September 21, 2018

ကိုယ့္ရဲ႕ စမတ္ဖုန္းကို ဆိုက္ဘာသူခိုးေတြရန္ကေန ကာကြယ္ႏိုင္ေစမယ့္ နည္းလမ္း (၈) ရပ္

[Zawgyi]

လက္ရိွမွာ လူေတြဟာ တစ္ကိုယ္ေရသံုးပဲျဖစ္ျဖစ္ ပေရာ္ဖက္ရွင္နယ္အရပဲျဖစ္ျဖစ္ စမတ္ဖုန္းကို အရင္ကထက္ ပိုမိုမွီခိုအားထားေနၾကပါတယ္။

အံဝင္ခြင္က် တပ္ဆင္ထားတဲ့ စမတ္ဖုန္း case နဲ႔ မွန္ကပ္ဟာ ဖုန္းလြတ္က်တဲ့အခါ ပ်က္စီးတာနဲ႔ မွန္မွာ စင္းရာထင္တာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါေပမဲ့ ဖုန္းထဲမွာ သိမ္းဆည္းထားတဲ့ ကိုယ္ေရးအခ်က္အလက္ေတြ မသမာသူေတြရဲ႕လက္ထဲ ေရာက္မသြားဖို႔က ပိုၿပီးအေရးႀကီးပါတယ္။

ဒါေၾကာင့္ ကိုယ့္ရဲ႕စမတ္ဖုန္းကို ဆိုက္ဘာဒုစ႐ိုက္သမားေတြရဲ႕ရန္ကေန ကာကြယ္ေပးႏိုင္မယ့္ ႐ိုးရွင္းတဲ့ အခ်က္ (၈) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

Back-up လုပ္ပါ

ကိုယ့္ဖုန္းထဲက အစားထိုးလို႔မရႏိုင္တဲ့ ဓာတ္ပံုေတြ၊ ဗီဒီယိုေတြ၊ ဆက္သြယ္မႈနံပါတ္ေတြ၊ စကားေျပာဆိုမႈေတြ စတဲ့ အေရးႀကီးတဲ့ဖိုင္ေတြကို back-up လုပ္ဖို႔က အလြန္အေရးႀကီးပါတယ္။ တကယ္လို႔ ကိုယ့္ရဲ႕ဖုန္း ေပ်ာက္ဆံုးသြားတဲ့အခါ ဒါမွမဟုတ္ ဆိုက္ဘာသူခိုးတစ္ေယာက္က အေဝးကေန lock လွမ္းလုပ္ၿပီး ပိုက္ဆံေတာင္းတဲ့အခါမ်ိဳးနဲ႔ ႀကံဳလာတဲ့အခါ ကိုယ့္ရဲ႕ဖိုင္ေတြကို အလြယ္တကူ ျပန္လည္ရယူႏိုင္မွာျဖစ္ပါတယ္။

Passcode သံုးပါ

စမတ္ဖုန္းအားလံုးမွာ PIN code, password, pattern ဒါမွမဟုတ္ ဇီဝလံုၿခံဳေရးစနစ္နဲ႔ lock လုပ္ထားႏိုင္ပါတယ္။ ကိုယ့္ရဲ႕ဖုန္းကို lock လုပ္ထားမယ္ဆိုရင္ ဖုန္းေပ်ာက္ဆံုးတဲ့အခါ ဒါမွမဟုတ္ ခိုးယူခံရတဲ့အခါမ်ိဳးမွာ ကိုယ့္ရဲ႕အခ်က္အလက္ေတြကို ဘယ္သူမွ အသံုးျပဳခြင့္ရမွာ မဟုတ္ပါဘူး။ တကယ္လို႔ ဖုန္းမွာ လက္ေဗြ ဒါမွမဟုတ္ မ်က္ႏွာ/မ်က္လံုးတို႔နဲ႔ scan လုပ္ႏိုင္တဲ့စနစ္ ေထာက္ပံ့ထားတယ္ဆိုရင္ ပိုၿပီး အဆင္ေျပပါတယ္။

