ခရမ္းလြန္ေရာင္ျခည္အႏၲရာယ္ကို နည္းပညာျဖင့္ ဘယ္လိုတားဆီးကာကြယ္မလဲ

[ Zawgyi ]

ကမ႓ာႀကီးရဲ႕ ပူေႏြးလာမႈဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ဆက္တိုက္ဆိုသလို ျမင့္တက္လာတာေၾကာင့္ ရာသီဥတုေတြ ေဖာက္ျပန္ျခင္း အက်ိဳးဆက္ကို လူေတြပိုမိုခံစားလာခဲ့ ေနခဲ့ၾကၿပီလည္း ျဖစ္ပါတယ္။ အဆိုပါေဖာက္ျပန္တဲ့ ရာသီဥတုေတြအထဲမွာ တစ္ခုအပါအဝင္ျဖစ္တဲ့ ျပင္းထန္တဲ့ေနေရာင္ျခည္ က်ေရာက္မႈကလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ထိုစိန္ေခၚမႈက ေအးျမတဲ့ရာသီဥတုမ်ားကို ပိုင္ဆိုင္ထားတဲ့ ဥေရာပကဲ့သုိ႔ေသာ ႏိုင္ငံမ်ားအတြက္ ႀကီးမားတဲ့အခက္အခဲ တစ္ခုမဟုတ္ေပမယ့္လည္း အပူပိုင္းဇုန္အတြင္း ေနထိုင္ၾကရတဲ့ အျခားေသာႏုိင္ငံေတြ အတြက္ေတာ့ တကယ့္ကိုႀကီးမားတဲ့ ျပႆနာပါ။ ကၽြန္ေတာ္တို႔က ထင္ၾကတယ္။ ဟုတ္ၿပီ ဒီလိုျပင္းထန္တဲ့ ေနေရာင္ျခည္ထိေတြ႕မိရင္ ဘာျဖစ္မလဲ။

အခ်ိန္တိုင္းထိေတြ႕ေနရတာလည္းမဟုတ္။ အျပင္ခဏသြားလာ လႈပ္ရွားရင္းသာ ထိေတြ႕မိတာေၾကာင့္ သက္ေရာက္မႈ ဘယ္လိုရွိမလဲဆိုတာနဲ႔ ပတ္သက္ၿပီး ေတြးထင္မိၾကမွာပါ။ အဆိုပါေမးခြန္းေတြအေပၚကို ျပန္လည္ေျဖရွင္းမႈ ျပဳရမယ္ဆိုရင္ ေနေရာင္ျခည္မွာ ကင္ဆာဆဲလ္ကိုျဖစ္ေစႏုိင္တဲ့ ခရမ္းလြန္ေရာင္ျခည္ ပါဝင္ေနျခင္းေၾကာင့္ပါပဲ ေနေရာင္ျခည္ေၾကာင့္ ျဖစ္ေပၚတဲ့ အေရျပားကင္ဆာဆဲလ္ေၾကာင့္ ၁၉၉၉ ခုႏွစ္မွာ အေမရိကန္ႏုိင္ငံ တစ္ခုတည္းမွာပင္ ကင္ဆာေရာဂါသည္ေပါင္း ၄၀၇၇၇ ဦးထိ ရွိခဲ့တယ္လို႔ဆိုပါတယ္။ ၂၀၁၆ ခုႏွစ္ ေရာက္လာတဲ့ အခ်ိန္မွာေတာ့ အဆိုပါႏႈန္းဟာ ၈၀၄၄၂ ဦးအထိ ျမင့္တက္လာခဲ့သည္ကို ၾကည့္ျခင္းအားျဖင့္ ေနေရာင္ျခည္ အႏၲရာယ္ဟာ ဘယ္ေလာက္ႀကီးမားတယ္ ဆိုတာကို ေတြ႕ျမင္ႏုိင္မွာလည္း ျဖစ္ပါတယ္။ ကမ႓ာႀကီးပူေႏြးၿပီး ေလထုညစ္ညမ္းမႈေတြေၾကာင့္ တည္ရွိေနခဲ့တ့ဲ အိုဇုန္းလႊာလည္း ျပဳန္းတီးေပ်ာက္ကြယ္လာေနခဲ့တာေၾကာင့္ ေနေရာင္ျခည္မွာ ခရမ္းလြန္ေရာင္ျခည္ ပါဝင္မႈပမာဏဟာ ဘယ္ေလာက္ထိရွိေနသလဲဆိုတာ ကြ်ႏ္ုပ္တို႔အေနနဲ႔ အလြယ္တကူ သိရွိဖို႔လိုပါတယ္။ ဒါမွသာ ကိုယ့္အေပၚကို ခရမ္းလြန္ေရာင္ျခည္ ဘယ္၍ဘယ္မွ်အထိ သက္ေရာက္ေနသလဲ ဆိုတာသိရွိၿပီး ေရွာင္ရွားကာကြယ္ႏိုင္မွာပါ။

