ကေလးေတြအတြက္ ကန႔္ သတ္ရေတာ့မယ့္ ဖန္သားျပင္ ၾကည့္႐ႈခ်ိန္

[ Zawgyi ]

ၿပီးခဲ့တဲ့ ဧၿပီလ (၂၄) ရက္ေန႔မွာ WHO ကေန ကေလးငယ္ေတြ ဖန္သားျပင္ကို ၾကည့္႐ႈခ်ိန္နဲ႔ ပတ္သက္ၿပီးလမ္းညႊန္ခ်က္ (Guideline) အသစ္ေတြကို ထုတ္ျပန္ခဲ့ပါတယ္။ ဒီ Guideline ေတြအရ အသက္တစ္ႏွစ္ေအာက္ ကေလးငယ္ေတြအေနနဲ႔ ဖန္သားျပင္ေတြကို လုံးဝမၾကည့္သင့္ဘဲ၊ အသက္ႏွစ္ႏွစ္ကေန ေလးႏွစ္အတြင္း ကေလးေတြအတြက္ကေတာ့ ကိုယ္လက္လႈပ္ရွားမႈမ်ိဳး မပါဝင္တဲ့ သက္ေသာင့္သက္သာ ဖန္သားျပင္ၾကည့္႐ႈခ်ိန္ (Sedentary Screen Time) ဟာ တစ္ေန႔ကိုတစ္နာရီထက္ မပိုသင့္ ဘူးလို႔ ဆိုထားပါတယ္။

ကေလးေတြအတြက္ ကန႔္သတ္ရေတာ့မယ့္ ဖန္သားျပင္ ၾကည့္႐ႈခ်ိန္ မၾကာေသးခင္ကပဲ ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီး (WHO) က မိဘေတြ သိခ်င္ေနတဲ့ ေမးခြန္းရဲ႕အေျဖ တစ္စိတ္တစ္ပိုင္းကို ထုတ္ျပန္ခဲ့ပါတယ္။ နည္းပညာ ပစၥည္းေတြ ေပါေပါမ်ားမ်ား ေပၚေပါက္လာကတည္းက မိဘေတြဟာ တီဗီဖန္သားျပင္ (Screen) ေတြ၊ ကြန္ပ်ဴတာ Screen ေတြ၊ ဖုန္း Screen ေတြကို ၾကည့္ၿပီး အခ်ိန္ကုန္ေနတဲ့သူတို႔ရဲ႕ ကေလးေတြနဲ႔ပတ္သက္ လို႔ စိုးရိမ္လာၾကပါတယ္။

ကေလးေတြဟာ အရင္လိုမိဘ ေဆြမ်ိဳးညီအစ္ကိုေမာင္ႏွမေတြနဲ႔ တီတီတာတာ ေဆာ့ကစားရမယ့္ အခ်ိန္မွာ ဒီနည္းပညာပစၥည္း ေတြနဲ႔ အခ်ိန္ကုန္ေနတာဟာ ကေလးအတြက္ ေကာင္းရဲ႕လား။ ဘာအက်ိဳးဆက္ေတြ ျဖစ္လာႏိုင္လဲ။ မ်က္စိနဲ႔ ဦးေႏွာက္အာ႐ုံ ေၾကာစနစ္ကိုေရာ ထိခိုက္ႏိုင္လား။ ဒီ Screen ေတြ ၾကည့္တဲ့အခ်ိန္ကို တစ္ေန႔ဘယ္ႏွနာရီေလာက္ပဲ ခြင့္ျပဳသင့္သလဲ။ ဒါေတြဟာ မိဘတိုင္းက သူတို႔သားသမီးေတြအတြက္ စိတ္ပူၿပီး ေမးျမန္းၾကတဲ့ ေမးခြန္းေတြပါပဲ။

ၿပီးခဲ့တဲ့ ဧၿပီလ (၂၄) ရက္ေန႔မွာ WHO ကေန ကေလးငယ္ေတြ ဖန္သားျပင္ကို ၾကည့္႐ႈခ်ိန္နဲ႔ ပတ္သက္ၿပီး လမ္းညႊန္ခ်က္ (Guideline) အသစ္ေတြကို ထုတ္ျပန္ခဲ့ပါတယ္။ ဒီ Guideline ေတြအရ အသက္တစ္ႏွစ္ေအာက္ ကေလးငယ္ေတြအေနနဲ႔ ဖန္သားျပင္ေတြကို လုံးဝမၾကည့္သင့္ဘဲ၊ အသက္ႏွစ္ႏွစ္ကေန ေလးႏွစ္အတြင္း ကေလးေတြအတြက္ကေတာ့ ကိုယ္လက္ လႈပ္ရွားမႈမ်ိဳးမပါဝင္တဲ့ သက္ေသာင့္သက္ သာ ဖန္သားျပင္ၾကည့္႐ႈခ်ိန္ (Sedentary Screen Time) ဟာ တစ္ေန႔ကိုတစ္နာရီထက္ မပိုသင့္ဘူးလို႔ ဆိုထားပါတယ္။

