ကမ႓ာ႔အႀကီးမားဆံုး ကင္မရာျပပြဲႀကီး Photokina 2018

[ Zawgyi ]

၁၉၅၀ ခုႏွစ္က ဂ်ာမနီႏုိင္ငံ အေနာက္ပိုင္းမွာရွိတဲ့ ကိုလံုးၿမိဳ႕ ႀကီးမွာ Photokina ဆိုတဲ့ျပပြဲႀကီးကို ပထမဆံုးက်င္းပခဲ့ရာ ကမ႓ာ႔အႀကီးမားဆံုး ကုန္စည္ျပပြဲႀကီးလို႔ ဂုဏ္ယူဝင့္ႂကြားႏိုင္ခဲ့တယ္။ ကင္မရာနဲ႔ ဓာတ္ပံုထုတ္လုပ္မႈေတြ အတြက္ ကုန္ပစၥည္းမ်ားကို အမ်ားဆံုး ျမင္ေတြ႕ၾကရတယ္။ အထူးသျဖင့္ ႏုိင္ငံတကာက ပစၥည္းအခ်ိဳ႕သာ ပါဝင္ၿပီး ဂ်ာမနီႏိုင္ငံလုပ္ ပစၥည္းမ်ားကအမ်ားစု ပါဝင္တာကို သတိျပဳမိခဲ့ၾကတယ္။ ၁၉၅၁ ခုႏွစ္က က်င္းပတဲ့ Photokina ျပပြဲႀကီးမွာေတာ့ အျခားႏိုင္ငံမ်ားက ကင္မရာနဲ႔ ဓာတ္ပံုလုပ္ငန္း ပစၥည္းထုတ္လုပ္တဲ့ အဖြဲ႕အစည္းေပါင္း (၇၀) ေက်ာ္အထိ ပါဝင္လာတယ္။ ၁၉၅၂ ခုႏွစ္ျပပြဲႀကီးမွာလည္း ပိုမိုစည္ကား
မ်ားျပားလာခဲ့တယ္။ ဒါေပမဲ့ ၁၉၅၃ ခုႏွစ္ျပပြဲမျပဳလုပ္ေတာ့ကာ ၁၉၅၄ ခုႏွစ္ေရာက္မွသာ က်င္းပခဲ့ၿပီး ႏွစ္ႏွစ္တစ္ႀကိမ္က်င္းပတဲ့ Photokina ျပပြဲႀကီးျဖစ္ခဲ့ရတယ္။ Photokina ျပပြဲႀကီးကို ကမ႓ာအရပ္ရပ္က စိတ္ဝင္တစား လာေရာက္ၾကည့္႐ႈၾကသူေတြ မ်ားျပားၿပီး လူသိမ်ားတဲ့ ကမ႓ာေက်ာ္ျပပြဲႀကီးတစ္ခုျဖစ္လာတယ္။ ၁၉၅၆ ခုႏွစ္ Photokina ျပပြဲ ဖြင့္လွစ္ခ်ိန္မွာ အေမရိကန္ႏိုင္ငံ သမၼတႀကီး အိုင္စင္ေဟာင္ဝါက ေၾကးနန္းနဲ႔ ဂုဏ္ျပဳသဝဏ္လႊာ ပို႔ခဲ့တယ္ဆိုတဲ့ သမုိင္းမွတ္တမ္းလည္း ရွိခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ေနာက္ပိုင္းမွာ Photokina ျပပြဲႀကီးကို တစ္ႏွစ္ တစ္ႀကိမ္ျပန္လည္က်င္းပဖုိ႔ စီမံခဲ့ၾကရတယ္။ ၂၀၁၈ ခုႏွစ္ရဲ႕ Photokina 2018 ျပပြဲႀကီးကို စက္တင္ဘာလ ၂၆ ရက္ကေန ၂၉ ရက္အထိ ဂ်ာမနီႏုိင္ငံ ကိုလံုးၿမိဳ႕မွာ ထံုးစံအတုိင္းက်င္းပၿပီးစီး သြားခဲ့တယ္။ Photokina ျပပြဲႀကီးနဲ႔ ပတ္သက္ၿပီး သုေတသန ျပဳလုပ္ၾကသူမ်ားက Photokina 2018 ကို ကမ႓ာ႔အႀကီးမားတကာ့ အႀကီးမားဆံုး ကင္မရာျပပြဲႀကီးလုိ႔ မွတ္ေက်ာက္တင္လုိက္ၾကတယ္။ ၁၉၅၆ ခုႏွစ္ျပပြဲႀကီးကစၿပီး စက္တင္ဘာလ ဝန္းက်င္ရက္မ်ားမွာ အစဥ္တစုိက္ က်င္းပလာခဲ့တာျဖစ္တယ္။ ဒါေပမဲ့ ၂၀၁၉ ခုႏွစ္မွာေတာ့ Photokina 2019 ကို ေမလမွာ က်င္းပမယ္လို႔ ျပင္ဆင္သတ္မွတ္ လုိက္ၾကျပန္ပါတယ္။ ေနာင္ႏွစ္ကစၿပီး တစ္ႏွစ္တစ္ႀကိမ္ က်င္းပတဲ့ပြဲႀကီးျဖစ္လာပါလိမ့္မယ္။

