းႀကိဳးနဲ႔ ေခါင္းကို အသုံးျပဳပါ။
ေနာက္ထပ္တစ္ခုက သူမ်ားက သူ႔ဖုန္းႀကိဳးက အားသြင္းတာ ပိုျမန္တယ္ဆိုတုိင္းလဲ မိမိဖုန္းအတြက္ အသုံးမျပဳပါနဲ႔။ ဖုန္းရဲ႕ တန္ဖိုးေပၚမူတည္ၿပီး အားသြင္းႀကိဳးမွာ ပါဝင္တဲ့ နည္းပညာေတြ မတူညီၾကပါဘူး။ ေနာက္ၿပီး ဖုန္းရဲ႕ဘက္ထရီအႀကီးအေသးေပၚ မူတည္ၿပီးလည္း ႀကိဳးရဲ႕ ပါဝါေထာက္ပံ့ႏုိင္မႈ မတူညီပါဘူး။ မိမိဖုန္းထက္ ဘက္ထရီပိုႀကီးၿပီး ပါဝါထာက္ပံ့မႈပိုမ်ားတဲ့ ႀကိဳးမ်ဳိးနဲ႔ ဖုန္းနဲ႔ မကိုက္ညီတဲ့ အားသြင္းျမန္ဆန္တဲ့ နည္းပညာမ်ဳိးပါဝင္တဲ့ အားသြင္းႀကိဳးကို အသုံးျပဳတာက အဆိုးဝါးဆုံးအေနနဲ႔ ဖုန္းဘက္ထရီ ထေပါက္တာမ်ဳိးေတြအထိ ျဖစ္ေပၚႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဖုန္းအားသြင္းတုိင္း ဝယ္တုန္းကပါတဲ့ ေအာ္ရီဂ်င္နယ္ အားသြင္းႀကိဳးကိုသာ အသုံးျပဳသင့္ပါတယ္။

အႀကံျပဳခ်က္ (၃)

ေလယာဥ္ မစီးေနတဲ့အခ်ိန္မွာေတာင္ Airplane Mode ကို အသုံးျပဳပါ။

ဖုန္းမွာပါတဲ့ Airplane mode က ဖုန္းရဲ႕ ဘက္ထရီကို အခ်ိန္ပိုၾကာေအာင္ အမ်ားႀကီးေထာက္ပံ့ေပးပါတယ္။ မိမိအေနနဲ႔ ခရီးသြားရင္ ဖုန္းလုိင္းမမိတဲ့ေနရာမ်ဳိးေတြကို သြားေရာက္ေလ့လာတာမ်ဳိးဆိုရင္ မိမိက ေလယာဥ္မစီးေနတဲ့တုိင္ေတာင္ Airplane mode ကို အသုံးျပဳၿပီး ဖုန္းဘက္ထရီ အခ်ိန္ပိုၾကာေအာင္ လုပ္ေဆာင္ထားသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဖုန္းလုိင္းမမိတဲ့ အခါမ်ဳိးဆို ဖုန္းက သူ႔ရဲ႕လိုင္းဆြဲအားကို ေရာက္တဲ့ေနရာတုိင္းမွာ ဖုန္းလုိင္းကို ဖမ္းယူတာ ျဖစ္တဲ့အတြက္ ဖုန္းဘက္ထရီအားကို မ်ားစြာအသုံးျပဳရပါတယ္။ ေနာက္တစ္ခုက Bluetooth စနစ္နဲ႔ GPS စနစ္ေတြကလည္း ဖုန္းဘက္ထရီကုန္တာ ျမန္ေစတဲ့အတြက္ ခရီးသြားတဲ့အခါမ်ဳိးမွာ မလိုအပ္ရင္ ပိတ္ထားသင့္ပါတယ္။

အႀကံျပဳခ်က္ (၄)

