ကိုယ့္ကုိယ္ကို နာက်င္ေအာင္ ျပဳလုပ္တဲ့ post ေတြကုိ ထိန္းေက်ာင္းရခက္ခဲတဲ့ ျပႆနာရွိတယ္လို႔ Instagram အႀကီးအကဲ ဝန္ခံ

[ Zawgyi ]

Instagram ဟာမိမိကုိယ့္ကုိ နာက်င္ေအာင္ ျပဳလုပ္တဲ့ ကုိယ့္ကိုယ္ကို အဆုံးစီရင္မႈနဲ႔သက္ဆိုင္တဲ့ အေၾကာင္းအရာေတြကေန သုံးစြဲသူကို ထိေရာက္ေအာင္ မကာကြယ္ေပးႏိုင္ဘူးလို႔ ကုမၸဏီအႀကီးအကဲ အဒမ္မိုဆာရီက ဝန္ခံေျပာၾကားခဲ့ပါတယ္။ Instagram အေနနဲ႔ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကုစားဖို႔ လုပ္ကုိင္ေနပါတယ္။

၂၀၁၇ခုႏွစ္မွာ အသက္၁၄ႏွစ္အရြယ္ ေမာ္လီရပ္ဆဲေသဆုံးမႈက သူ႔ကုိ ထိခိုက္နာက်င္ေစၿပီး မိမိကုိယ့္ကို နာက်င္ေအာင္ ျပဳလုပ္တဲ့ content ေတြကုိေလ့လာဖို႔ ကုမၸဏီတိုက္တြန္ခဲ့တယ္လို႔ မိုဆာရီက Telegraph မွာေရးသားခဲ့ပါတယ္။ ေမာ္လီရပ္ဆဲဟာ ကိုယ့္ကိုယ္ကို အဆုံးစီရင္ခဲ့တာျဖစ္ပါတယ္။ သူမဟာ ကုိယ့္ကုိယ္ကို ထိခိုက္နာက်င္ေအာင္ လုပ္ၿပီး ကုိယ့္ကုိယ္ကုိ အဆုံးစီရင္ Instagram account ေတြကုိ follow လုပ္ခဲ့တယ္လို႔ မိသားစုဝင္ေတြက ေျပာခ့ဲပါတယ္။ ေမာ္လီရပ္ဆဲရဲ႕ သတင္းၾကားအၿပီးမွာ ယူေကက်န္းမာေရးဝန္ႀကီး မတ္ဟန္းေကာ့ အေနနဲ႔ ျပႆနာေတြကိုင္တြယ္မႈနဲ႔ပတ္သက္ၿပီး နည္းပညာကုမၸဏီေတြကုိ သတိေပးခဲ့တယ္လို႔ သိရပါတယ္။ မုိဆာရီနဲ႔ အဖြဲ႕ဟာ platform ကအဲဒီ အေၾကာင္းအရာကို ဘယ္လိုကုိင္တြယ္ေနလဲဆိုတာ က်ယ္က်ယ္ျပန္႔ျပန္႔ သုံးသပ္ခဲ့ပါတယ္။

Instagram ဟာကုိယ့္ကုိယ္ကို နာက်င္ေအာင္ျပဳလုပ္မႈ ဒါမွမဟုတ္ ကုိယ့္ကုိယ္ကုိ အဆုံးစီရင္မႈကုိ promote လုပ္တဲ့ post ေတြကို ပယ္ဖ်က္ခဲ့ေပမယ့္ လြတ္လပ္စြာ ေျခရာခံၿပီး ထိန္းေက်ာင္းမႈမွာ ႐ုန္းကန္ေနရပါတယ္။ “အေျခခံအက်ဆုံးကေတာ့ အျခားလူေတြက အဲဒီ post ေတြကို မျမင္ခင္မွာ ရွာမေတြ႕တဲ့ ျပႆနာ” လို႔မုိဆာရီက ေရးသားခဲ့ပါတယ္။ လက္ရွိမွာ Instagram ဟာအစီရင္ခံစာေတြ ရရွိဖို႔ လူမႈအသုိက္အဝန္းကို အားကုိးေနရပါတယ္။ ဒါေပမယ့္ ကုမၸဏီဟာ follow လုပ္မယ့္သူေတြဆီ မေရာက္ခင္ ဓာတ္ပုံေတြကုိ ရွာေဖြေတြ႕ရွိႏိုင္ဖို႔ နည္းပညာအေပၚ ရင္းႏွီးျမႇဳပ္ႏွံေနပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Instagram ဟာမိမိကိုယ့်ကို နာကျင်အောင် ပြုလုပ်တဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကနေ သုံးစွဲသူကို ထိရောက်အောင် မကာကွယ်ပေးနိုင်ဘူးလို့ ကုမ္ပဏီအကြီးအကဲ အဒမ်မိုဆာရီက ဝန်ခံပြောကြားခဲ့ပါတယ်။ Instagram အနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကုစားဖို့ လုပ်ကိုင်နေပါတယ်။

၂၀၁၇ခုနှစ်မှာ အသက်၁၄နှစ်အရွယ် မော်လီရပ်ဆဲသေဆုံးမှုက သူ့ကို ထိခိုက်နာကျင်စေပြီး မိမိကိုယ့်ကို နာကျင်အောင် ပြုလုပ်တဲ့ content တွေကိုလေ့လာဖို့ ကုမ္ပဏီတိုက်တွန်ခဲ့တယ်လို့ မိုဆာရီက Telegraph မှာရေးသားခဲ့ပါတယ်။ မော်လီရပ်ဆဲဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင် Instagram account တွေကို follow လုပ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောခဲ့ပါတယ်။ မော်လီရပ်ဆဲရဲ့ သတင်းကြားအပြီးမှာ ယူကေကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ အနေနဲ့ ပြဿနာတွေကိုင်တွယ်မှုနဲ့ပတ်သက်ပြီး နည်းပညာကုမ္ပဏီတွေကို သတိပေးခဲ့တယ်လို့ သိရပါတယ်။ မိုဆာရီနဲ့ အဖွဲ့ဟာ platform ကအဲဒီ အကြောင်းအရာကို ဘယ်လိုကိုင်တွယ်နေလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ခဲ့ပါတယ်။

Instagram ဟာကိုယ့်ကိုယ်ကို နာကျင်အောင်ပြုလုပ်မှု ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို promote လုပ်တဲ့ post တွေကို ပယ်ဖျက်ခဲ့ပေမယ့် လွတ်လပ်စွာ ခြေရာခံပြီး ထိန်းကျောင်းမှုမှာ ရုန်းကန်နေရပါတယ်။ “အခြေခံအကျဆုံးကတော့ အခြားလူတွေက အဲဒီ post တွေကို မမြင်ခင်မှာ ရှာမတွေ့တဲ့ ပြဿနာ” လို့မိုဆာရီက ရေးသားခဲ့ပါတယ်။ လက်ရှိမှာ Instagram ဟာအစီရင်ခံစာတွေ ရရှိဖို့ လူမှုအသိုက်အဝန်းကို အားကိုးနေရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ follow လုပ်မယ့်သူတွေဆီ မရောက်ခင် ဓာတ်ပုံတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ နည်းပညာအပေါ် ရင်းနှီးမြှုပ်နှံနေပါတယ်။

Ref: TheVerge