ထို႔အတြက္ေၾကာင့္လည္း ႏိုင္ငံတကာက သိပၸံပညာရွင္ေတြနဲ႔ အဖြဲ႕အစည္းေတြဟာ ခရမ္းလြန္ေရာင္ျခည္ ပမာဏမည္မွ်အထိ ပါဝင္ေနသလဲဆိုတာကို အလြယ္တကူသိရွိႏုိင္မယ့္ ဝတ္ဆင္အသံုးျပဳႏုိင္တ့ဲ နည္းပညာပစၥည္းေတြကို စဥ္ဆက္မျပတ္ဆိုသလို တီထြင္ထုတ္လုပ္လာခဲ့ၾကပါတယ္။ နမူနာအေနနဲ႔ ေစ်းကြက္မွာေတြ႕ရွိႏုိင္တဲ့ ခရမ္းလြန္ေရာင္ျခည္ႏႈန္း
ေထာက္လွမ္းတဲ့ ပစၥည္းေတြအျဖစ္ UVeBand နဲ႔ UVA+ Sunfriend အစရွိတဲ့ ဝတ္ဆင္အသံုးျပဳႏုိင္တဲ့ စနစ္ေတြကိုေတြ႕ျမင္ရမွာပါ။ ေနာက္ထပ္ အမ်ိဳးအစားတစ္ခုကေတာ့ Smartsun လို႔ အမည္ရတဲ့ပစၥည္းပဲ ျဖစ္ပါတယ္။ အဆိုပါပစၥည္းကို လက္ေကာက္ဝတ္မွာ ဝတ္ဆင္ထားတဲ့အခါ ခရမ္းလြန္ေရာင္ျခည္ သက္ေရာက္မႈ ျပင္းထန္လာမယ္ဆိုရင္ ပစၥည္းရဲ႕အေရာင္အေနနဲ႔ အဝါေရာင္ကေန ပန္းေရာင္အျဖစ္ ေျပာင္းလဲသြားၿပီး ဝတ္ဆင္သူကို အႏၲရာယ္ရွိေနၿပီဆိုတာ သတိေပးေဖာ္ျပမွာျဖစ္ပါတယ္။

မၾကာေသးမီက ျပင္သစ္အေျခစိုက္ L’Oréal ကုမၸဏီက My Skin Track UV ကိရိယာကို ပံုစံျပဳထုတ္လုပ္ခဲ့တာကို ေတြ႕ရွိရပါတယ္။ အဆိုပါကိရိယာက အက်ႌေတြတပ္ဆင္ အသံုးျပဳရၿပီး ခရမ္းလြန္ေရာင္ျခည္ ထိေတြ႕မႈကို တိုင္းတာႏုိင္တ့ဲ ပထမဆံုးဘက္ထရီမဲ့ အီလက္ထေရာနစ္ ကိရိယာတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ L’Oréal ကုမၸဏီရဲ႕ မိတ္ဖက္ကုမၸဏီ တစ္ခုျဖစ္တဲ့ La Roche-Posay အမွတ္တံဆိပ္ပါ ေရစိုခံႏိုင္တဲ့ အဆိုပါကိရိယာငယ္ေလးက အလ်ား ၁၂ မီလီမီတာနဲ႔ အနံ ၆ မီလီမီတာအတိုင္းအတာရိွၿပီး ၎မွာပါဝင္တဲ့ ဝါယာကလစ္မွတစ္ဆင့္ အသံုးျပဳသူရဲ႕ အက်ႌမွာခ်ိတ္ၿပီး အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ေနေရာင္ျခည္နဲ႔ ထိေတြ႕တဲ့အခါ My Skin Track UV ဟာ အလိုအေလ်ာက္ အသက္ဝင္လာၿပီး သံုးလအတြင္းထိေတြ႕ခဲ့ရ
ေသာ တစ္စတစ္စတိုးပြားလာသည့္ ခရမ္းလြန္ေရာင္ျခည္ ေအနဲ႔ဘီႏွစ္မ်ိဳးစလံုးကို အလိုအေလ်ာက္ မွတ္တမ္းတင္ေပးႏိုင္မွာ ျဖစ္ပါတယ္။