Wallpaper အနက္၊ Dark App Theme ေတြအသုံးျပဳပါ။

ဒါကေတာ့ ခရီးသြားမွမဟုတ္ပါဘူး။ အၿမဲတမ္းအတြက္လည္း အသုံးဝင္တဲ့ အခ်က္ပါ။ အနက္ေရာင္ Wallpaper ေတြက ဖုန္း Screen ျမင္ကြင္းကေန pixel ေတြ အသုံးျပဳမႈ အနည္းငယ္သာ လိုအပ္တဲ့အတြက္ ဖုန္းကို ပါဝါသုံးစြဲမႈ ေလွ်ာ့ခ်ေပးႏုိင္တဲ့အခ်က္တစ္ခု ျဖစ္ပါတယ္။ အဲလိုပဲ Dark app theme ေတြကလည္း app ေတြကို အေရာင္အေသြးစုံ ျပသေပးစရာမလိုဘဲ ျမင္ကြင္းရဲ႕ pixel ေတာက္ပမႈကို ေလ်ာ့နည္းေစပါတယ္။

ဖုန္းရဲ႕ Theme စနစ္ကေန Dark Theme ကို ဖုန္းမွာ အလြယ္တကူအသုံးျပဳႏုိင္ေအာင္ ေနာက္ပိုင္းမွာ ဖုန္းထုတ္လုပ္သူေတြက လုပ္ေဆာင္ထုတ္လုပ္လာၾကပါတယ္။ မိမိအေနနဲ႔ ဖုန္းရဲ႕ Dark Theme ကို မလုပ္တတ္ဘူးဆိုရင္ေတာ့ YouTube မွာ ရွာေဖြၾကည့္႐ႈႏုိင္ပါတယ္။ ေနာက္ၿပီး Dark Theme အတြက္ app ေတြလည္း မ်ားစြာရွိတဲ့အတြက္ အဲဒါေတြကို သုံးၿပီးလည္း ဖုန္းမွာ Dark Theme ကို အသုံးျပဳႏုိင္ပါတယ္။

အႀကံျပဳခ်က္ (၅)

ခရီးသြားခင္ မလိုအပ္တဲ့ Apps ေတြကို Uninstall/Install လုပ္ပါ။

မိမိအေနနဲ႔ ကိုယ့္ရဲ႕ အႀကိဳက္ဆုံး app ေတြကို uninstall မလုပ္ခ်င္ဘဲ လုပ္ရတဲ့အခ်ိန္ေတြရွိခဲ့မွာပါ။ ဖုန္းထဲမွာရွိတဲ့ app ေတြက ေနာက္ကြယ္မွာ ပြင့္ေနတဲ့အခါမ်ဳိးမွာ ဖုန္းရဲ႕ ဘက္ထရီ သုံးစြဲမႈက မ်ားေနတတ္ပါတယ္။ ဥပမာ Facebook Messenger က ပါဝါ သုံးစြဲမႈမ်ားပါတဲ့အတြက္ အခ်ိန္ၾကာၾကာအသုံးျပဳေလ ဖုန္းပါဝါ ေလ်ာ့နည္းမႈျမန္ေလ ျဖစ္ပါတယ္။ ဒါေၾကာင့္ မိမိအေနနဲ႔ ဖုန္းဘက္ထရီ ၾကာၾကာခံေစဖို႔အတြက္ လက္တေလာ ခရီးသြားတဲ့အခါမ်ဳိးမွာ မလိုအပ္ေလာက္တဲ့ app ေတြကို Uninstall လုပ္ပါ။ ၿပီးမွ Install ျပန္လုပ္ပါ။

အႀကံျပဳခ်က္ (၆)

ဖုန္း Screen Brightness ေတာက္ပမႈကို ေလွ်ာ့ခ်ပါ။

မိမိအေနနဲ႔ လမ္းသြားရင္ ဖုန္းရဲ႕ Screen Brightness ျဖစ္တဲ့ ျမင္ကြင္းေတာက္ပမႈကို ေလွ်ာ့ထားပါ။ ဒါမွမဟုတ္လည္း adjust လုပ္ ခ်ိန္ညႇိထားပါ။ ဒါကလည္း ဖုန္းဘက္ထရီကို ၾကာၾကာခံေစတဲ့ အခ်က္တစ္ခုပါ။

