ကေလးသူငယ္နဲ႔ သက္ဆုိင္တဲ့ ညစ္ညမ္းအေၾကာင္းအရာေတြ Microsoft ရဲ႕ Bing search engine မွာ ေဖာ္ျပေန

[ Zawgyi ]

Microsoft ရဲ႕ Bing search engine ကေလးသူငယ္ ညစ္ညမ္းအေၾကာင္းအရာနဲ႔ တရားမဝင္ဓာတ္ပုံေတြ ရွိေနတယ္လို႔ အြန္လိုင္းလုံၿခဳံေရး startup ကုမၸဏီသုေတသီေတြက ေျပာခဲ့ပါတယ္။

AntiToxin Technologies က သုေတသီေတြဟာ ကေလးသူငယ္ ညစ္ညမ္းအေၾကာင္းအရာေတြကို ျပသေပးၿပီး ဆက္စပ္တဲ့အေၾကာင္းအရာေတြပါ ျပသေပးေနတယ္လို႔ သိရပါတယ္။ TechCrunch ကို Bing ေပၚက ကေလးသူငယ္ဆုိင္ရာ ညစ္ညမ္းအေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး တစ္စုံတစ္ေယာက္က သတင္းေပးခဲ့ၿပီး တစ္စုံတစ္ေယာက္ရဲ႕အကူအညီနဲ႔ အဲဒီကိစၥကုိ စုံစမ္းေနပါတယ္။

“မိဘတစ္ေယာက္အေနနဲ႔ နည္းပညာကုမၸဏီေတြမွာ အဲဒီကိစၥေၾကာင့္ ႏွစ္ဆတာဝန္ရွိပါတယ္။ ကုမၸဏီေတြအေနနဲ႔ ကေလးေတြရွိတဲ့ အြန္လိုင္းပတ္ဝန္းက်င္မွာ အႏၲရာယ္နဲ႔ အဆိပ္အေတာက္မျဖစ္ေစတဲ့ အရာေတြမရွိေအာင္ ျပဳလုပ္ထားသင့္ပါတယ္” လို႔ AniToxin အမႈေဆာင္အရာရွိခ်ဳပ္ ဇိုဟာလက္ဗ္ကိုဗစ္က ေျပာခဲ့ပါတယ္။

Microsoft အေနနဲ႔ သတင္းနဲ႔ပတ္သက္ၿပီး မွတ္ခ်က္မေပးခဲ့ေပမယ့္ အခုျပႆနာကို ေျဖရွင္းလိုက္ၿပီ ျဖစ္တယ္လို႔ TechCrunch ကိုေျပာသြားခဲ့ပါတယ္။ ဒါ့အျပင္ အျခားျပႆနာျဖစ္ႏို္င္တဲ့ ရွာေဖြမႈေတြကုိလည္း တားဆီးဖို႔ လုပ္ကိုင္ေနတယ္လို႔ အေၾကာင္းၾကားထားပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Microsoft ရဲ့ Bing search engine ကလေးသူငယ် ညစ်ညမ်းအကြောင်းအရာနဲ့ တရားမဝင်ဓာတ်ပုံတွေ ရှိနေတယ်လို့ အွန်လိုင်းလုံခြုံရေး startup ကုမ္ပဏီသုတေသီတွေက ပြောခဲ့ပါတယ်။

AntiToxin Technologies က သုတေသီတွေဟာ ကလေးသူငယ် ညစ်ညမ်းအကြောင်းအရာတွေကို ပြသပေးပြီး ဆက်စပ်တဲ့အကြောင်းအရာတွေပါ ပြသပေးနေတယ်လို့ သိရပါတယ်။ TechCrunch ကို Bing ပေါ်က ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်က သတင်းပေးခဲ့ပြီး တစ်စုံတစ်ယောက်ရဲ့အကူအညီနဲ့ အဲဒီကိစ္စကို စုံစမ်းနေပါတယ်။

“မိဘတစ်ယောက်အနေနဲ့ နည်းပညာကုမ္ပဏီတွေမှာ အဲဒီကိစ္စကြောင့် နှစ်ဆတာဝန်ရှိပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ကလေးတွေရှိတဲ့ အွန်လိုင်းပတ်ဝန်းကျင်မှာ အန္တရာယ်နဲ့ အဆိပ်အတောက်မဖြစ်စေတဲ့ အရာတွေမရှိအောင် ပြုလုပ်ထားသင့်ပါတယ်” လို့ AniToxin အမှုဆောင်အရာရှိချုပ် ဇိုဟာလက်ဗ်ကိုဗစ်က ပြောခဲ့ပါတယ်။

Microsoft အနေနဲ့ သတင်းနဲ့ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေမယ့် အခုပြဿနာကို ဖြေရှင်းလိုက်ပြီ ဖြစ်တယ်လို့ TechCrunch ကိုပြောသွားခဲ့ပါတယ်။ ဒါ့အပြင် အခြားပြဿနာဖြစ်နို်င်တဲ့ ရှာဖွေမှုတွေကိုလည်း တားဆီးဖို့ လုပ်ကိုင်နေတယ်လို့ အကြောင်းကြားထားပါတယ်။

Ref: CNET