အဆိုပါကိရိယာကို အသံုးျပဳသူေတြဟာ ရရိွလာေသာ မွတ္တမ္းေတြကို NFC – Near Field Communication စနစ္မ်ားပါဝင္တဲ့ စမတ္ဖုန္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး ေဖာ္ထုတ္ၾကည့္႐ႈႏိုင္မွာ လည္း ျဖစ္ပါတယ္။ အဲဒီေနာက္ အဆိုပါဖုန္းမွာ ပါဝင္ေသာ iOS/ Android Application တစ္ခုက သတ္မွတ္ထားတဲ့ ကာလအပိုင္းအျခား တစ္ခုအတြင္း က်ေရာက္ခဲ့တဲ့ ခရမ္းလြန္ ေရာင္ျခည္ပမာဏကို ေဖာ္ျပေပး ႐ံုမွ်မက လတ္တေလာေရာက္ရိွေနေသာ ေနရာေဒသ၏ ခရမ္းလြန္ ေရာင္ျခည္အၫႊန္းကိန္းနဲ႔ ပတ္ဝန္းက်င္ေလထု၏ အရည္အေသြးကိုပါ ေဖာ္ျပေပးႏိုင္မွာပါ။

ေဖာ္ျပထားတဲ့ အၫႊန္းကိန္းေတြအရ User မ်ားအတြက္ ခရမ္းလြန္ေရာင္ျခည္ ထိေတြ႕မႈပမာဏဟာ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အေနအထားတြင္ ရိွေနသည္ဆိုပါက ၎တို႔အတြက္ သင့္ေလ်ာ္မည့္ အရိပ္တစ္ခုကို ရွာေဖြနားခိုျခင္းျဖင့္ ခရမ္းလြန္ေရာင္ျခည္ အႏၲရာယ္ေၾကာင့္ က်ေရာက္လာမယ့္ ကင္ဆာအႏၲရာယ္ကို ကာကြယ္ႏိုင္မွာလည္း ျဖစ္ပါတယ္။ My Skin
Track UV ကို အေမရိကန္ႏိုင္ငံရိွ Apple ပစၥည္းမ်ားကို လက္လီေရာင္းခ်ေပးေနေသာ စတိုးဆိုင္မ်ားတြင္ အေမရိကန္ေဒၚလာ ၅၉.၉၅ ေဒၚလာနဲ႔ ေရာင္းခ်လ်က္ရွိေနေပမယ့္လည္း မၾကာမီတြင္ ၎အတြက္ေဈးကြက္သစ္မ်ား ေပၚထြက္လာေတာ့မွာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဝယ္ယူသူမ်ားအတြက္ ေရြးခ်ယ္မႈအေနျဖင့္ ေဈးကြက္တြင္ ေဈးႏႈန္းသက္သာၿပီး နည္းပညာနိမ့္ေသာ ခရမ္းလြန္ေရာင္ျခည္ တိုင္းတာႏုိင္တဲ့ အျခားေသာ စမတ္အမ်ိဳးအစားေတြလည္း ရွိေနပါေသးတယ္။