အႀကံျပဳခ်က္ (၇)

ခရီးနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို Offline သုံးႏုိင္ဖို႔ Download ျပဳလုပ္ထားပါ။

ဒီတစ္ခုကေတာ့ မိမိရဲ႕ Location နဲ႔ပတ္သက္တဲ့ အခ်က္အလက္ပါ။ မိမိအေနနဲ႔ ျဖစ္ႏုိင္ရင္ မိမိသြားေရာက္မယ့္ေနရာဆုိင္ရာ ေျမပုံအခ်က္အလက္ေတြကို ဖုန္းထဲကို Offline အေနနဲ႔ အသုံးျပဳႏုိင္ဖို႔ Download ျပဳလုပ္ထားသင့္ပါတယ္။ ဒါဆိုရင္ေတာ့ လမ္းခရီးမွာ မိုဘုိင္းအင္တာနက္အသုံးျပဳစရာမလိုဘဲ app ေတြကို Offline အေနနဲ႔ အသုံးျပဳႏုိင္မွာျဖစ္သလို မိမိရဲ႕ တည္ေနရာ Location ကိုလည္း Offline အေနနဲ႔ အသုံးျပဳႏုိင္ပါလိမ့္မယ္။ ဒီအခ်က္ကလည္း ခရီးသြားရင္း ဘက္ထရီ အကုန္ျမန္တာကို ေလွ်ာ့ခ်ႏုိင္မယ့္ အေကာင္းဆုံးနည္းလမ္းတစ္ခု ျဖစ္ပါတယ္။

နိဂုံးခ်ဳပ္ရရင္ မိမိအေနနဲ႔ ဖုန္းအသုံးျပဳရမႈနည္းေလ ဘက္ထရီ ပိုၾကာၾကာခံေလျဖစ္ပါတယ္။ အဲဒါေၾကာင့္ ခရီးသြားတဲ့အခါမွာ ဖုန္းဘက္ထရီကို ၾကာၾကာခံဖို႔ အတြက္ မလိုအပ္တဲ့ ဖုန္းရဲ႕ ဆားဗစ္ေတြကို ပိတ္ထားႏိိုင္ေလ ေကာင္းေလပါပဲလို႔ ဆိုခ်င္ပါတယ္။

– ရဲထြဋ္ဝင္း

[ Unicode ]

လူတိုင်း ခရီးသွားတဲ့အခါမှာ အများဆုံး အသုံးပြုဖြစ်တာက မိမိရဲ့စမတ်ဖုန်းပါ။ ခရီးသွားရင် လိုအပ်တဲ့ အချက်အလက်တွေ တော်တော်များများကို ဖုန်းအသုံးပြုပြီး ရှာဖွေတာ ဆက်သွယ်စုံစမ်းတာ၊ ဖုန်းထဲက မြေပုံလမ်းညွှန် app တွေသုံးပြီး နေရာသစ်တွေကို သွားရောက်လေ့လာတာတွေကို အလွယ်တကူ လုပ်ဆောင်နိုင်တာလည်း ပါပါတယ်။ အဲဒီလိုတွေ ခရီးသွားရင်း အချိန်ကြာကြာလုပ်တာနဲ့အမျှ ဖြစ်လာနိုင်တာက ဖုန်းဘက်ထရီ ကြာကြာအသုံးမပြုနိုင်တာဘဲ ဖြစ်ပါတယ်။

အဲလိုမျိုးဖြစ်ပေါ်လာရင်တော့ ဖုန်းရဲ့ ဘက်ထရီကို အချိန်ပိုကြာကြာ အသုံးပြုနိုင်မယ့် နည်းလမ်းတချို့ကို လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အကြံပြုချက် (၁)