App ေတြကို စိတ္ခ်ရတဲ့ရင္းျမစ္ကေန download လုပ္ပါ

App ေတြကို ယံုၾကည္စိတ္ခ်ရတဲ့ ရင္းျမစ္ေတြကေနပဲ download လုပ္ပါ။ App Store နဲ႔ Google Play တို႔လို တရားဝင္ store ေတြကပဲ app ေတြကို download လုပ္သင့္သလို တရားဝင္ app ဟုတ္၊ မဟုတ္ကိုလည္း download မလုပ္ခင္ အျခား user ေတြေရးထားတဲ့ comment ေတြကိုဖတ္ၿပီး အတည္ျပဳသင့္ပါတယ္။ ဂိမ္း app တစ္ခုက ဖုန္းရဲ႕ camera, microphone နဲ႔ contact ေတြကို access လုပ္ဖို႔ မလိုတာေၾကာင့္ app တစ္ခုကို download လုပ္ေတာ့မယ္ဆိုရင္ terms and condition ေတြကို မ်က္စိမွိတ္ၿပီး accept လုပ္တာမ်ိဳးမလုပ္ဘဲ app permission ေတြကို ေသခ်ာဖတ္သင့္ပါတယ္။

ကိုယ္မသိတဲ့လူေတြရဲ႕ text message နဲ႔ email ေတြကို ဖ်က္ပါ

Scammer ေတြနဲ႔ spammer ေတြဟာ စမတ္ဖုန္းသံုးစြဲသူေတြကို ပိုမိုပစ္မွတ္ထားၿပီး တိုက္ခိုက္လာၾကပါတယ္။ ဒါေၾကာင့္ ကိုယ္နဲ႔ လံုးဝမသိကၽြမ္းတဲ့သူေတြဆီက သံသယျဖစ္ဖြယ္ရာ text message ေတြနဲ႔ email ေတြကို ခ်က္ခ်င္းဖ်က္ပစ္ပါ။ ေနာက္ၿပီး email မွာပါတဲ့ web link ေတြနဲ႔ attachment ေတြကို လံုးဝမႏွိပ္ပါနဲ႔။ ကိုယ္မသိတဲ့သူဆီကို စာျပန္တာမ်ိဳး ဒါမွမဟုတ္ ကိုယ္မသိတဲ့ ဖုန္းနံပါတ္ကို ျပန္ေခၚတာမ်ိဳးလည္း မလုပ္ပါနဲ႔။

Antivirus သံုးပါ

Android သံုးစြဲသူေတြအေနနဲ႔ Norton Mobile Security လို security software ကိုသံုးၿပီး ဖုန္းထဲက အခ်က္အလက္ေတြကို ကာကြယ္သင့္ပါတယ္။ ဒီလို security software ေတြဟာ ကိုယ့္ရဲ႕စမတ္ဖုန္းကို virus နဲ႔ အျခား malware ေတြရဲ႕ ရန္ကေန ကာကြယ္ေပးႏုိင္ရံုသာမက ကိုယ့္ရဲ႕ privacy setting ေတြကို lock လုပ္တာနဲ႔ app နဲ႔ ဖိုင္ေတြကို scan လုပ္တာမ်ိဳး ျပဳလုပ္ေပးႏိုင္ပါတယ္။ အခ်ိဳ႕ solution ေတြဆိုရင္ ကိုယ့္ရဲ႕ဖုန္းထဲကို ဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနသူရဲ႕ ဓာတ္ပံုကို အေရွ႕ကင္မရာနဲ႔႐ိုက္ၿပီး ကိုယ့္ဆီ ေပးပို႔ေပးႏိုင္ပါတယ္။

Remote wipe ဖန္တီးပါ

ကိုယ့္ရဲ႕ဖုန္း ေပ်ာက္ဆံုးတာ ဒါမွမဟုတ္ ခိုးယူခံရတာမ်ိဳးနဲ႔ ႀကံဳရၿပီဆိုရင္ အေဝးထိန္းစနစ္နဲ႔ lock လုပ္တာ၊ “ဖုန္းျပန္ေပးရင္ ေက်းဇူးဆပ္ပါမည္” လိုမ်ိဳး message တစ္ခု ေဖာ္ျပတာ၊ အခ်က္အလက္ေတြကို ရွင္းပစ္တာနဲ႔ အြန္လိုင္းေျမပံုတစ္ခုေပၚမွာ ေျခရာခံတာတို႔ကို ျပဳလုပ္ႏိုင္ပါတယ္။ ဒီလို ဝန္ေဆာင္မႈေတြကို Find My iPhone (iOS) နဲ႔ Android Device Manager (Android) တို႔မွာ အခမဲ့ လုပ္ႏိုင္သလို ဒီထက္ ပိုမိုစံုလင္တဲ့ feature ေတြပါဝင္တဲ့ third-party tool ေတြနဲ႔လည္း ျပဳလုပ္ႏိုင္ပါတယ္။