အႀကီးမားတကာ့အႀကီးမား ဆံုးကင္မရာျပပြဲႀကီးလုိ႔ သတ္မွတ္ရေလာက္ေအာင္ ကင္မရာနဲ႔မွန္ ဘီလူးအသစ္မ်ား၊ အေထာက္အကူျပဳ တပ္ဆင္ကိရိယာသစ္မ်ားကို အၿပိဳင္အဆုိင္ မိတ္ဆက္ျပသၾကတဲ့ Photokina 2018 ျပပြဲကို မျဖစ္မေန မွတ္တမ္းတင္ၾကရတယ္။
ဓာတ္ပံုပညာရွင္မ်ား၊ ဓာတ္ပံုဝါသနာရွင္မ်ားအေနနဲ႔ လွပဆန္းျပားတဲ့ ေနာက္ခံအျပင္အဆင္မ်ားနဲ႔ ႐ုိက္ကူးခြင့္ရေစတဲ့ စတူဒီယိုမ်ားကို ျပင္ဆင္ထားေပးတာကိုလည္း ေတြ႕ခဲ့ၾကရတယ္။ ျပပြဲႀကီးရဲ႕ အဆိုအၫႊန္းကေတာ့ Imaging unlimited ျဖစ္တယ္။

ကင္မရာထုတ္လုပ္ေရးေလာ ကမွာ ထိပ္တန္းစာရင္းဝင္ ကုမၸဏီမ်ားက ေသးငယ္တဲ့ ကိုယ္ထည္ ပံုစံျပဳကင္မရာေတြမွာ ပိုမုိႀကီးမားတဲ့ Sensors ေတြအသံုးျပဳရတဲ့ Full-frame mirrorless camera option ေတြ အၿပိဳင္အဆုိင္ျဖစ္လာတဲ့အေျခအေနမွန္ကို Photokina
2018 မွာ လက္ေတြ႕ ျမင္ေတြ႕ခြင့္ရလုိက္ၾကတယ္။ ၂၀၁၈ ခုႏွစ္ကို Full-frame ကင္မရာမ်ား လႊမ္းမိုးလာတဲ့ႏွစ္လုိ႔ပင္ မွတ္ခ်က္ျပဳၾကရ ေပေတာ့မယ္။ Nikon တုိ႔၊ Canon တုိ႔၊ Panasonic တုိ႔လို ကုမၸဏီေတြက Full-frame mirrorless ကင္ မရာသစ္မ်ားကိုခင္းက်င္း ျပသတာကိုပင္ေတြ႕ရတယ္။