အေရျပားကင္ဆာ အဖြဲ႕အစည္းကေတာ့ ေနေရာင္ျခည္ အႏၲာရာယ္ကို တားဆီးကာကြယ္မယ္ဆိုရင္ ဝတ္စားဆင္ယင္မႈအေပၚ အေလးထားသင့္တယ္လို႔ ဆုိပါတယ္။ ခႏၶာကိုယ္ေပၚက အဝတ္အစားဆိုတာကလည္း လူ႔အေရျပား အစိတ္အပိုင္း အေတာ္အမ်ားအျပားကို ဖံုးအုပ္ကာကြယ္ေပးႏုိင္တာေၾကာင့္ ခရမ္းလြန္ေရာင္ျခည္အႏၱရာယ္ ကာကြယ္ေရးမွာ အလြန္အေရးႀကီးတဲ့ ေဆာင္ရြက္မႈတစ္ခုပါ။ သို႔ေသာ္လည္း သိပၸံနည္းလမ္းအရေတာ့ မွန္ကန္စြာေရြးခ်ယ္ ဝတ္ဆင္ဖို႔လည္း လိုအပ္ေနျပန္ပါတယ္။ ထုိသို႔ေရြးခ်ယ္ဝတ္ဆင္တဲ့အခါ ပထမဦးဆံုး သတိျပဳရမယ့္အရာကေတာ့ အေရာင္ပါပဲ။ ကြ်ႏ္ုပ္တို႔ဝတ္ဆင္ အသံုးျပဳေနတဲ့ အဝတ္အစားအေရာင္ေတြထဲမွာ အနီ၊ အမည္းနဲ႔အျပာ အစရွိတဲ့အေရာင္ရင့္ရင့္ေတြဟာ ခရမ္းလြန္ေရာင္ျခည္ကို ပိုမိုစုပ္ယူႏုိင္စြမ္းရွိပါတယ္။ ဒါေၾကာင့္ ခရမ္းလြန္ေရာင္ျခည္စုပ္ ယူမႈနည္းပါးတဲ့ အျဖဴေရာင္နဲ႔ အေရာင္ႏုေတြကို ဝတ္ဆင္သင့္ပါတယ္။

ထုိသို႔ဝတ္ဆင္ရာမွာလည္း အေရာင္သာမက အဝတ္အစားကို ခ်ဳပ္လုပ္ထားတဲ့ ခ်ည္ထည္စနစ္ကိုလည္း သတိျပဳသင့္ပါတယ္။ Synthetic နဲ႔ Semisynthetic ခ်ည္မွ်င္မ်ိဳးျဖစ္တဲ့ ေပၚလီအက္စတာ၊ သို႔မဟုတ္ ပိုးခ်ည္မ်ိဳးေတြဟာ ေနေရာင္ျခည္ ကာကြယ္ဖို႔အတြက္ အေကာင္းဆံုးစနစ္ေတြလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ခ်ည္မွ်င္၊ ဇင့္ အစရွိတဲ့ အက်ႌအသားေတြဟာလည္း ျပင္းထန္တ့ဲ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ေပးႏုိင္မွာလည္း ျဖစ္ပါတယ္။ အခ်ိဳ႕ေသာ အဝတ္အစားေတြမွာလည္း Ultraviolet Protection Factor-UPF လို႔ေခၚတဲ့ ေနေရာင္ျခည္ ကာကြယ္ေရးႏႈန္းေတြကို သတ္မွတ္ထည့္သြင္းေပးထားတာ ေတြရွိပါတယ္။ ေနာက္တစ္ခုကေတာ့ အရြယ္အစားပါပဲ။ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ဖို႔အတြက္ လံုလံုၿခံဳၿခံဳျဖစ္ေစမယ့္ အဝတ္အထည္မ်ိဳးလည္း ျဖစ္ရမယ္လို႔ ဆိုထားျပန္ပါတယ္။

ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ဖို႔အတြက္ အဝတ္အစားကို ဂ႐ုတစိုက္ေရြးခ်ယ္ဝတ္ဆင္ျခင္း၊ ဦးထုပ္ေဆာင္းျခင္း၊ မ်က္မွန္တပ္ျခင္း၊ အရိပ္ထဲတြင္သာေနထိုင္ျခင္း အစရွိတာေတြကိုလည္း လိုက္နာေဆာင္ရြက္ရမွာလည္း ျဖစ္ပါတယ္။ ၿပီးျပည့္စံုတဲ့ ေနေရာင္ျခည္ ကာကြယ္မႈမ်ိဳးေတာ့ မရွိေသးပါဘူး။ ေသခ်ာတာကေတာ့ စာဖတ္သူတို႔အေနနဲ႔ ေနေရာင္ျခည္အႏၱရာယ္ကို ထိေရာက္ျခင္း မရွိေစဖို႔အတြက္ ေနပူထဲထြက္ျခင္းမွ ေရွာင္ၾကဥ္ တာ၊ ဒါမွမဟုတ္ ေနပူထဲထြက္တဲ့အခါ လံုေလာက္တဲ့ အကာအကြယ္မ်ိဳးေတြကို ဝတ္ဆင္ျခင္းမ်ားကို ေဆာင္ရြက္ရမွာလည္း ျဖစ္ပါတယ္။