Two-factor authentication ကိုသံုးပါ

ကိုယ့္ရဲ႕ အြန္လိုင္းလႈပ္ရွားမႈအားလံုးအတြက္ ခိုင္မာတဲ့ password တစ္ခုနဲ႔အတူ two-factor authentication ကို အသံုးျပဳသင့္ပါတယ္။ Two-factor authentication ဟာ ကိုယ့္ရဲ႕ online account ကို အသံုးျပဳတဲ့အခါ password သာမက သံုးစြဲသူ အစစ္ ဟုတ္၊ မဟုတ္ အတည္ျပဳေပမယ့္ မိုဘိုင္းဖုန္းကို ေပးပို႔တဲ့ one-time code တစ္ခုလည္း လိုအပ္မွာျဖစ္ပါတယ္။

အင္တာနက္ကို လံုၿခံဳစြာသံုးပါ

အင္တာနက္သံုးေတာ့မယ္ဆိုရင္ virtual private network (VPN) တစ္ခုကို သံုးပါ။ ဒါဟာ ကိုယ့္ရဲ႕ online identity ကို ဖံုးကြယ္ေပးၿပီး သင့္ကို လံုၿခံဳမႈရိွေစမွာျဖစ္ပါတယ္။ ဒါဟာ browser တစ္ခုကို “Private” ဒါမွမဟုတ္ “Incognito” mode နဲ႔ သံုးတာနဲ႔ မတူပါဘူး။ အဲ့ဒီ mode ေတြနဲ႔သံုးတာက browsing session ကိုပိတ္လိုက္တာနဲ႔ history နဲ႔ cookie ေတြကို ရွင္းလင္းေပးမွာျဖစ္ပါတယ္။ ဒါေပမဲ့ အင္တာနက္သံုးၿပီး ဘာေတြလုပ္ခဲ့သလဲဆိုတာကို မိုဘိုင္းဝန္ေဆာင္မႈကုမၸဏီ၊ အစိုးရ၊ ေၾကာ္ျငာရွင္ စတာေတြက ေတြ႕ႏိုင္ပါေသးတယ္။ VPN ကို အခမဲ့ Wi-Fi hotspot တစ္ခုနဲ႔ သံုးရင္ေတာင္ ကိုယ့္ရဲ႕အခ်က္အလက္ေတြအတြက္ အႏၲရာယ္ရိွႏိုင္ပါေသးတယ္။ ဒါေၾကာင့္ VPN ကိုသံုးမယ္ဆိုရင္ public hotspot ေတြထက္ cellular connection နဲ႔ သံုးတာက ပိုေကာင္းပါတယ္။

Ref: USAToday

[Unicode]

လက်ရှိမှာ လူတွေဟာ တစ်ကိုယ်ရေသုံးပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်အရပဲဖြစ်ဖြစ် စမတ်ဖုန်းကို အရင်ကထက် ပိုမိုမှီခိုအားထားနေကြပါတယ်။

အံဝင်ခွင်ကျ တပ်ဆင်ထားတဲ့ စမတ်ဖုန်း case နဲ့ မှန်ကပ်ဟာ ဖုန်းလွတ်ကျတဲ့အခါ ပျက်စီးတာနဲ့ မှန်မှာ စင်းရာထင်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းထဲမှာ သိမ်းဆည်းထားတဲ့ ကိုယ်ရေးအချက်အလက်တွေ မသမာသူတွေရဲ့လက်ထဲ ရောက်မသွားဖို့က ပိုပြီးအရေးကြီးပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့စမတ်ဖုန်းကို ဆိုက်ဘာဒုစရိုက်သမားတွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မယ့် ရိုးရှင်းတဲ့ အချက် (၈) ချက်ကို ဖော်ပြလိုက်ပါတယ်။