အခွင့်အရေးရတိုင်း ဖုန်းအားသွင်းပါ။

အရင်ဆုံးမိမိရဲ့ ဖုန်းမှာ ဘက်ထရီရာခိုင်နှုန်းက များသေးတယ် ၈ဝ ရာခိုင်နှုန်းလောက် ရှိသေးတာပဲဆိုပြီး အားသွင်းလို့ရတဲ့နေရာမျိုးမှာ မသွင်းသေးပါဘဲ ဒီထက် နည်းမှသွင်းမယ်လို့ တွေးတာက ခရီးသွားတဲ့အခါမှာ မမှန်ဘူးလို့ ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိခရီးသွားတဲ့အခါမှာ နောက်ထပ်ရောက်မယ် နေရာဒေသမှာ မိမိအနေနဲ့ ဖုန်းအားသွင်းလို့ရမယ် မရဘူးဆိုတာက မသေချာပါဘူး။ ဒါကြောင့် ခရီးသွားတဲ့အခါမှာ ဖုန်းအားသွင်းဖို့ အခွင့်အရေးရတိုင်း အားသွင်းသင့်ပါတယ်။

အကြံပြုချက် (၂)

ဖုန်းရဲ့ အော်ရီဂျင်နယ်အားသွင်းကြိုးနဲ့ ခေါင်းကိုသုံးပါ။

ဖုန်းကို အခွင့်အရေးရတိုင်း အားသွင်းဖို့ အပေါ်မှာပြောခဲ့ပါတယ်။ နောက်တစ်ခုက အားသွင်းတိုင်းမှာ အတတ်နိုင်ဆုံး ဝယ်တုန်းက တစ်ပါတည်းပါတဲ့ ဖုန်းရဲ့အော်ရီဂျင်နယ် အားသွင်းကြိုးနဲ့ ခေါင်းကို အသုံးပြုသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဖုန်းထုတ်လုပ်တဲ့သူတွေက ဖုန်းကိုစထုတ်လုပ်လိုက်ကတည်းက သူ့ရဲ့ ဖုန်းရဲ့ ဘက်ထရီစနစ်အတွက် သင့်တော်မှုရှိတဲ့ အားသွင်းစနစ်ကို ဖုန်းနဲ့ အားသွင်းခေါင်းမှာ ထည့်သွင်းအသုံးပြုထားတာဖြစ်တဲ့အတွက် မိမိအနေနဲ့ ဝယ်ယူတုန်းက ပါဝင်တဲ့ အားသွင်းကြိုးနဲ့မသွင်းဘဲ အခြားအမျိုးအစားတူကြိုးကို အသုံးပြုတဲ့အခါမှာ အားသွင်းရတာ ပုံမှန်လောက် မမြန်ဆန်နိုင်ပါဘူး။ လေဆိပ်လိုမျိုး လူအများ အားသွင်းဖို့အတွက် အခွင့်အရေးရှိတဲ့ နေရာမျုုိးမှာ လူတိုင်းကိုယ်လိုပဲ ဖုန်းအားသွင်းကြမှာ ဖြစ်ပါတယ်။ အဲလိုနေရာမျိုးမှာ အချိန်တိုတိုနဲ့ ခဏအတွင်းမှာ မိမိရဲ့ ဖုန်းကို မြန်မြန်အားသွင်းနိုင်ဖို့ အတွက် ဝယ်ယူတုန်းက ပါဝင်တဲ့ အော်ရီဂျင်တယ် အားသွင်းကြိုးနဲ့ ခေါင်းကို အသုံးပြုပါ။
နောက်ထပ်တစ်ခုက သူများက သူ့ဖုန်းကြိုးက အားသွင်းတာ ပိုမြန်တယ်ဆိုတိုင်းလဲ မိမိဖုန်းအတွက် အသုံးမပြုပါနဲ့။ ဖုန်းရဲ့ တန်ဖိုးပေါ်မူတည်ပြီး အားသွင်းကြိုးမှာ ပါဝင်တဲ့ နည်းပညာတွေ မတူညီကြပါဘူး။ နောက်ပြီး ဖုန်းရဲ့ဘက်ထရီအကြီးအသေးပေါ် မူတည်ပြီးလည်း ကြိုးရဲ့ ပါဝါထောက်ပံ့နိုင်မှု မတူညီပါဘူး။ မိမိဖုန်းထက် ဘက်ထရီပိုကြီးပြီး ပါဝါထာက်ပံ့မှုပိုများတဲ့ ကြိုးမျိုးနဲ့ ဖုန်းနဲ့ မကိုက်ညီတဲ့ အားသွင်းမြန်ဆန်တဲ့ နည်းပညာမျိုးပါဝင်တဲ့ အားသွင်းကြိုးကို အသုံးပြုတာက အဆိုးဝါးဆုံးအနေနဲ့ ဖုန်းဘက်ထရီ ထပေါက်တာမျိုးတွေအထိ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒါကြောင့် ဖုန်းအားသွင်းတိုင်း ဝယ်တုန်းကပါတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးကိုသာ အသုံးပြုသင့်ပါတယ်။