ေနာက္ပိုင္းထြက္ရွိလာတဲ့ အေမႊးနံ႔ပါတဲ့ လိမ္းေဆးအရည္ေတြကိုလည္း အသံုးျပဳႏိုင္တယ္ဆိုေပမယ့္ ထိေရာက္တဲ့ ကာကြယ္ေပးမႈမ်ိဳးေတာ့မရွိဘူးလို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။
ေနာက္ထပ္ သတိထားစရာ တစ္ခုကေတာ့ လူမႈဝန္းက်င္မွာ စဥ္ဆက္မျပတ္ အသံုးျပဳေနတဲ့ အလင္းျပန္တတ္တဲ့ smartphone နဲ႔ Tablet ေတြဟာ ခရမ္းလြန္ေရာင္ျခည္ကို တစ္ဆင့္ခံျပန္ေစႏုိင္တာေၾကာင့္ ေနပူထဲမွာ အဆိုပါပစၥည္းေတြကို အသံုးျပဳျခင္းကေန ေရွာင္ၾကဥ္ဖို႔လည္း လိုအပ္ပါတယ္။ အေမရိကန္ႏုိင္ငံမွာဆုိရင္ ခရမ္းလြန္ေရာင္ျခည္ သက္ေရာက္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ အေရျပားကင္ဆာ ေဝဒနာရွင္ေပါင္းဟာ ၂၀၁၈ ခုႏွစ္တစ္ႏွစ္တည္းမွာတင္ ၉၁၂၇၀ လူဦးေရရွိပါတယ္။ အဆိုပါလူဦးေရ ထဲကမွ အမ်ိဳးသားမ်ားျဖစ္ေပၚမႈဟာ အမ်ိဳးသမီးေတြထက္ ပိုမ်ားတာေၾကာင့္ သတိျပဳစရာအျဖစ္ ေရးသားေဖာ္ျပလိုက္ရပါတယ္။

-ေက်ာ္လင္း (အမိေျမ)

[ Unicode ]

ကမ႓ာကြီးရဲ့ ပူနွေးလာမှုဟာ တစ်နှစ်ထက်တစ်နှစ် ဆက်တိုက်ဆိုသလို မြင့်တက်လာတာကြောင့် ရာသီဥတုတွေ ဖောက်ပြန်ခြင်း အကျိုးဆက်ကို လူတွေပိုမိုခံစားလာခဲ့ နေခဲ့ကြပြီလည်းဖြစ်ပါတယ်။ အဆိုပါဖောက်ပြန်တဲ့ ရာသီဥတုတွေအထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပြင်းထန်တဲ့နေရောင်ခြည် ကျရောက်မှုကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ထိုစိန်ခေါ်မှုက အေးမြတဲ့ရာသီဥတုများကို ပိုင်ဆိုင်ထားတဲ့ ဥရောပကဲ့သို့သော နိုင်ငံများအတွက် ကြီးမားတဲ့အခက်အခဲ တစ်ခုမဟုတ်ပေမယ့်လည်း အပူပိုင်းဇုန်အတွင်း နေထိုင်ကြရတဲ့ အခြားသောနိုင်ငံတွေ အတွက်တော့ တကယ့်ကိုကြီးမားတဲ့ ပြဿနာပါ။ ကျွန်တော်တို့က ထင်ကြတယ်။ ဟုတ်ပြီ ဒီလိုပြင်းထန်တဲ့ နေရောင်ခြည်ထိတွေ့မိရင် ဘာဖြစ်မလဲ။