Back-up လုပ်ပါ

ကိုယ့်ဖုန်းထဲက အစားထိုးလို့မရနိုင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဆက်သွယ်မှုနံပါတ်တွေ၊ စကားပြောဆိုမှုတွေ စတဲ့ အရေးကြီးတဲ့ဖိုင်တွေကို back-up လုပ်ဖို့က အလွန်အရေးကြီးပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ဖုန်း ပျောက်ဆုံးသွားတဲ့အခါ ဒါမှမဟုတ် ဆိုက်ဘာသူခိုးတစ်ယောက်က အဝေးကနေ lock လှမ်းလုပ်ပြီး ပိုက်ဆံတောင်းတဲ့အခါမျိုးနဲ့ ကြုံလာတဲ့အခါ ကိုယ့်ရဲ့ဖိုင်တွေကို အလွယ်တကူ ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။

Passcode သုံးပါ

စမတ်ဖုန်းအားလုံးမှာ PIN code, password, pattern ဒါမှမဟုတ် ဇီဝလုံခြံုရေးစနစ်နဲ့ lock လုပ်ထားနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်းကို lock လုပ်ထားမယ်ဆိုရင် ဖုန်းပျောက်ဆုံးတဲ့အခါ ဒါမှမဟုတ် ခိုးယူခံရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အချက်အလက်တွေကို ဘယ်သူမှ အသုံးပြုခွင့်ရမှာ မဟုတ်ပါဘူး။ တကယ်လို့ ဖုန်းမှာ လက်ဗွေ ဒါမှမဟုတ် မျက်နှာ/မျက်လုံးတို့နဲ့ scan လုပ်နိုင်တဲ့စနစ် ထောက်ပံ့ထားတယ်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်။

App တွေကို စိတ်ချရတဲ့ရင်းမြစ်ကနေ download လုပ်ပါ

App တွေကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကနေပဲ download လုပ်ပါ။ App Store နဲ့ Google Play တို့လို တရားဝင် store တွေကပဲ app တွေကို download လုပ်သင့်သလို တရားဝင် app ဟုတ်၊ မဟုတ်ကိုလည်း download မလုပ်ခင် အခြား user တွေရေးထားတဲ့ comment တွေကိုဖတ်ပြီး အတည်ပြုသင့်ပါတယ်။ ဂိမ်း app တစ်ခုက ဖုန်းရဲ့ camera, microphone နဲ့ contact တွေကို access လုပ်ဖို့ မလိုတာကြောင့် app တစ်ခုကို download လုပ်တော့မယ်ဆိုရင် terms and condition တွေကို မျက်စိမှိတ်ပြီး accept လုပ်တာမျိုးမလုပ်ဘဲ app permission တွေကို သေချာဖတ်သင့်ပါတယ်။

ကိုယ်မသိတဲ့လူတွေရဲ့ text message နဲ့ email တွေကို ဖျက်ပါ

Scammer တွေနဲ့ spammer တွေဟာ စမတ်ဖုန်းသုံးစွဲသူတွေကို ပိုမိုပစ်မှတ်ထားပြီး တိုက်ခိုက်လာကြပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လုံးဝမသိကျွမ်းတဲ့သူတွေဆီက သံသယဖြစ်ဖွယ်ရာ text message တွေနဲ့ email တွေကို ချက်ချင်းဖျက်ပစ်ပါ။ နောက်ပြီး email မှာပါတဲ့ web link တွေနဲ့ attachment တွေကို လုံးဝမနှိပ်ပါနဲ့။ ကိုယ်မသိတဲ့သူဆီကို စာပြန်တာမျိုး ဒါမှမဟုတ် ကိုယ်မသိတဲ့ ဖုန်းနံပါတ်ကို ပြန်ခေါ်တာမျိုးလည်း မလုပ်ပါနဲ့။