ျပပြဲႀကီးမတုိင္မီ ရက္သတၱပတ္အလိုက စတင္ေရာင္းခ်ခဲ့တဲ့ Nikon Z7 နဲ႔ Nikon Z6 ဆိုတဲ့ Full-frame mirrorless ကင္မရာႏွစ္
မ်ိဳးကို Nikon ျပခန္းမွာျပသတာ ေတြ႕ရသလို Canon ျပခန္းမွာ မၾကာေသးတဲ့ရက္ပိုင္းအတြင္းက ေၾကညာခဲ့တဲ့ Canon ရဲ႕ EOS-R ေမာ္ဒယ္ကိုထုတ္ျပခဲ့တဲ့အျပင္ ပိုၿပီးကိုယ္ထည္ေသးငယ္တဲ့ 5D Mark IV ကင္မရာကိုလည္း ျပသထားတာေတြ႕ၾကရတယ္။ Panasonic ကုမၸဏီကေန SIR နဲ႔ SI ဆိုတဲ့ ေမာ္ဒယ္ႏွစ္မ်ိဳးနဲ႔ Full-frame mirrorless ကင္မရာအသစ္ေတြကို ျပသခဲ့တယ္။ 47Mp sensor နဲ႔  24MP sensor ေတြနဲ႔ တည္ေဆာက္ထားတာ ျဖစ္တဲ့အတြက္ ကင္မရာ ျမတ္ႏိုးသူေတြ မ်က္စိက်စရာ ျဖစ္သြားေစတယ္။ Olympus ကေတာ့ ဖန္တီး႐ုိက္ခ်က္မ်ားျပလုပ္ဖုိ႔ Perspective Playground နဲ႔ Test lab ကို ခင္းက်င္းျပသရင္း ၂၀၁၉ ခုႏွစ္မွာ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ေန႔ ထုတ္လုပ္မယ့္ ကင္မရာသစ္မ်ားရဲ႕အေၾကာင္းကို အရိပ္အႁမြက္သာ တင္ဆက္ေပးခဲ့တယ္။

Sony ကုမၸဏီက ေရာင္းအားအေကာင္းဆံုးျဖစ္သြားတဲ့ A7 III နဲ႔ A7R III ေမာ္ဒယ္ Full-frame cameras မ်ားကိုျပသရင္း e-Mount lense အသစ္ (၁၂) မ်ိဳး ကို လာမယ့္ ၂၄ လအတြင္းထုတ္ လုပ္ေရာင္းခ်သြားမယ့္အေၾကာင္း ကို roadmap အဆင္အယင္နဲ႔ ျပသသြားတယ္။ Ricoh ကုမၸဏီအေနနဲ႔ကေတာ့ GR III ဆိုတဲ့ compact camera အမ်ိဳးအစားသစ္ကို မိတ္ဆက္ျပသေပးတယ္။ 24 MP APS-C sensors နဲ႔ ထူးျခားသစ္လြင္တဲ့ Touchscreen မ်ားေၾကာင့္ ႏွစ္သက္ဖြယ္ရာ ကင္မရာသစ္အျဖစ္ မွတ္ခ်က္ျပဳၾကရတယ္။
ကင္မရာသစ္သံုးမ်ိဳးကို မိတ္ဆက္ျပသထားတဲ့ Fujifilm ကုမၸဏီရဲ႕ျပခန္းကလည္း စိတ္၀င္စရာ ေကာင္းလွပါတယ္။ GFX- 100 ေမာ္ဒယ္၊ GFX- 50R ေမာ္ဒယ္နဲ႔ Instax Square SQ20 ဆိုတဲ့ ေမာ္ဒယ္သစ္မ်ားကို ေတြ႕ၾကရတယ္။ စတင္ေရာင္းခ်မယ့္ရက္ကို အတိအက် မေၾကညာေပမယ့္ ကမ႓ာေပၚမွာ ပထမဆံုး 100-Mp medium format နဲ႔ ပထမဆံုး 100-MP mirrorless camera အျဖစ္ ျမင္ေတြ႕ခြင့္ရၾကတဲ့ Fujifilm GFX- 100 ကင္မရာကေတာ့ အထူးျခားဆံုးလုိ႔ ေျပာႏုိင္ပါလိမ့္မယ္။