အချိန်တိုင်းထိတွေ့နေရတာလည်းမဟုတ်။ အပြင်ခဏသွားလာ လှုပ်ရှားရင်းသာ ထိတွေ့မိတာကြောင့် သက်ရောက်မှု ဘယ်လိုရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး တွေးထင်မိကြမှာပါ။ အဆိုပါမေးခွန်းတွေအပေါ်ကို ပြန်လည်ဖြေရှင်းမှု ပြုရမယ်ဆိုရင် နေရောင်ခြည်မှာ ကင်ဆာဆဲလ်ကိုဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် ပါဝင်နေခြင်းကြောင့်ပါပဲ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်တဲ့ အရေပြားကင်ဆာဆဲလ်ကြောင့် ၁၉၉၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ တစ်ခုတည်းမှာပင် ကင်ဆာရောဂါသည်ပေါင်း ၄၀၇၇၇ ဦးထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ရောက်လာတဲ့ အချိန်မှာတော့ အဆိုပါနှုန်းဟာ ၈၀၄၄၂ ဦးအထိ မြင့်တက်လာခဲ့သည်ကို ကြည့်ခြင်းအားဖြင့် နေရောင်ခြည် အန္တရာယ်ဟာ ဘယ်လောက်ကြီးမားတယ် ဆိုတာကို တွေ့မြင်နိုင်မှာလည်း ဖြစ်ပါတယ်။ ကမ႓ာကြီးပူနွေးပြီး လေထုညစ်ညမ်းမှုတွေကြောင့် တည်ရှိနေခဲ့တဲ့ အိုဇုန်းလွှာလည်း ပြုန်းတီးပျောက်ကွယ်လာနေခဲ့တာကြောင့် နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုပမာဏဟာ ဘယ်လောက်ထိရှိနေသလဲဆိုတာ ကျွန်ုပ်တို့အနေနဲ့ အလွယ်တကူ သိရှိဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်အပေါ်ကို ခရမ်းလွန်ရောင်ခြည် ဘယ်၍ဘယ်မျှအထိ သက်ရောက်နေသလဲ ဆိုတာသိရှိပြီး ရှောင်ရှားကာကွယ်နိုင်မှာပါ။

ထို့အတွက်ကြောင့်လည်း နိုင်ငံတကာက သိပ္ပံပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေဟာ ခရမ်းလွန်ရောင်ခြည် ပမာဏမည်မျှအထိ ပါဝင်နေသလဲဆိုတာကို အလွယ်တကူသိရှိနိုင်မယ့် ဝတ်ဆင်အသုံးပြုနိုင်တဲ့ နည်းပညာပစ္စည်းတွေကို စဉ်ဆက်မပြတ်ဆိုသလို တီထွင်ထုတ်လုပ်လာခဲ့ကြပါတယ်။ နမူနာအနေနဲ့ စျေးကွက်မှာတွေ့ရှိနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်နှုန်း
ထောက်လှမ်းတဲ့ ပစ္စည်းတွေအဖြစ် UVeBand နဲ့ UVA+ Sunfriend အစရှိတဲ့ ဝတ်ဆင်အသုံးပြုနိုင်တဲ့ စနစ်တွေကိုတွေ့မြင်ရမှာပါ။ နောက်ထပ် အမျိုးအစားတစ်ခုကတော့ Smartsun လို့ အမည်ရတဲ့ပစ္စည်းပဲ ဖြစ်ပါတယ်။ အဆိုပါပစ္စည်းကို လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတဲ့အခါ ခရမ်းလွန်ရောင်ခြည် သက်ရောက်မှု ပြင်းထန်လာမယ်ဆိုရင် ပစ္စည်းရဲ့အရောင်အနေနဲ့ အဝါရောင်ကနေ ပန်းရောင်အဖြစ် ပြောင်းလဲသွားပြီး ဝတ်ဆင်သူကို အန္တရာယ်ရှိနေပြီဆိုတာ သတိပေးဖော်ပြမှာဖြစ်ပါတယ်။