ဒါ့အျပင္ အသက္ (၅) ႏွစ္ ေအာက္ ကေလးငယ္ေတြရဲ့ ဖန္သားျပင္ ၾကည့္႐ႈခ်ိန္ကို အခုလို ေလွ်ာ့ခ်တာမ်ိဳး၊ ဒါမွမဟုတ္ လုံးဝခြင့္မျပဳတာမ်ိဳး ျပဳလုပ္မယ္ဆိုရင္ ေနာင္ႀကီးလာတဲ့အခါ က်န္းမာသန္စြမ္းတဲ့ လူငယ္ေတြ ျဖစ္လာမယ္လို႔လည္း WHO က ဆိုထားပါတယ္။

ဒါေပမဲ့ iPad ေတြလိုမ်ိဳး Electronic Device ေတြကို ကေလးေတြ ေပးမကိုင္တာနဲ႔တင္ မလုံေလာက္ေသးပါဘူး။ ဒီအသက္ငါးႏွစ္ေအာက္ ကေလးေတြအေနနဲ႔ ကိုယ္လက္လႈပ္ရွားအား ကစားလုပ္ဖို႔နဲ႔ အိပ္ေရးဝဝ အိပ္ဖို႔ကိုလည္း မိဘေတြကို ဂ႐ုစိုက္ေပးဖို႔ လိုပါေသးတယ္။ ဒါမွပဲ အသက္ႀကီးလာတဲ့အခါ အဝလြန္ေရာဂါေတြနဲ႔ တစ္ျခားေရာဂါေတြ မျဖစ္ပြားရေလေအာင္ ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။

“လူတိုင္းအတြက္ က်န္းမာေရး (Health for All) ဆိုတာကိုရဖို႔ရာ ဟိုးငယ္ငယ္ေလးထဲကေန က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အမူအက်င့္ေတြကို စတင္လုပ္ေဆာင္ဖို႔ရာ အေရးႀကီးပါ တယ္” လို႔ WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Dr. TedrosAdhanom Ghebreyesus က ဆိုပါတယ္။ “ကေလးငယ္ဘဝဟာ ႀကီးထြားဖြံ႕ၿဖိဳးမႈႏႈန္းျမန္တဲ့ ကာလတစ္ခု ျဖစ္ၿပီးေတာ့ ဒီအခ်ိန္မွာ အမူအက်င့္ေကာင္းေတြကို ပ်ိဳးေထာင္ေပးမွသာ တစ္သက္လုံးစြဲသြားမွာ ျဖစ္ပါတယ္” လို႔ သူက ဆိုထားပါတယ္။

နည္းပညာပစၥည္းေတြနဲ႔ သိပ္အကၽြမ္းမဝင္တဲ့ လူႀကီးပိုင္းေတြဟာ ဒီေန႔ေခတ္ကေလးေတြ ဖန္သားျပင္ေတြနဲ႔ ခ်ည္းအခ်ိန္ကုန္ေနတာကို စိုးရိမ္ေနလာခဲ့တာ ၾကာပါၿပီ။ အဲ့ဒီအတြက္လည္း သုေတသီေတြဟာ ဖန္သားျပင္ၾကည့္ရႈခ်ိန္ (Screen Time) ရဲ႕ က်န္းမာေရးအေပၚ သက္ေရာက္မႈကို အခုအခါ ထဲထဲဝင္ဝင္ ေလ့လာေနၾကပါၿပီ။ မၾကာေသးခင္ကပဲ ကေလးေတြရဲ႕
တစ္ေန႔တာ ဖန္သားျပင္ၾကည့္႐ႈခ်ိန္ကို မိနစ္ေျခာက္ဆယ္ထက္ မပိုဖို႔ဆိုၿပီး အၾကမ္းဖ်င္းလမ္းညႊန္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီဖန္သားျပင္ၾကည့္႐ႈခ်ိန္ အနည္းအမ်ားဟာ ကေလးရဲ့ က်န္းမာေရး
အေပၚ ေရတိုေရရွည္မွာ ဘယ္လိုေတြ သက္ေရာက္ႏိုင္သလဲ ဆိုတာကိုေတာ့ အခုထိတိတိပပ မသိၾကေသးပါဘူး။

အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသား က်န္းမာေရးအဖြဲ႕ႀကီးက ၂၀၁၅ ခုႏွစ္မွာ A.B.C.D Study ဆိုတဲ့ သုေတသန အဖြဲ႕တစ္ခုကို ကန္ေဒၚလာသန္း (၃၀၀) ေထာက္ပံ့ခဲ့ပါတယ္။ ဒီအဖြဲ႕ဟာ ဖန္သားျပင္ ၾကည့္႐ႈခ်ိန္ အပါအဝင္ အရက္၊ မူးယစ္ေဆးဝါးစတဲ့ အရာေတြဟာ ကေလးတစ္ေယာက္ရဲ႕ ဦးေႏွာက္ကို ဘယ္လိုထိခိုက္ေစလဲဆိုတာ ေလ့လာေနတဲ့ အဖြဲ႕အစည္းတစ္ခုပါပဲ။ ကေလးအေယာက္တစ္ေသာင္းေလာက္ကို သူတို႔ အသက္ကိုး ႏွစ္ဆယ္ႏွစ္ေလာက္ကေန အရြယ္ေရာက္တဲ့အထိ အဆက္မျပတ္ ေလ့လာေနတာပါ။ အခုခ်ိန္မွာေတာ့ သုေတသနဟာ အစပိုင္း အဆင့္မွာပဲ ရွိပါေသးတယ္။ ဒါေၾကာင့္ တိက်တဲ့ အခ်က္အလက္ေတြကို အခုထိမရေသးတာပါပဲ။

၂၀၁၆ ခုႏွစ္ကလည္း အေမရိကန္ ကေလးဆရာဝန္မ်ားအဖြဲ႕ႀကီးက ကေလးေတြရဲ႕ ဖန္သားျပင္ၾကည့္႐ႈခ်ိန္နဲ႔ ပတ္သက္ ၿပီး လမ္းညႊန္ခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါေသးတယ္။ ဒီလမ္း
ညႊန္ခ်က္အရ အသက္ (၁၈) လေအာက္ ကေလးငယ္ေလးေတြအေနနဲ႔ Video Chatting ျပဳလုပ္တာမ်ိဳးကလြဲရင္ ဖန္သားျပင္ကို လုံးဝမၾကည့္႐ႈသင့္ဘူးလို႔ ဆိုပါတယ္။ အသက္ (၁၈)
လကေန (၂၄) လအထိ ကေလး ေတြကေတာ့ မိဘေတြရဲ႕ အုပ္ထိန္းမႈနဲ႔အတူ ပညာေပး တီဗီ အစီအစဥ္လိုမ်ိဳးေတြသာ ၾကည့္သင့္ပါတယ္။ အသက္ (၂) ႏွစ္ကေန (၅) ႏွစ္အတြင္းကေလး ေတြကေတာ့ တစ္ေန႔ကို အမ်ားဆုံး တစ္နာရီပဲ တီဗီၾကည့္တာ၊ ဖုန္းသုံးတာေတြ လုပ္သင့္တယ္လို႔ ဆိုထားပါတယ္။

ဒီလမ္းညႊန္ခ်က္ကို ေလ့လာျပဳစုရာမွာ ဦးေဆာင္ပါဝင္ခဲ့တဲ့ Dr. David Hill ကေတာ့ အသက္ (၁၈) လေအာက္ ကေလးေတြအတြက္ တီဗီဖန္သားျပင္ေတြကို ၾကည့္လို႔ ရလာမယ့္ အက်ိဳးရလဒ္တစ္စုံ တစ္ရာမေတြ႕ရဘူးလို႔ ဆိုထားပါတယ္။ နည္းပညာေတြဟာ သူတို႔ရဲ႕ သုေတသနေတြထက္ ပိုၿပီးျမန္ဆန္စြာ တိုးတက္ေနတယ္ ဆိုတာကိုလည္း Dr. Hill က ဝန္ခံထားပါတယ္။