မွန္ဘီလူး (Lens) မ်ားနဲ႔ ပတ္သက္လုိ႔ Sigma 60-600 mm f/4.5-5.6 DG OS HSM lens ကိုလူႀကိဳက္မ်ားသလုိ Samyang ရဲ႕ 10 mm ultra-wide angle lens မ်ားကိုလည္း အမ်ားအျပား စိတ္ဝင္စားၾကတယ္။ သတ္မွတ္ ေရာင္းေစ်းေဒၚလာေငြ ၂၆,၀၀၀ နဲ႔
ခ်ိတ္ဆြဲထားတဲ့ ၃၅ ေပါင္ေလာက္နီးနီးေလးလံတဲ့ Sigma ရဲ႕ 200-500 mm f2.8 bazooka lens ႀကီးကုိလည္း ခန္႔ထည္စြာေတြ႕ျမင္ ၾကရတယ္။ ျပခန္းေတြနဲ႔ ပစၥည္းေတြကို ႐ိုက္ကူးမွတ္တမ္းတင္ယူရတဲ့ ပံုရိပ္သစ္ေပါင္း ၁၁၀ ေက်ာ္ရွိခဲ့တဲ့ Photokina 2018 ျပပြဲႀကီး
ရဲ႕ ထူးျခားခမ္းနားမႈေတြက ျပန္လည္ေဖာက္သည္ခ်ၾကရတာကိုပင္ တားမရေစတဲ့အထိ ျဖစ္ေနပါေတာ့တယ္။

-ဦးေသာင္းဝင္း (ပန္းခ်ယ္ရီ)

[ Unicode ]

၁၉၅၀ ခုနှစ်က ဂျာမနီနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ကိုလုံးမြို့ ကြီးမှာ Photokina ဆိုတဲ့ပြပွဲကြီးကို ပထမဆုံးကျင်းပခဲ့ရာ ကမ႓ာ့အကြီးမားဆုံး ကုန်စည်ပြပွဲကြီးလို့ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တယ်။ ကင်မရာနဲ့ ဓာတ်ပုံထုတ်လုပ်မှုတွေ အတွက် ကုန်ပစ္စည်းများကို အများဆုံး မြင်တွေ့ကြရတယ်။ အထူးသဖြင့် နိုင်ငံတကာက ပစ္စည်းအချို့သာ ပါဝင်ပြီး ဂျာမနီနိုင်ငံလုပ် ပစ္စည်းများကအများစု ပါဝင်တာကို သတိပြုမိခဲ့ကြတယ်။ ၁၉၅၁ ခုနှစ်က ကျင်းပတဲ့ Photokina ပြပွဲကြီးမှာတော့ အခြားနိုင်ငံများက ကင်မရာနဲ့ ဓာတ်ပုံလုပ်ငန်း ပစ္စည်းထုတ်လုပ်တဲ့ အဖွဲ့အစည်းပေါင်း (၇၀) ကျော်အထိ ပါဝင်လာတယ်။ ၁၉၅၂ ခုနှစ်ပြပွဲကြီးမှာလည်း ပိုမိုစည်ကား
များပြားလာခဲ့တယ်။ ဒါပေမဲ့ ၁၉၅၃ ခုနှစ်ပြပွဲမပြုလုပ်တော့ကာ ၁၉၅၄ ခုနှစ်ရောက်မှသာ ကျင်းပခဲ့ပြီး နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ Photokina ပြပွဲကြီးဖြစ်ခဲ့ရတယ်။ Photokina ပြပွဲကြီးကို ကမ႓ာအရပ်ရပ်က စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသူတွေ များပြားပြီး လူသိများတဲ့ ကမ႓ာကျော်ပြပွဲကြီးတစ်ခုဖြစ်လာတယ်။ ၁၉၅၆ ခုနှစ် Photokina ပြပွဲ ဖွင့်လှစ်ချိန်မှာ အမေရိကန်နိုင်ငံ သမ္မတကြီး အိုင်စင်ဟောင်ဝါက ကြေးနန်းနဲ့ ဂုဏ်ပြုသဝဏ်လွှာ ပို့ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းလည်း ရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ Photokina ပြပွဲကြီးကို တစ်နှစ် တစ်ကြိမ်ပြန်လည်ကျင်းပဖို့ စီမံခဲ့ကြရတယ်။ ၂၀၁၈ ခုနှစ်ရဲ့ Photokina 2018 ပြပွဲကြီးကို စက်တင်ဘာလ ၂၆ ရက်ကနေ ၂၉ ရက်အထိ ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ထုံးစံအတိုင်းကျင်းပပြီးစီး သွားခဲ့တယ်။ Photokina ပြပွဲကြီးနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ကြသူများက Photokina 2018 ကို ကမ႓ာ့အကြီးမားတကာ့ အကြီးမားဆုံး ကင်မရာပြပွဲကြီးလို့ မှတ်ကျောက်တင်လိုက်ကြတယ်။ ၁၉၅၆ ခုနှစ်ပြပွဲကြီးကစပြီး စက်တင်ဘာလ ဝန်းကျင်ရက်များမှာ အစဉ်တစိုက် ကျင်းပလာခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာတော့ Photokina 2019 ကို မေလမှာ ကျင်းပမယ်လို့ ပြင်ဆင်သတ်မှတ် လိုက်ကြပြန်ပါတယ်။ နောင်နှစ်ကစပြီး တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ပွဲကြီးဖြစ်လာပါလိမ့်မယ်။