အကြံပြုချက် (၃)

လေယာဉ် မစီးနေတဲ့အချိန်မှာတောင် Airplane Mode ကို အသုံးပြုပါ။

ဖုန်းမှာပါတဲ့ Airplane mode က ဖုန်းရဲ့ ဘက်ထရီကို အချိန်ပိုကြာအောင် အများကြီးထောက်ပံ့ပေးပါတယ်။ မိမိအနေနဲ့ ခရီးသွားရင် ဖုန်းလိုင်းမမိတဲ့နေရာမျိုးတွေကို သွားရောက်လေ့လာတာမျိုးဆိုရင် မိမိက လေယာဉ်မစီးနေတဲ့တိုင်တောင် Airplane mode ကို အသုံးပြုပြီး ဖုန်းဘက်ထရီ အချိန်ပိုကြာအောင် လုပ်ဆောင်ထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဖုန်းလိုင်းမမိတဲ့ အခါမျိုးဆို ဖုန်းက သူ့ရဲ့လိုင်းဆွဲအားကို ရောက်တဲ့နေရာတိုင်းမှာ ဖုန်းလိုင်းကို ဖမ်းယူတာ ဖြစ်တဲ့အတွက် ဖုန်းဘက်ထရီအားကို များစွာအသုံးပြုရပါတယ်။ နောက်တစ်ခုက Bluetooth စနစ်နဲ့ GPS စနစ်တွေကလည်း ဖုန်းဘက်ထရီကုန်တာ မြန်စေတဲ့အတွက် ခရီးသွားတဲ့အခါမျိုးမှာ မလိုအပ်ရင် ပိတ်ထားသင့်ပါတယ်။

အကြံပြုချက် (၄)

Wallpaper အနက်၊ Dark App Theme တွေအသုံးပြုပါ။

ဒါကတော့ ခရီးသွားမှမဟုတ်ပါဘူး။ အမြဲတမ်းအတွက်လည်း အသုံးဝင်တဲ့ အချက်ပါ။ အနက်ရောင် Wallpaper တွေက ဖုန်း Screen မြင်ကွင်းကနေ pixel တွေ အသုံးပြုမှု အနည်းငယ်သာ လိုအပ်တဲ့အတွက် ဖုန်းကို ပါဝါသုံးစွဲမှု လျှော့ချပေးနိုင်တဲ့အချက်တစ်ခု ဖြစ်ပါတယ်။ အဲလိုပဲ Dark app theme တွေကလည်း app တွေကို အရောင်အသွေးစုံ ပြသပေးစရာမလိုဘဲ မြင်ကွင်းရဲ့ pixel တောက်ပမှုကို လျော့နည်းစေပါတယ်။

ဖုန်းရဲ့ Theme စနစ်ကနေ Dark Theme ကို ဖုန်းမှာ အလွယ်တကူအသုံးပြုနိုင်အောင် နောက်ပိုင်းမှာ ဖုန်းထုတ်လုပ်သူတွေက လုပ်ဆောင်ထုတ်လုပ်လာကြပါတယ်။ မိမိအနေနဲ့ ဖုန်းရဲ့ Dark Theme ကို မလုပ်တတ်ဘူးဆိုရင်တော့ YouTube မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။ နောက်ပြီး Dark Theme အတွက် app တွေလည်း များစွာရှိတဲ့အတွက် အဲဒါတွေကို သုံးပြီးလည်း ဖုန်းမှာ Dark Theme ကို အသုံးပြုနိုင်ပါတယ်။