အခုမၾကာေသးခင္က ထုတ္ျပန္ခဲ့တဲ့ WHO ရဲ႕ လမ္းညႊန္ခ်က္အေပၚလည္း အေကာင္းျမင္ၿပီးေတာ့ ဆိုးက်ိဳးကိုတိတိက်က် မသိေသးခင္ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ ထုတ္ျပန္တဲ့သေဘာပဲလို႔ သူက မွတ္ခ်က္ခ်ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ လုပ္ရပ္တစ္ခုဟာ မေကာင္းမွန္းသိရင္ ဘာလို႔မ်ားဆက္လုပ္ေနမွာလဲလို႔ သူကေမးခြန္းထုတ္ထားပါတယ္။
သူတို႔အေနနဲ႔လည္း ေနာက္ထပ္ လမ္းညႊန္ခ်က္အသစ္တစ္ခုကို ဆက္လက္ထုတ္ျပန္ဖို႔ရာ ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။

“ကၽြန္ေတာ္တို႔အေနနဲ႔ ေနာက္ထပ္အခ်က္အလက္ေတြ ထပ္ရလာရင္ အခုလက္ရွိ လမ္းညႊန္ခ်က္ေတြကို ျပင္ဆင္ေကာင္း ျပင္ဆင္ႏိုင္ပါတယ္။ ဒါေပမဲ့ ၿပီးျပည့္စုံတဲ့ ေလ့လာမႈေတြ မလုပ္ရေသးခင္မွာ ေျပာဖို႔ရာ ေတာ့ ခက္ခဲပါတယ္” လို႔ သူက ဆိုပါတယ္။

WHO ရဲ႕ လမ္းညႊန္ခ်က္ဟာ တကယ္ေတာ့ A.A.P ရဲ႕ လမ္းညႊန္ခ်က္ထက္ ပိုအေသး စိတ္က်ပါတယ္။ မိဘေတြအေနနဲ႔ ကေလးေတြရဲ႕ ဖန္သားျပင္ ၾကည့္႐ႈခ်ိန္ကို ေလၽွာ့ခ်ဖို႔ပဲ အာ႐ုံစိုက္ မေနသင့္ပါဘူး။ ကေလးအေနနဲ႔ ကိုယ္လက္လႈပ္ရွားကစားေအာင္၊ အိပ္ေရးဝဝ အိပ္ေအာင္စတဲ့ က်န္းမာေရး အေလ့အက်င့္ ေကာင္းေတြကို ငယ္ငယ္ကတည္းက စြဲသြားေအာင္ ပ်ိဳးေထာင္ေပးဖို႔လည္း အေရးႀကီးတယ္လို႔ လမ္းညႊန္ထားပါတယ္။ ဒါမွသာ ကေလးေတြအေနနဲ႔ အရြယ္ေရာက္တဲ့အခါ အဝလြန္ေရာဂါ၊ ဆီးခ်ိဳေရာဂါ စတာ ေတြမျဖစ္ဘဲ က်န္းက်န္းမာမာေန ႏိုင္မယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ပညာရွင္ေတြက အသက္ငါးႏွစ္ေအာက္ ကေလးေတြအေနနဲ႔ ၿငိမ္ၿငိမ္ေလး ထိုင္ခုံေပၚထိုင္ေနတာမ်ိဳး ဒါမွမဟုတ္ မိဘေတြရဲ႕ လက္ထဲမွာ ခ်ီပိုးတာမ်ိဳးကို တစ္ႀကိမ္မွာ တစ္နာရီထက္ မပိုသင့္ဘူးလို႔ ဆိုၾကပါတယ္။ အသက္ (၁) ႏွစ္ကေန (၅) ႏွစ္ အတြင္းကေလးေတြအေနနဲ႔ ကိုယ္ လက္လႈပ္ရွား ေျပးလႊားေဆာ့ကစားတာမ်ိဳး တစ္ေန႔ကိုသုံးနာရီေလာက္ ျပဳလုပ္သင့္ၿပီးေတာ့ အိပ္ခ်ိန္အေနနဲ႔ တစ္ညကို အနည္းဆုံး (၁၀) နာရီေလာက္ ရသင့္တယ္လို႔ လမ္းညႊန္ထားပါတယ္။

ကမၻာ့က်န္းမာေရး အဖြဲ႕ႀကီးရဲ႕ အဆိုအရ တစ္ကမၻာလုံးက အဝလြန္သူဦးေရဟာ ၁၉၇၄ ခုႏွစ္ကေနစလို႔ သုံးဆအထိကို တက္လာတယ္လို႔ သိရပါတယ္။ တစ္ခ်ိန္ကခ်မ္းသာတဲ့ ႏိုင္ငံေတြမွာပဲ ျဖစ္တယ္လို႔ ယူဆခဲ့တဲ့ ကေလးအရြယ္ အဝလြန္ေရာဂါဟာ အခုေခတ္မွာဆင္းရဲတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာပါ ျဖစ္လာတာကို ေတြ႕ေနရပါၿပီ။