အကြီးမားတကာ့အကြီးမား ဆုံးကင်မရာပြပွဲကြီးလို့ သတ်မှတ်ရလောက်အောင် ကင်မရာနဲ့မှန် ဘီလူးအသစ်များ၊ အထောက်အကူပြု တပ်ဆင်ကိရိယာသစ်များကို အပြိုင်အဆိုင် မိတ်ဆက်ပြသကြတဲ့ Photokina 2018 ပြပွဲကို မဖြစ်မနေ မှတ်တမ်းတင်ကြရတယ်။
ဓာတ်ပုံပညာရှင်များ၊ ဓာတ်ပုံဝါသနာရှင်များအနေနဲ့ လှပဆန်းပြားတဲ့ နောက်ခံအပြင်အဆင်များနဲ့ ရိုက်ကူးခွင့်ရစေတဲ့ စတူဒီယိုများကို ပြင်ဆင်ထားပေးတာကိုလည်း တွေ့ခဲ့ကြရတယ်။ ပြပွဲကြီးရဲ့ အဆိုအညွှန်းကတော့ Imaging unlimited ဖြစ်တယ်။

ကင်မရာထုတ်လုပ်ရေးလော ကမှာ ထိပ်တန်းစာရင်းဝင် ကုမ္ပဏီများက သေးငယ်တဲ့ ကိုယ်ထည် ပုံစံပြုကင်မရာတွေမှာ ပိုမိုကြီးမားတဲ့ Sensors တွေအသုံးပြုရတဲ့ Full-frame mirrorless camera option တွေ အပြိုင်အဆိုင်ဖြစ်လာတဲ့အခြေအနေမှန်ကို Photokina
2018 မှာ လက်တွေ့ မြင်တွေ့ခွင့်ရလိုက်ကြတယ်။ ၂၀၁၈ ခုနှစ်ကို Full-frame ကင်မရာများ လွှမ်းမိုးလာတဲ့နှစ်လို့ပင် မှတ်ချက်ပြုကြရ ပေတော့မယ်။ Nikon တို့၊ Canon တို့၊ Panasonic တို့လို ကုမ္ပဏီတွေက Full-frame mirrorless ကင် မရာသစ်များကိုခင်းကျင်း ပြသတာကိုပင်တွေ့ရတယ်။

ပြပွဲကြီးမတိုင်မီ ရက်သတ္တပတ်အလိုက စတင်ရောင်းချခဲ့တဲ့ Nikon Z7 နဲ့ Nikon Z6 ဆိုတဲ့ Full-frame mirrorless ကင်မရာနှစ်
မျိုးကို Nikon ပြခန်းမှာပြသတာ တွေ့ရသလို Canon ပြခန်းမှာ မကြာသေးတဲ့ရက်ပိုင်းအတွင်းက ကြေညာခဲ့တဲ့ Canon ရဲ့ EOS-R မော်ဒယ်ကိုထုတ်ပြခဲ့တဲ့အပြင် ပိုပြီးကိုယ်ထည်သေးငယ်တဲ့ 5D Mark IV ကင်မရာကိုလည်း ပြသထားတာတွေ့ကြရတယ်။ Panasonic ကုမ္ပဏီကနေ SIR နဲ့ SI ဆိုတဲ့ မော်ဒယ်နှစ်မျိုးနဲ့ Full-frame mirrorless ကင်မရာအသစ်တွေကို ပြသခဲ့တယ်။ 47Mp sensor နဲ့ 24MP sensor တွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကင်မရာ မြတ်နိုးသူတွေ မျက်စိကျစရာ ဖြစ်သွားစေတယ်။ Olympus ကတော့ ဖန်တီးရိုက်ချက်များပြလုပ်ဖို့ Perspective Playground နဲ့ Test lab ကို ခင်းကျင်းပြသရင်း ၂၀၁၉ ခုနှစ်မှာ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နေ့ ထုတ်လုပ်မယ့် ကင်မရာသစ်များရဲ့အကြောင်းကို အရိပ်အမြွက်သာ တင်ဆက်ပေးခဲ့တယ်။

