က်ိဳးေၾကာင္းဆက္စပ္ ေတြးေခၚသင္ယူတတ္ေသာ ကေလးမ်ားျဖစ္လာေအာင္ ေလ့က်င့္ေပးရန္လိုအပ္

[ Zawgyi ]

ေက်ာင္းသား၊ ေက်ာင္းသူေတြကို က်ိဳးေၾကာင္းဆက္စပ္ ေတြးေခၚသင္ယူတတ္တဲ့ ကေလးေတြျဖစ္လာေအာင္ ေလ့က်င့္ေပးဖို႔ လိုအပ္တယ္လို႔ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

ဒီဇင္ဘာလ ၄ ရက္က ျပဳလုပ္တဲ့ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲ (အေျခခံပညာက႑) အခမ္းအနားမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြကို အလြတ္က်က္မွတ္တဲ့ အေလ့အက်င့္နဲ႔ သင္ယူေစတဲ့ အေျခအေနကေန က်ိဳးေၾကာင္း ဆက္စပ္ ေတြးေခၚသင္ယူတတ္တဲ့ ကေလးေတြျဖစ္ေအာင္ ေလ့က်င့္ေပးဖို႔ အေရးႀကီးေၾကာင္း၊ လူ႔ေဘာင္ေလာကမွာ ရပ္တည္ရွင္သန္ႏိုင္ဖို႔ “အခ်က္အလက္ေတြကို မွတ္မိ႐ုံသာမက ေတြးတတ္၊ ေခၚတတ္၊ စိစစ္တတ္ၿပီး ျပႆနာေတြကို ေျဖရွင္းတတ္ဖို႔” အလြန္အေရးႀကီးေၾကာင္း ေျပာၾကားပါတယ္။

ေလ့က်င့္သင္ၾကားရာမွာ ေက်ာင္းသား၊ ေက်ာင္းသူေတြကို သင္႐ိုးၫႊန္းတမ္းပါ အေၾကာင္းအရာေတြ သာမက ျပင္ပအေၾကာင္းအရာေတြကိုပါ ဆက္စပ္ေလ့လာတတ္ဖို႔အတြက္ ေယဘုယ်အေနနဲ႔ အခ်က္အလက္ စုေဆာင္းတတ္ျခင္း၊ စိစစ္ျခင္း၊ ျပႆနာမ်ားအေျဖရွာျခင္း၊ ေဆြးေႏြးျခင္း စတဲ့ အခ်က္ေတြနဲ႔ ေဆာင္႐ြက္ႏိုင္ေအာင္ အေျခခံပညာေက်ာင္းေတြမွာစၿပီးေတာ့ အစုအဖြဲ႕နဲ႔ ေလ့လာပူးေပါင္း ေဆာင္႐ြက္တတ္ေစမယ့္ သင္ၾကား၊ သင္ယူမႈ နည္းလမ္းေတြကို အသုံးျပဳရမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

ကျောင်းသား၊ ကျောင်းသူတွေကို ကျိုးကြောင်းဆက်စပ် တွေးခေါ်သင်ယူတတ်တဲ့ ကလေးတွေဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်တဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို အလွတ်ကျက်မှတ်တဲ့ အလေ့အကျင့်နဲ့ သင်ယူစေတဲ့ အခြေအနေကနေ ကျိုးကြောင်း ဆက်စပ် တွေးခေါ်သင်ယူတတ်တဲ့ ကလေးတွေဖြစ်အောင် လေ့ကျင့်ပေးဖို့ အရေးကြီးကြောင်း၊ လူ့ဘောင်လောကမှာ ရပ်တည်ရှင်သန်နိုင်ဖို့ “အချက်အလက်တွေကို မှတ်မိရုံသာမက တွေးတတ်၊ ခေါ်တတ်၊ စိစစ်တတ်ပြီး ပြဿနာတွေကို ဖြေရှင်းတတ်ဖို့” အလွန်အရေးကြီးကြောင်း ပြောကြားပါတယ်။

လေ့ကျင့်သင်ကြားရာမှာ ကျောင်းသား၊ ကျောင်းသူတွေကို သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာတွေ သာမက ပြင်ပအကြောင်းအရာတွေကိုပါ ဆက်စပ်လေ့လာတတ်ဖို့အတွက် ယေဘုယျအနေနဲ့ အချက်အလက် စုဆောင်းတတ်ခြင်း၊ စိစစ်ခြင်း၊ ပြဿနာများအဖြေရှာခြင်း၊ ဆွေးနွေးခြင်း စတဲ့ အချက်တွေနဲ့ ဆောင်ရွက်နိုင်အောင် အခြေခံပညာကျောင်းတွေမှာစပြီးတော့ အစုအဖွဲ့နဲ့ လေ့လာပူးပေါင်း ဆောင်ရွက်တတ်စေမယ့် သင်ကြား၊ သင်ယူမှု နည်းလမ်းတွေကို အသုံးပြုရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။