ကရင္တိုင္းရင္းသားဘာသာျဖင့္ ထုတ္လုပ္ထားသည့္ Animal AR Book ကို စတင္မိတ္ဆက္

[ Zawgyi ]

ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္နဲ႔ MPT တို႔ ပူးေပါင္းက်င္းပတဲ့ MYTDP 2019 (Myanmar Youth Technopreneurship Development Program 2019) အစီအစဥ္၏ အေရြးခ်ယ္ခံအဖြဲ႕သံုးဖြဲ႔မွ အဖြဲ႕တစ္ဖြဲျဖစ္တဲ့ Blue Frog Company Limited မွ ကရင္တုိင္းရင္းသားဘာသာနဲ႔ ထုတ္လုပ္ထားတဲ့ Animal AR Book နဲ႔အတူ တြဲဖက္အသံုးျပဳရမယ့္ LEL (Learn Ethnic Language) Animal Application ကို ေမ ၂၂ ရက္ (ယေန႔) မိတ္ဆက္ခဲ့ပါတယ္။

“ကြ်န္ေတာ္တို႔ အရင္ဆံုး ကရင္ဗားရွင္းနဲ႔ထုတ္ပါတယ္။ ကရင္နဲ႔နီးစပ္လို႔ ေစ်းကြက္ကို စမ္းသပ္တဲ့အေနနဲ႔ စထုတ္တာပါ။ တျခားတိုင္းရင္းသားေတြနဲ႔လည္း ေနာက္ပိုင္းမွာ ဆက္လက္ထုတ္လုပ္သြားမွာပါ။ ကြ်န္ေတာ္တို႔က တိုင္းရင္းသားအားလံုးရဲ႕ စာေပ၊ ယဥ္ေက်းမႈေတြကို ျမႇင့္တင္ေပးခ်င္တဲ့ ရည္ရြယ္ခ်က္ရွိပါတယ္” လို္႔ Blue Frog Company Limited မွ တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

ကရင္တိုင္းရင္းသားဘာသာနဲ႔ ထုတ္လုပ္ထားတဲ့ Animal AR Book ကို အရည္အေသြးေကာင္းမြန္စြာျဖင့္ ထုတ္လုပ္ထားေၾကာင္း၊ စာအုပ္အရြယ္အစားမွာ စာအုပ္အရွည္က ၁၀.၃ လက္မျဖစ္ၿပီး အျမင့္ ၈.၅ လက္မ ရွိေၾကာင္း သိရပါတယ္။ စာအုပ္မွာ အသံုးျပဳနည္း User guide ပါ၀င္ၿပီး အဆိုပါ User guide ရွိ Activation Code (QR Code) ကုတ္ကို Scan ဖတ္ကာ ဖုန္းသံုးလံုးအတြက္အသံုးျပဳမယ့္ LEL Animal Application ကို Activate ျပဳလုပ္ႏိုင္မယ္လို႔ သိရပါတယ္။

“ဒီစာအုပ္တစ္အုပ္ကို ၀ယ္လိုက္မယ္ဆိုရင္ စာအုပ္ဖတ္လိုက္တဲ့ reading skill ရမယ္၊ Scan ဖတ္ၿပီး နားေထာင္လိုက္တဲ့ Listening skill ရမယ္ေပါ့။ သတၱ၀ါေတြရဲ႕ လႈပ္ရွားသြားလာမႈ၊ ပတ္၀န္းက်င္ အေနအထားေတြေတြ႕ရမယ္ ျမင္ရမယ္ေပါ့။ ေနာက္ၿပီး စာအုပ္မွာပါတဲ့ အေကာင္ေလးေတြနဲ႔လည္း တြဲၿပီး ဓာတ္ပံု႐ိုက္လုိ႔ရမယ္။ ဂိမ္းလည္း ေဆာ့လို႔ရပါတယ္။ ေနာက္ပိုင္းမွာလည္း Application မွာ ဂိမ္းေတြထပ္ထည့္သြားမွာပါ။ ေနာက္ထပ္တစ္ခုက စာအုပ္ရဲ႕ေနာက္ဆံုးမွာ က၊ ခ ကို ကရင္စာေပနဲ႔ ေရးတာကို ထည့္ထားေပးပါတယ္” လို္႔ ထပ္မံေျပာၾကားခဲ့ပါတယ္။

ကရင္တိုင္းရင္းသားဘာသာျဖင့္ ထုတ္လုပ္ထားတဲ့ AR Book နဲ႔ တြဲဖက္သံုးရမယ့္ LEL Animal Application ကို Android အေနနဲ႔သာ ထုတ္လုပ္ထားၿပီး ဇြန္လ မကုန္ခင္ iOS အတြက္ ဆက္လက္ ထုပ္လုပ္သြားမယ္လို႔ သိရပါတယ္။ အဆိုပါ စာအုပ္ကို ၇၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး မွာယူတဲ့အခါမွာ ရန္ကုန္ၿမိဳ႕တြင္းျဖစ္ပါက ၂၄ နာရီအတြင္း အေရာက္ပို႔ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။ အိမ္အေရာက္ပို႔ေဆာင္ခကို ၂၀၀၀ က်ပ္ သတ္မွတ္ထားၿပီး ေမ ၂၅ ရက္မွာ ေအာ္ဒါ စတင္ တင္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
စာအုပ္မွာယူလိုသူေတြအေနနဲ႔ ဖုန္း ၀၉၇၃၀၈၆၇၅၂ နဲ႔ ၀၉၉၇၅၈၀၆၄၇၁ ကို ဆက္သြယ္စံုစမ္းမွာယူႏိုင္မွာျဖစ္သလို၊ www.facebook.com/blue.frog.studio ရဲ႕ messenger ကေနလည္း မွာယူႏုိင္မွာျဖစ္ပါတယ္။