Antivirus သုံးပါ

Android သုံးစွဲသူတွေအနေနဲ့ Norton Mobile Security လို security software ကိုသုံးပြီး ဖုန်းထဲက အချက်အလက်တွေကို ကာကွယ်သင့်ပါတယ်။ ဒီလို security software တွေဟာ ကိုယ့်ရဲ့စမတ်ဖုန်းကို virus နဲ့ အခြား malware တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ရုံသာမက ကိုယ့်ရဲ့ privacy setting တွေကို lock လုပ်တာနဲ့ app နဲ့ ဖိုင်တွေကို scan လုပ်တာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ အချို့ solution တွေဆိုရင် ကိုယ့်ရဲ့ဖုန်းထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေသူရဲ့ ဓာတ်ပုံကို အရှေ့ကင်မရာနဲ့ရိုက်ပြီး ကိုယ့်ဆီ ပေးပို့ပေးနိုင်ပါတယ်။

Remote wipe ဖန်တီးပါ

ကိုယ့်ရဲ့ဖုန်း ပျောက်ဆုံးတာ ဒါမှမဟုတ် ခိုးယူခံရတာမျိုးနဲ့ ကြံုရပြီဆိုရင် အဝေးထိန်းစနစ်နဲ့ lock လုပ်တာ၊ “ဖုန်းပြန်ပေးရင် ကျေးဇူးဆပ်ပါမည်” လိုမျိုး message တစ်ခု ဖော်ပြတာ၊ အချက်အလက်တွေကို ရှင်းပစ်တာနဲ့ အွန်လိုင်းမြေပုံတစ်ခုပေါ်မှာ ခြေရာခံတာတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒီလို ဝန်ဆောင်မှုတွေကို Find My iPhone (iOS) နဲ့ Android Device Manager (Android) တို့မှာ အခမဲ့ လုပ်နိုင်သလို ဒီထက် ပိုမိုစုံလင်တဲ့ feature တွေပါဝင်တဲ့ third-party tool တွေနဲ့လည်း ပြုလုပ်နိုင်ပါတယ်။

Two-factor authentication ကိုသုံးပါ

ကိုယ့်ရဲ့ အွန်လိုင်းလှုပ်ရှားမှုအားလုံးအတွက် ခိုင်မာတဲ့ password တစ်ခုနဲ့အတူ two-factor authentication ကို အသုံးပြုသင့်ပါတယ်။ Two-factor authentication ဟာ ကိုယ့်ရဲ့ online account ကို အသုံးပြုတဲ့အခါ password သာမက သုံးစွဲသူ အစစ် ဟုတ်၊ မဟုတ် အတည်ပြုပေမယ့် မိုဘိုင်းဖုန်းကို ပေးပို့တဲ့ one-time code တစ်ခုလည်း လိုအပ်မှာဖြစ်ပါတယ်။

အင်တာနက်ကို လုံခြံုစွာသုံးပါ

အင်တာနက်သုံးတော့မယ်ဆိုရင် virtual private network (VPN) တစ်ခုကို သုံးပါ။ ဒါဟာ ကိုယ့်ရဲ့ online identity ကို ဖုံးကွယ်ပေးပြီး သင့်ကို လုံခြံုမှုရှိစေမှာဖြစ်ပါတယ်။ ဒါဟာ browser တစ်ခုကို “Private” ဒါမှမဟုတ် “Incognito” mode နဲ့ သုံးတာနဲ့ မတူပါဘူး။ အဲ့ဒီ mode တွေနဲ့သုံးတာက browsing session ကိုပိတ်လိုက်တာနဲ့ history နဲ့ cookie တွေကို ရှင်းလင်းပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အင်တာနက်သုံးပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာကို မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီ၊ အစိုးရ၊ ကြော်ငြာရှင် စတာတွေက တွေ့နိုင်ပါသေးတယ်။ VPN ကို အခမဲ့ Wi-Fi hotspot တစ်ခုနဲ့ သုံးရင်တောင် ကိုယ့်ရဲ့အချက်အလက်တွေအတွက် အန္တရာယ်ရှိနိုင်ပါသေးတယ်။ ဒါကြောင့် VPN ကိုသုံးမယ်ဆိုရင် public hotspot တွေထက် cellular connection နဲ့ သုံးတာက ပိုကောင်းပါတယ်။

Ref: USAToday