September 20, 2018

ကြန္ပ်ဳတာတကၠသိုလ္ (မိတၳီလာ) တြင္ IT Camp 2018 က်င္းပမည္

[ Zawgyi ]

ကြန္ပ်ဳတာတကၠသိုလ္ (မိတၳီလာ) မွာ IT Camp 2018 က်င္းပမယ္လို႔ သိရပါတယ္။

ၾသဂုတ္ ၂၅ ရက္က်င္းပမွာျဖစ္ၿပီး IT နည္းပညာျပန္႔ပြားေရးနဲ႔ IT နည္းပညာနဲ႔ဆက္စပ္တဲ့ အေၾကာင္းအရာေတြကို က႑အလိုက္ စိတ္ဝင္စားမႈအလိုက္ အျပန္အလွန္တင္ျပ ေဆြးေႏြး ဗဟုသုတ ဖလွယ္တဲ့ အခမ္းအနားတစ္ခု ျဖစ္တယ္လို႔ က်င္းပေရးေကာ္မတီထံကေန သိရပါတယ္။

ကြန္ပ်ဳတာတကၠသိုလ္ (မိတၳီလာ) IT Camp ကို အိုင္တီပညာရွင္ေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြ အၾကားမွာ အိုင္တီပညာရပ္နဲ႔ ပတ္သက္တဲ့အေတြ႔အႀကံဳ ဗဟုသုတေတြကို မွ်ေဝလ့လာႏိုင္ရန္၊ အိုင္တီ ဆိုင္ရာအလုပ္အကိုင္ အခြင့္အလမ္းေတြအေၾကာင္း သိရွိၿပီး ရွာေဖြႏိုင္ရန္၊ အိုင္တီနဲ႔ပတ္သက္ၿပီး ေခတ္မီနည္းပညာအေၾကာင္းအရာေတြကို ေလ့လာေဆြးေႏြးႏိုင္ရန္ ရည္ရြယ္ခ်က္ေတြနဲ႔ က်င္းပမွာျဖစ္ပါတယ္။

ကြန္ပ်ဳတာတကၠသိုလ္( မိတၳီလာ) မွ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ Project Show ေတြ အိုင္တီနဲ႔ ပတ္သက္ေသာ ေဆြးေႏြးပြဲေတြကို က႑အလိုက္ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။ အဲဒီ IT Camp ကို ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာန လက္ေအာက္မွာရွိတဲ့ ကြန္ပ်ဳတာတကၠသိုလ္ (မိတၳီလာ) ပါေမာကၡခ်ဳပ္နဲ႔ ဆရာ၊ ဆရာမေတြရဲ႕လမ္းညႊန္မႈနဲ႔ ေက်ာင္းသားေက်ာင္းသူေတြက အဓိကဦးေဆာင္ က်င္းပမွာျဖစ္ပါတယ္။

ပထမဆံုးအႀကိမ္က်င္းပမယ့္ အခုအခမ္းအနားမွာ ကြန္ပ်ဳတာတကၠသိုလ္ (မိတၳီလာ)၊ နည္းပညာတကၠသိုလ္ (မိတၳီလာ)၊ ျမန္မာႏိုင္ငံေလေၾကာင္းႏွင့္ အာကာသပညာတကၠသိုလ္ (မိတၳီလာ)၊ ရန္ကုန္တိုင္းေဒသႀကီး ကြန္ပ်ဳတာပညာရွင္မ်ားအသင္း၊ မႏၱေလးတိုင္း ကြန္ပ်ဳတာပညာရွင္မ်ားအသင္း၊ မႏၱေလးတိုင္းေဒသႀကီး ကြန္ပ်ဳတာလုပ္ငန္းရွင္မ်ားအသင္း၊ အိုင္တီနဲ႔ ဆက္စပ္ လုပ္ငန္းရွင္ေတြ၊ ပညာရွင္ေတြ၊ အိုင္တီစိတ္ဝင္စားတဲ့ ေက်ာင္းသားေက်ာင္းသူေတြနဲ႔ နယ္ပယ္အသီးသီးမွ ပါဝင္မွာျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

ကွန်ပျုတာတက္ကသိုလ် (မိတ္ထီလာ) မှာ IT Camp 2018 ကျင်းပမယ်လို့ သိရပါတယ်။

သြဂုတ် ၂၅ ရက်ကျင်းပမှာဖြစ်ပြီး IT နည်းပညာပြန့်ပွားရေးနဲ့ IT နည်းပညာနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေကို ကဏ္ဍအလိုက် စိတ်ဝင်စားမှုအလိုက် အပြန်အလှန်တင်ပြ ဆွေးနွေး ဗဟုသုတ ဖလှယ်တဲ့ အခမ်းအနားတစ်ခု ဖြစ်တယ်လို့ ကျင်းပရေးကော်မတီထံကနေ သိရပါတယ်။

ကွန်ပျုတာတက္ကသိုလ် (မိတ္ထီလာ) IT Camp ကို အိုင်တီပညာရှင်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အကြားမှာ အိုင်တီပညာရပ်နဲ့ ပတ်သက်တဲ့အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေလ့လာနိုင်ရန်၊ အိုင်တီ ဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်း သိရှိပြီး ရှာဖွေနိုင်ရန်၊ အိုင်တီနဲ့ပတ်သက်ပြီး ခေတ်မီနည်းပညာအကြောင်းအရာတွေကို လေ့လာဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်တွေနဲ့ ကျင်းပမှာဖြစ်ပါတယ်။

ကွန်ပျုတာတက္ကသိုလ်( မိတ္ထီလာ) မှ ကျောင်းသားကျောင်းသူတွေရဲ့ Project Show တွေ အိုင်တီနဲ့ ပတ်သက်သော ဆွေးနွေးပွဲတွေကို ကဏ္ဍအလိုက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲဒီ IT Camp ကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်မှာရှိတဲ့ ကွန်ပျုတာတက္ကသိုလ် (မိတ္ထီလာ) ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေရဲ့လမ်းညွှန်မှုနဲ့ ကျောင်းသားကျောင်းသူတွေက အဓိကဦးဆောင် ကျင်းပမှာဖြစ်ပါတယ်။

ပထမဆုံးအကြိမ်ကျင်းပမယ့် အခုအခမ်းအနားမှာ ကွန်ပျုတာတက္ကသိုလ် (မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (မိတ္ထီလာ)၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျုတာပညာရှင်များအသင်း၊ မန္တလေးတိုင်း ကွန်ပျုတာပညာရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ကွန်ပျုတာလုပ်ငန်းရှင်များအသင်း၊ အိုင်တီနဲ့ ဆက်စပ် လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အိုင်တီစိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ နယ်ပယ်အသီးသီးမှ ပါဝင်မှာဖြစ်ပါတယ်။