[ Unicode ]

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နဲ့ MPT တို့ ပူးပေါင်းကျင်းပတဲ့ MYTDP 2019 (Myanmar Youth Technopreneurship Development Program 2019) အစီအစဉ်၏ အရွေးချယ်ခံအဖွဲ့သုံးဖွဲ့မှ အဖွဲ့တစ်ဖွဲဖြစ်တဲ့ Blue Frog Company Limited မှ ကရင်တိုင်းရင်းသားဘာသာနဲ့ ထုတ်လုပ်ထားတဲ့ Animal AR Book နဲ့အတူ တွဲဖက်အသုံးပြုရမယ့် LEL (Learn Ethnic Language) Animal Application ကို မေ ၂၂ ရက် (ယနေ့) မိတ်ဆက်ခဲ့ပါတယ်။

“ကျွန်တော်တို့ အရင်ဆုံး ကရင်ဗားရှင်းနဲ့ထုတ်ပါတယ်။ ကရင်နဲ့နီးစပ်လို့ စျေးကွက်ကို စမ်းသပ်တဲ့အနေနဲ့ စထုတ်တာပါ။ တခြားတိုင်းရင်းသားတွေနဲ့လည်း နောက်ပိုင်းမှာ ဆက်လက်ထုတ်လုပ်သွားမှာပါ။ကျွန်တော်တို့က တိုင်းရင်းသားအားလုံးရဲ့ စာပေ၊ ယဉ်ကျေးမှုတွေကို မြှင့်တင်ပေးချင်တဲ့ ရည်ရွယ်ချက်ရှိပါတယ်” လို့် Blue Frog Company Limited မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်တိုင်းရင်းသားဘာသာနဲ့ထုတ်လုပ်ထားတဲ့ Animal AR Book ကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်ထားကြောင်း၊ စာအုပ် အရွယ်အစားမှာ စာအုပ်အရှည်က ၁၀.၃ လက်မဖြစ်ပြီး အမြင့် ၈.၅ လက်မ ရှိကြောင်း သိရပါတယ်။ စာအုပ်မှာ အသုံးပြုနည်း User guide ပါ၀င်ပြီး အဆိုပါ User guide ရှိ Activation Code (QR Code) ကုတ်ကို Scan ဖတ်ကာ ဖုန်းသုံးလုံးအတွက်အသုံးပြုမယ့် LEL Animal Application ကို Activate ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

“ဒီစာအုပ်တစ်အုပ်ကို ၀ယ်လိုက်မယ်ဆိုရင် စာအုပ်ဖတ်လိုက်တဲ့ reading skill ရမယ်၊ Scan ဖတ်ပြီး နားထောင်လိုက်တဲ့ Listening skill ရမယ်ပေါ့။ သတ္တဝါတွေရဲ့ လှုပ်ရှားသွားလာမှု၊ ပတ်ဝန်းကျင် အနေအထားတွေတွေ့ရမယ် မြင်ရမယ်ပေါ့။ နောက်ပြီး စာအုပ်မှာပါတဲ့ အကောင်လေးတွေနဲ့လည်း တွဲပြီး ဓာတ်ပုံရိုက်လို့ရမယ်။ ဂိမ်းလည်း ဆော့လို့ရပါတယ်။ နောက်ပိုင်းမှာလည်း Application မှာ ဂိမ်းတွေထပ်ထည့်သွားမှာပါ။ နောက်ထပ်တစ်ခုက စာအုပ်ရဲ့နောက်ဆုံးမှာ က၊ ခ ကို ကရင်စာပေနဲ့ ရေးတာကို ထည့်ထားပေးပါတယ်” လို့် ထပ်မံပြောကြားခဲ့ပါတယ်။

ကရင်တိုင်းရင်းသားဘာသာဖြင့် ထုတ်လုပ်ထားတဲ့ AR Book နဲ့ တွဲဖက်သုံးရမယ့် LEL Animal Application ကို Android အနေနဲ့သာ ထုတ်လုပ်ထားပြီး ဇွန်လ မကုန်ခင် iOS အတွက် ဆက်လက် ထုပ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ စာအုပ်ကို ရ၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မှာယူတဲ့အခါမှာ ရန်ကုန်မြို့တွင်းဖြစ်ပါက ၂၄ နာရီအတွင်း အရောက်ပို့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အိမ်အရောက်ပို့ဆောင်ခကို ၂၀၀၀ ကျပ် သတ်မှတ်ထားပြီး မေ ၂၅ ရက်မှာ အော်ဒါ စတင် တင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
စာအုပ်မှာယူလိုသူတွေအနေနဲ့ ဖုန်း ၀၉၇၃၀၈၆၇၅၂ နဲ့ ၀၉၉၇၅၈၀၆၄၇၁ ကို ဆက်သွယ်စုံစမ်းမှာယူနိုင်မှာဖြစ်သလို၊ www.facebook.com/blue.frog.studio ရဲ့ messenger ကနေလည်း မှာယူနိုင်မှာဖြစ်ပါတယ်။