ဒါ့အျပင္ အထက္မွာေဖာ္ျပခဲ့တဲ့ လမ္းညႊန္ခ်က္ေတြကို မလိုက္နာတာေၾကာင့္ တစ္ကမၻာလုံးမွာ တစ္ႏွစ္ကို လူငါးသန္းေလာက္ ေသဆုံးေနရတယ္လို႔ ဆိုထားပါတယ္။ ဒါဟာ တကယ့္ကို စိုးရိမ္ စရာပါပဲ။ “ကၽြန္မတို႔ အဓိကလိုေန တာကေတာ့ ကေလးေတြ ေဆာ့တာကို မတားျမစ္ဘဲနဲ႔ ျပန္ၿပီးအားေပးဖို႔ပါပဲ” လို႔ WHO မွာ ကေလးသူငယ္ အဝလြန္ေရာဂါနဲ႔ ပတ္သက္ၿပီး အလုပ္လုပ္ေနတဲ့ Dr. Juana Willumsen က ဆိုပါတယ္။ ၿပီးေတာ့ ေဒါက္တာက အခုလို ဆက္ေျပာပါေသးတယ္ “ကေလးေတြကို သက္ေသာင့္ သက္သာ ေနထိုင္မႈပုံစံ (Sedentary Lifestyle) ကေန တားျမစ္ၿပီးေတာ့ ကေလးပီပီ ေဆာ့ခ်ိန္တန္ေဆာ့၊ အိပ္ခ်ိန္ တန္အိပ္ေစဖို႔ရာ မိဘေတြအေနနဲ႔ ဂ႐ုစိုက္သင့္ပါၿပီ”

[ Unicode ]

ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့မှာ WHO ကနေ ကလေးငယ်တွေ ဖန်သားပြင်ကို ကြည့်ရှုချိန်နဲ့ ပတ်သက်ပြီးလမ်းညွှန်ချက် (Guideline) အသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီ Guideline တွေအရ အသက်တစ်နှစ်အောက် ကလေးငယ်တွေအနေနဲ့ ဖန်သားပြင်တွေကို လုံးဝမကြည့်သင့်ဘဲ၊ အသက်နှစ်နှစ်ကနေ လေးနှစ်အတွင်း ကလေးတွေအတွက်ကတော့ ကိုယ်လက်လှုပ်ရှားမှုမျိုး မပါဝင်တဲ့ သက်သောင့်သက်သာ ဖန်သားပြင်ကြည့်ရှုချိန် (Sedentary Screen Time) ဟာ တစ်နေ့ကိုတစ်နာရီထက် မပိုသင့် ဘူးလို့ ဆိုထားပါတယ်။

ကလေးတွေအတွက် ကန့်သတ်ရတော့မယ့် ဖန်သားပြင် ကြည့်ရှုချိန် မကြာသေးခင်ကပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မိဘတွေ သိချင်နေတဲ့ မေးခွန်းရဲ့အဖြေ တစ်စိတ်တစ်ပိုင်းကို ထုတ်ပြန်ခဲ့ပါတယ်။ နည်းပညာ ပစ္စည်းတွေ ပေါပေါများများ ပေါ်ပေါက်လာကတည်းက မိဘတွေဟာ တီဗီဖန်သားပြင် (Screen) တွေ၊ ကွန်ပျူတာ Screen တွေ၊ ဖုန်း Screen တွေကို ကြည့်ပြီး အချိန်ကုန်နေတဲ့သူတို့ရဲ့ ကလေးတွေနဲ့ပတ်သက် လို့ စိုးရိမ်လာကြပါတယ်။

ကလေးတွေဟာ အရင်လိုမိဘ ဆွေမျိုးညီအစ်ကိုမောင်နှမတွေနဲ့ တီတီတာတာ ဆော့ကစားရမယ့် အချိန်မှာ ဒီနည်းပညာပစ္စည်း တွေနဲ့ အချိန်ကုန်နေတာဟာ ကလေးအတွက် ကောင်းရဲ့လား။ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင် လဲ။ မျက်စိနဲ့ ဦးနှောက်အာရုံ ကြောစနစ်ကိုရော ထိခိုက်နိုင်လား။ ဒီ Screen တွေ ကြည့်တဲ့အချိန်ကို တစ်နေ့ဘယ်နှနာရီလောက်ပဲ ခွင့်ပြုသင့်သလဲ။ ဒါတွေဟာ မိဘတိုင်းက သူတို့သားသမီးတွေအတွက် စိတ်ပူပြီး မေးမြန်းကြတဲ့ မေးခွန်းတွေပါပဲ။

ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့မှာ WHO ကနေ ကလေးငယ်တွေ ဖန်သားပြင်ကို ကြည့်ရှုချိန်နဲ့ ပတ်သက်ပြီး လမ်းညွှန်ချက် (Guideline) အသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီ Guideline တွေအရ အသက်တစ်နှစ်အောက် ကလေးငယ်တွေအနေနဲ့ ဖန်သားပြင်တွေကို လုံးဝမကြည့်သင့်ဘဲ၊ အသက်နှစ်နှစ်ကနေ လေးနှစ်အတွင်း ကလေးတွေအတွက်ကတော့ ကိုယ်လက် လှုပ်ရှားမှုမျိုးမပါဝင်တဲ့ သက်သောင့်သက် သာ ဖန်သားပြင်ကြည့်ရှုချိန် (Sedentary Screen Time) ဟာ တစ်နေ့ကိုတစ်နာရီထက် မပိုသင့်ဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် အသက် (၅) နှစ် အောက် ကလေးငယ်တွေရဲ့ ဖန်သားပြင် ကြည့်ရှုချိန်ကို အခုလို လျှော့ချတာမျိုး၊ ဒါမှမဟုတ် လုံးဝခွင့်မပြုတာမျိုး ပြုလုပ်မယ်ဆိုရင် နောင်ကြီးလာတဲ့အခါ ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေ ဖြစ်လာမယ်လို့လည်း WHO က ဆိုထားပါတယ်။

ဒါပေမဲ့ iPad တွေလိုမျိုး Electronic Device တွေကို ကလေးတွေ ပေးမကိုင်တာနဲ့တင် မလုံလောက်သေးပါဘူး။ ဒီအသက်ငါးနှစ်အောက် ကလေးတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားအား ကစားလုပ်ဖို့နဲ့ အိပ်ရေးဝဝ အိပ်ဖို့ကိုလည်း မိဘတွေကို ဂရုစိုက်ပေးဖို့ လိုပါသေးတယ်။ ဒါမှပဲ အသက်ကြီးလာတဲ့အခါ အဝလွန်ရောဂါတွေနဲ့ တစ်ခြားရောဂါတွေ မဖြစ်ပွားရလေအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

“လူတိုင်းအတွက် ကျန်းမာရေး (Health for All) ဆိုတာကိုရဖို့ရာ ဟိုးငယ်ငယ်လေးထဲကနေ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အမူအကျင့်တွေကို စတင်လုပ်ဆောင်ဖို့ရာ အရေးကြီးပါ တယ်” လို့ WHO ညွှန်ကြားရေးမှူးချုပ် Dr. TedrosAdhanom Ghebreyesus က ဆိုပါတယ်။ “ကလေးငယ်ဘဝဟာ ကြီးထွားဖွံ့ဖြိုးမှုနှုန်းမြန်တဲ့ ကာလတစ်ခု ဖြစ်ပြီးတော့ ဒီအချိန်မှာ အမူအကျင့်ကောင်းတွေကို ပျိုးထောင်ပေးမှသာ တစ်သက်လုံးစွဲသွားမှာ ဖြစ်ပါတယ်” လို့ သူက ဆိုထားပါတယ်။

နည်းပညာပစ္စည်းတွေနဲ့ သိပ်အကျွမ်းမဝင်တဲ့ လူကြီးပိုင်းတွေဟာ ဒီနေ့ခေတ်ကလေးတွေ ဖန်သားပြင်တွေနဲ့ ချည်းအချိန်ကုန်နေတာကို စိုးရိမ်နေလာခဲ့တာ ကြာပါပြီ။ အဲ့ဒီအတွက်လည်း သုတေသီတွေဟာ ဖန်သားပြင်ကြည့်ရှုချိန် (Screen Time) ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုကို အခုအခါ ထဲထဲဝင်ဝင် လေ့လာနေကြပါပြီ။ မကြာသေးခင်ကပဲ ကလေးတွေရဲ့
တစ်နေ့တာ ဖန်သားပြင်ကြည့်ရှုချိန်ကို မိနစ်ခြောက်ဆယ်ထက် မပိုဖို့ဆိုပြီး အကြမ်းဖျင်းလမ်းညွှန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖန်သားပြင်ကြည့်ရှုချိန် အနည်းအများဟာ ကလေးရဲ့ ကျန်းမာရေး
အပေါ် ရေတိုရေရှည်မှာ ဘယ်လိုတွေ သက်ရောက်နိုင်သလဲ ဆိုတာကိုတော့ အခုထိတိတိပပ မသိကြသေးပါဘူး။