မကြာသေးမီက ပြင်သစ်အခြေစိုက် L’Oréal ကုမ္ပဏီက My Skin Track UV ကိရိယာကို ပုံစံပြုထုတ်လုပ်ခဲ့တာကို တွေ့ရှိရပါတယ်။ အဆိုပါကိရိယာက အကျႌတွေတပ်ဆင် အသုံးပြုရပြီး ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကို တိုင်းတာနိုင်တဲ့ ပထမဆုံးဘက်ထရီမဲ့ အီလက်ထရောနစ် ကိရိယာတစ်မျိုးလည်း ဖြစ်ပါတယ်။ L’Oréal ကုမ္ပဏီရဲ့ မိတ်ဖက်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ La Roche-Posay အမှတ်တံဆိပ်ပါ ရေစိုခံနိုင်တဲ့ အဆိုပါကိရိယာငယ်လေးက အလျား ၁၂ မီလီမီတာနဲ့ အနံ ၆ မီလီမီတာအတိုင်းအတာရှိပြီး ၎င်းမှာပါဝင်တဲ့ ဝါယာကလစ်မှတစ်ဆင့် အသုံးပြုသူရဲ့ အကျႌမှာချိတ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ My Skin Track UV ဟာ အလိုအလျောက် အသက်ဝင်လာပြီး သုံးလအတွင်းထိတွေ့ခဲ့ရ
သော တစ်စတစ်စတိုးပွားလာသည့် ခရမ်းလွန်ရောင်ခြည် အေနဲ့ဘီနှစ်မျိုးစလုံးကို အလိုအလျောက် မှတ်တမ်းတင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါကိရိယာကို အသုံးပြုသူတွေဟာ ရရှိလာသော မှတ်တမ်းတွေကို NFC – Near Field Communication စနစ်များပါဝင်တဲ့ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး ဖော်ထုတ်ကြည့်ရှုနိုင်မှာ လည်း ဖြစ်ပါတယ်။ အဲဒီနောက် အဆိုပါဖုန်းမှာ ပါဝင်သော iOS/ Android Application တစ်ခုက သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြား တစ်ခုအတွင်း ကျရောက်ခဲ့တဲ့ ခရမ်းလွန် ရောင်ခြည်ပမာဏကို ဖော်ပြပေး ရုံမျှမက လတ်တလောရောက်ရှိနေသော နေရာဒေသ၏ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်းနဲ့ ပတ်ဝန်းကျင်လေထု၏ အရည်အသွေးကိုပါ ဖော်ပြပေးနိုင်မှာပါ။

ဖော်ပြထားတဲ့ အညွှန်းကိန်းတွေအရ User များအတွက် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုပမာဏဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အနေအထားတွင် ရှိနေသည်ဆိုပါက ၎င်းတို့အတွက် သင့်လျော်မည့် အရိပ်တစ်ခုကို ရှာဖွေနားခိုခြင်းဖြင့် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကြောင့် ကျရောက်လာမယ့် ကင်ဆာအန္တရာယ်ကို ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ My Skin
Track UV ကို အမေရိကန်နိုင်ငံရှိ Apple ပစ္စည်းများကို လက်လီရောင်းချပေးနေသော စတိုးဆိုင်များတွင် အမေရိကန်ဒေါ်လာ ၅၉.၉၅ ဒေါ်လာနဲ့ ရောင်းချလျက်ရှိနေပေမယ့်လည်း မကြာမီတွင် ၎င်းအတွက်ဈေးကွက်သစ်များ ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။ သို့သော်လည်း ဝယ်ယူသူများအတွက် ရွေးချယ်မှုအနေဖြင့် ဈေးကွက်တွင် ဈေးနှုန်းသက်သာပြီး နည်းပညာနိမ့်သော ခရမ်းလွန်ရောင်ခြည် တိုင်းတာနိုင်တဲ့ အခြားသော စမတ်အမျိုးအစားတွေလည်း ရှိနေပါသေးတယ်။

အရေပြားကင်ဆာ အဖွဲ့အစည်းကတော့ နေရောင်ခြည် အန္တာရာယ်ကို တားဆီးကာကွယ်မယ်ဆိုရင် ဝတ်စားဆင်ယင်မှုအပေါ် အလေးထားသင့်တယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ပေါ်က အဝတ်အစားဆိုတာကလည်း လူ့အရေပြား အစိတ်အပိုင်း အတော်အများအပြားကို ဖုံးအုပ်ကာကွယ်ပေးနိုင်တာကြောင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးမှာ အလွန်အရေးကြီးတဲ့ ဆောင်ရွက်မှုတစ်ခုပါ။ သို့သော်လည်း သိပ္ပံနည်းလမ်းအရတော့ မှန်ကန်စွာရွေးချယ် ဝတ်ဆင်ဖို့လည်း လိုအပ်နေပြန်ပါတယ်။ ထိုသို့ရွေးချယ်ဝတ်ဆင်တဲ့အခါ ပထမဦးဆုံး သတိပြုရမယ့်အရာကတော့ အရောင်ပါပဲ။ ကျွန်ုပ်တို့ဝတ်ဆင် အသုံးပြုနေတဲ့ အဝတ်အစားအရောင်တွေထဲမှာ အနီ၊ အမည်းနဲ့အပြာ အစရှိတဲ့အရောင်ရင့်ရင့်တွေဟာ ခရမ်းလွန်ရောင်ခြည်ကို ပိုမိုစုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်စုပ် ယူမှုနည်းပါးတဲ့ အဖြူရောင်နဲ့ အရောင်နုတွေကို ဝတ်ဆင်သင့်ပါတယ်။