အကြံပြုချက် (၅)

ခရီးသွားခင် မလိုအပ်တဲ့ Apps တွေကို Uninstall/Install လုပ်ပါ။

မိမိအနေနဲ့ ကိုယ့်ရဲ့ အကြိုက်ဆုံး app တွေကို uninstall မလုပ်ချင်ဘဲ လုပ်ရတဲ့အချိန်တွေရှိခဲ့မှာပါ။ ဖုန်းထဲမှာရှိတဲ့ app တွေက နောက်ကွယ်မှာ ပွင့်နေတဲ့အခါမျိုးမှာ ဖုန်းရဲ့ ဘက်ထရီ သုံးစွဲမှုက များနေတတ်ပါတယ်။ ဥပမာ Facebook Messenger က ပါဝါ သုံးစွဲမှုများပါတဲ့အတွက် အချိန်ကြာကြာအသုံးပြုလေ ဖုန်းပါဝါ လျော့နည်းမှုမြန်လေ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအနေနဲ့ ဖုန်းဘက်ထရီ ကြာကြာခံစေဖို့အတွက် လက်တလော ခရီးသွားတဲ့အခါမျိုးမှာ မလိုအပ်လောက်တဲ့ app တွေကို Uninstall လုပ်ပါ။ ပြီးမှ Install ပြန်လုပ်ပါ။

အကြံပြုချက် (၆)

ဖုန်း Screen Brightness တောက်ပမှုကို လျှော့ချပါ။

မိမိအနေနဲ့ လမ်းသွားရင် ဖုန်းရဲ့ Screen Brightness ဖြစ်တဲ့ မြင်ကွင်းတောက်ပမှုကို လျှော့ထားပါ။ ဒါမှမဟုတ်လည်း adjust လုပ် ချိန်ညှိထားပါ။ ဒါကလည်း ဖုန်းဘက်ထရီကို ကြာကြာခံစေတဲ့ အချက်တစ်ခုပါ။

ခရီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို Offline သုံးနိုင်ဖို့ Download ပြုလုပ်ထားပါ။

ဒီတစ်ခုကတော့ မိမိရဲ့ Location နဲ့ပတ်သက်တဲ့ အချက်အလက်ပါ။ မိမိအနေနဲ့ ဖြစ်နိုင်ရင် မိမိသွားရောက်မယ့်နေရာဆိုင်ရာ မြေပုံအချက်အလက်တွေကို ဖုန်းထဲကို Offline အနေနဲ့ အသုံးပြုနိုင်ဖို့ Download ပြုလုပ်ထားသင့်ပါတယ်။ ဒါဆိုရင်တော့ လမ်းခရီးမှာ မိုဘိုင်းအင်တာနက်အသုံးပြုစရာမလိုဘဲ app တွေကို Offline အနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို မိမိရဲ့ တည်နေရာ Location ကိုလည်း Offline အနေနဲ့ အသုံးပြုနိုင်ပါလိမ့်မယ်။ ဒီအချက်ကလည်း ခရီးသွားရင်း ဘက်ထရီ အကုန်မြန်တာကို လျှော့ချနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် မိမိအနေနဲ့ ဖုန်းအသုံးပြုရမှုနည်းလေ ဘက်ထရီ ပိုကြာကြာခံလေဖြစ်ပါတယ်။ အဲဒါကြောင့် ခရီးသွားတဲ့အခါမှာ ဖုန်းဘက်ထရီကို ကြာကြာခံဖို့ အတွက် မလိုအပ်တဲ့ ဖုန်းရဲ့ ဆားဗစ်တွေကို ပိတ်ထားနိိုင်လေ ကောင်းလေပါပဲလို့ ဆိုချင်ပါတယ်။