အမေရိကန်နိုင်ငံရဲ့ အမျိုးသား ကျန်းမာရေးအဖွဲ့ကြီးက ၂၀၁၅ ခုနှစ်မှာ A.B.C.D Study ဆိုတဲ့ သုတေသန အဖွဲ့တစ်ခုကို ကန်ဒေါ်လာသန်း (၃၀၀) ထောက်ပံ့ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ဖန်သားပြင် ကြည့်ရှုချိန် အပါအဝင် အရက်၊ မူးယစ်ဆေးဝါးစတဲ့ အရာတွေဟာ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို ဘယ်လိုထိခိုက်စေလဲဆိုတာ လေ့လာနေတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ ကလေးအယောက်တစ်သောင်းလောက်ကို သူတို့ အသက်ကိုး နှစ်ဆယ်နှစ်လောက်ကနေ အရွယ်ရောက်တဲ့အထိ အဆက်မပြတ် လေ့လာနေတာပါ။ အခုချိန်မှာတော့ သုတေသနဟာ အစပိုင်း အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် တိကျတဲ့ အချက်အလက်တွေကို အခုထိမရသေးတာပါပဲ။

၂၀၁၆ ခုနှစ်ကလည်း အမေရိကန် ကလေးဆရာဝန်များအဖွဲ့ကြီးက ကလေးတွေရဲ့ ဖန်သားပြင်ကြည့်ရှုချိန်နဲ့ ပတ်သက် ပြီး လမ်းညွှန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီလမ်း
ညွှန်ချက်အရ အသက် (၁၈) လအောက် ကလေးငယ်လေးတွေအနေနဲ့ Video Chatting ပြုလုပ်တာမျိုးကလွဲရင် ဖန်သားပြင်ကို လုံးဝမကြည့်ရှုသင့်ဘူးလို့ ဆိုပါတယ်။ အသက် (၁၈)
လကနေ (၂၄) လအထိ ကလေး တွေကတော့ မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့အတူ ပညာပေး တီဗီ အစီအစဉ်လိုမျိုးတွေသာ ကြည့်သင့်ပါတယ်။ အသက် (၂) နှစ်ကနေ (၅) နှစ်အတွင်းကလေး တွေကတော့ တစ်နေ့ကို အများဆုံး တစ်နာရီပဲ တီဗီကြည့်တာ၊ ဖုန်းသုံးတာတွေ လုပ်သင့်တယ်လို့ ဆိုထားပါတယ်။

ဒီလမ်းညွှန်ချက်ကို လေ့လာပြုစုရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ Dr. David Hill ကတော့ အသက် (၁၈) လအောက် ကလေးတွေအတွက် တီဗီဖန်သားပြင်တွေကို ကြည့်လို့ ရလာမယ့် အကျိုးရလဒ်တစ်စုံ တစ်ရာမတွေ့ရဘူးလို့ ဆိုထားပါတယ်။ နည်းပညာတွေဟာ သူတို့ရဲ့ သုတေသနတွေထက် ပိုပြီးမြန်ဆန်စွာ တိုးတက်နေတယ် ဆိုတာကိုလည်း Dr. Hill က ဝန်ခံထားပါတယ်။

အခုမကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ WHO ရဲ့ လမ်းညွှန်ချက်အပေါ်လည်း အကောင်းမြင်ပြီးတော့ ဆိုးကျိုးကိုတိတိကျကျ မသိသေးခင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ထုတ်ပြန်တဲ့သဘောပဲလို့ သူက မှတ်ချက်ချပါတယ်။ ကျွန်တော်တို့အနေနဲ့ လုပ်ရပ်တစ်ခုဟာ မကောင်းမှန်းသိရင် ဘာလို့များဆက်လုပ်နေမှာလဲလို့ သူကမေးခွန်းထုတ်ထားပါတယ်။
သူတို့အနေနဲ့လည်း နောက်ထပ် လမ်းညွှန်ချက်အသစ်တစ်ခုကို ဆက်လက်ထုတ်ပြန်ဖို့ရာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ နောက်ထပ်အချက်အလက်တွေ ထပ်ရလာရင် အခုလက်ရှိ လမ်းညွှန်ချက်တွေကို ပြင်ဆင်ကောင်း ပြင်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ လေ့လာမှုတွေ မလုပ်ရသေးခင်မှာ ပြောဖို့ရာ တော့ ခက်ခဲပါတယ်” လို့ သူက ဆိုပါတယ်။