Sony ကုမ္ပဏီက ရောင်းအားအကောင်းဆုံးဖြစ်သွားတဲ့ A7 III နဲ့ A7R III မော်ဒယ် Full-frame cameras များကိုပြသရင်း e-Mount lense အသစ် (၁၂) မျိုး ကို လာမယ့် ၂၄ လအတွင်းထုတ် လုပ်ရောင်းချသွားမယ့်အကြောင်း ကို roadmap အဆင်အယင်နဲ့ ပြသသွားတယ်။ Ricoh ကုမ္ပဏီအနေနဲ့ကတော့ GR III ဆိုတဲ့ compact camera အမျိုးအစားသစ်ကို မိတ်ဆက်ပြသပေးတယ်။ 24 MP APS-C sensors နဲ့ ထူးခြားသစ်လွင်တဲ့ Touchscreen များကြောင့် နှစ်သက်ဖွယ်ရာ ကင်မရာသစ်အဖြစ် မှတ်ချက်ပြုကြရတယ်။
ကင်မရာသစ်သုံးမျိုးကို မိတ်ဆက်ပြသထားတဲ့ Fujifilm ကုမ္ပဏီရဲ့ပြခန်းကလည်း စိတ်ဝင်စရာ ကောင်းလှပါတယ်။ GFX- 100 မော်ဒယ်၊ GFX- 50R မော်ဒယ်နဲ့ Instax Square SQ20 ဆိုတဲ့ မော်ဒယ်သစ်များကို တွေ့ကြရတယ်။ စတင်ရောင်းချမယ့်ရက်ကို အတိအကျ မကြေညာပေမယ့် ကမ႓ာပေါ်မှာ ပထမဆုံး 100-Mp medium format နဲ့ ပထမဆုံး 100-MP mirrorless camera အဖြစ် မြင်တွေ့ခွင့်ရကြတဲ့ Fujifilm GFX- 100 ကင်မရာကတော့ အထူးခြားဆုံးလို့ ပြောနိုင်ပါလိမ့်မယ်။

မှန်ဘီလူး (Lens) များနဲ့ ပတ်သက်လို့ Sigma 60-600 mm f/4.5-5.6 DG OS HSM lens ကိုလူကြိုက်များသလို Samyang ရဲ့ 10 mm ultra-wide angle lens များကိုလည်း အများအပြား စိတ်ဝင်စားကြတယ်။ သတ်မှတ် ရောင်းစျေးဒေါ်လာငွေ ၂၆,၀၀၀ နဲ့
ချိတ်ဆွဲထားတဲ့ ၃၅ ပေါင်လောက်နီးနီးလေးလံတဲ့ Sigma ရဲ့ 200-500 mm f2.8 bazooka lens ကြီးကိုလည်း ခန့်ထည်စွာတွေ့မြင် ကြရတယ်။ ပြခန်းတွေနဲ့ ပစ္စည်းတွေကို ရိုက်ကူးမှတ်တမ်းတင်ယူရတဲ့ ပုံရိပ်သစ်ပေါင်း ၁၁၀ ကျော်ရှိခဲ့တဲ့ Photokina 2018 ပြပွဲကြီး
ရဲ့ ထူးခြားခမ်းနားမှုတွေက ပြန်လည်ဖောက်သည်ချကြရတာကိုပင် တားမရစေတဲ့အထိ ဖြစ်နေပါတော့တယ်။