ထိုသို့ဝတ်ဆင်ရာမှာလည်း အရောင်သာမက အဝတ်အစားကို ချုပ်လုပ်ထားတဲ့ ချည်ထည်စနစ်ကိုလည်း သတိပြုသင့်ပါတယ်။ Synthetic နဲ့ Semisynthetic ချည်မျှင်မျိုးဖြစ်တဲ့ ပေါ်လီအက်စတာ၊ သို့မဟုတ် ပိုးချည်မျိုးတွေဟာ နေရောင်ခြည် ကာကွယ်ဖို့အတွက် အကောင်းဆုံးစနစ်တွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချည်မျှင်၊ ဇင့် အစရှိတဲ့ အကျႌအသားတွေဟာလည်း ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ အချို့သော အဝတ်အစားတွေမှာလည်း Ultraviolet Protection Factor-UPF လို့ခေါ်တဲ့ နေရောင်ခြည် ကာကွယ်ရေးနှုန်းတွေကို သတ်မှတ်ထည့်သွင်းပေးထားတာ တွေရှိပါတယ်။ နောက်တစ်ခုကတော့ အရွယ်အစားပါပဲ။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် လုံလုံခြုံခြံုဖြစ်စေမယ့် အဝတ်အထည်မျိုးလည်း ဖြစ်ရမယ်လို့ ဆိုထားပြန်ပါတယ်။

နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် အဝတ်အစားကို ဂရုတစိုက်ရွေးချယ်ဝတ်ဆင်ခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ မျက်မှန်တပ်ခြင်း၊ အရိပ်ထဲတွင်သာနေထိုင်ခြင်း အစရှိတာတွေကိုလည်း လိုက်နာဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ နေရောင်ခြည် ကာကွယ်မှုမျိုးတော့ မရှိသေးပါဘူး။ သေချာတာကတော့ စာဖတ်သူတို့အနေနဲ့ နေရောင်ခြည်အန္တရာယ်ကို ထိရောက်ခြင်း မရှိစေဖို့အတွက် နေပူထဲထွက်ခြင်းမှ ရှောင်ကြဉ် တာ၊ ဒါမှမဟုတ် နေပူထဲထွက်တဲ့အခါ လုံလောက်တဲ့ အကာအကွယ်မျိုးတွေကို ဝတ်ဆင်ခြင်းများကို ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။

နောက်ပိုင်းထွက်ရှိလာတဲ့ အမွှေးနံ့ပါတဲ့ လိမ်းဆေးအရည်တွေကိုလည်း အသုံးပြုနိုင်တယ်ဆိုပေမယ့် ထိရောက်တဲ့ ကာကွယ်ပေးမှုမျိုးတော့မရှိဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
နောက်ထပ် သတိထားစရာ တစ်ခုကတော့ လူမှုဝန်းကျင်မှာ စဉ်ဆက်မပြတ် အသုံးပြုနေတဲ့ အလင်းပြန်တတ်တဲ့ smartphone နဲ့ Tablet တွေဟာ ခရမ်းလွန်ရောင်ခြည်ကို တစ်ဆင့်ခံပြန်စေနိုင်တာကြောင့် နေပူထဲမှာ အဆိုပါပစ္စည်းတွေကို အသုံးပြုခြင်းကနေ ရှောင်ကြဉ်ဖို့လည်း လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားကင်ဆာ ဝေဒနာရှင်ပေါင်းဟာ ၂၀၁၈ ခုနှစ်တစ်နှစ်တည်းမှာတင် ၉၁၂၇၀ လူဦးရေရှိပါတယ်။ အဆိုပါလူဦးရေ ထဲကမှ အမျိုးသားများဖြစ်ပေါ်မှုဟာ အမျိုးသမီးတွေထက် ပိုများတာကြောင့် သတိပြုစရာအဖြစ် ရေးသားဖော်ပြလိုက်ရပါတယ်။