WHO ရဲ့ လမ်းညွှန်ချက်ဟာ တကယ်တော့ A.A.P ရဲ့ လမ်းညွှန်ချက်ထက် ပိုအသေး စိတ်ကျပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ဖန်သားပြင် ကြည့်ရှုချိန်ကို လျှော့ချဖို့ပဲ အာရုံစိုက် မနေသင့်ပါဘူး။ ကလေးအနေနဲ့ ကိုယ်လက်လှုပ်ရှားကစားအောင်၊ အိပ်ရေးဝဝ အိပ်အောင်စတဲ့ ကျန်းမာရေး အလေ့အကျင့် ကောင်းတွေကို ငယ်ငယ်ကတည်းက စွဲသွားအောင် ပျိုးထောင်ပေးဖို့လည်း အရေးကြီးတယ်လို့ လမ်းညွှန်ထားပါတယ်။ ဒါမှသာ ကလေးတွေအနေနဲ့ အရွယ်ရောက်တဲ့အခါ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ စတာ တွေမဖြစ်ဘဲ ကျန်းကျန်းမာမာနေ နိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပညာရှင်တွေက အသက်ငါးနှစ်အောက် ကလေးတွေအနေနဲ့ ငြိမ်ငြိမ်လေး ထိုင်ခုံပေါ်ထိုင်နေတာမျိုး ဒါမှမဟုတ် မိဘတွေရဲ့ လက်ထဲမှာ ချီပိုးတာမျိုးကို တစ်ကြိမ်မှာ တစ်နာရီထက် မပိုသင့်ဘူးလို့ ဆိုကြပါတယ်။ အသက် (၁) နှစ်ကနေ (၅) နှစ် အတွင်းကလေးတွေအနေနဲ့ ကိုယ် လက်လှုပ်ရှား ပြေးလွှားဆော့ကစားတာမျိုး တစ်နေ့ကိုသုံးနာရီလောက် ပြုလုပ်သင့်ပြီးတော့ အိပ်ချိန်အနေနဲ့ တစ်ညကို အနည်းဆုံး (၁၀) နာရီလောက် ရသင့်တယ်လို့ လမ်းညွှန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အဆိုအရ တစ်ကမ္ဘာလုံးက အဝလွန်သူဦးရေဟာ ၁၉၇၄ ခုနှစ်ကနေစလို့ သုံးဆအထိကို တက်လာတယ်လို့ သိရပါတယ်။ တစ်ချိန်ကချမ်းသာတဲ့ နိုင်ငံတွေမှာပဲ ဖြစ်တယ်လို့ ယူဆခဲ့တဲ့ ကလေးအရွယ် အဝလွန်ရောဂါဟာ အခုခေတ်မှာဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ ဖြစ်လာတာကို တွေ့နေရပါပြီ။

ဒါ့အပြင် အထက်မှာဖော်ပြခဲ့တဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာတာကြောင့် တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို လူငါးသန်းလောက် သေဆုံးနေရတယ်လို့ ဆိုထားပါတယ်။ ဒါဟာ တကယ့်ကို စိုးရိမ် စရာပါပဲ။ “ကျွန်မတို့ အဓိကလိုနေ တာကတော့ ကလေးတွေ ဆော့တာကို မတားမြစ်ဘဲနဲ့ ပြန်ပြီးအားပေးဖို့ပါပဲ” လို့ WHO မှာ ကလေးသူငယ် အဝလွန်ရောဂါနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ Dr. Juana Willumsen က ဆိုပါတယ်။ ပြီးတော့ ဒေါက်တာက အခုလို ဆက်ပြောပါသေးတယ် “ကလေးတွေကို သက်သောင့် သက်သာ နေထိုင်မှုပုံစံ (Sedentary Lifestyle) ကနေ တားမြစ်ပြီးတော့ ကလေးပီပီ ဆော့ချိန်တန်ဆော့၊ အိပ်ချိန် တန်အိပ်စေဖို့ရာ မိဘတွေအနေနဲ့ ဂရုစိုက်သင့်ပါပြီ”