ကမ္ဘာပေါ်က အကောင်းဆုံး စမတ်ဖုန်း (၁၅) လုံး

စမတ်ဖုန်းကို spec တွေ နဲ့ feature တွေအပေါ်အခြေခံပြီး စီလိုက်ရင် ဈေးအကြီးဆုံးဖုန်းတွေ အလွယ်တကူ ပါဝင်လာမှာပါ။ ဈေးအကြီးဆုံးဖုန်းတွေပဲ ထိပ်ဆုံး ၃ ခုမှာ ပါဝင်လာမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အခုစာရင်းမှာ ဈေးနှုန်းအလွန်အမင်း မြင့်မားတဲ့ ဖုန်းတွေကို ဖော်ပြထားခြင်း မရှိပါဘူး။

အခုစာရင်းမှာ ဖော်ပြထားတဲ့ ဖုန်းက spec တွေနဲ့ feature တွေအကြား ဆက်စပ်နေတဲ့ ဈေးနှုန်းပေါ်မူတည်ပြီး နံပါတ်စဉ်ထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဈေးနှုန်းအသင့် အတင့်ရှိတဲ့ ဖုန်းတွေ စာရင်းထဲပါ ဝင်လာပါတယ်။ အခုစာရင်းမှာ ပါဝင်တဲ့ဖုန်းတွေဟာ feature တွေ နည်းနိုင်သလို ဈေးနှုန်းမြင့်မားတဲ့ မော်ဒယ်တွေထက် ဒီဇိုင်းပိုင်း အားနည်းနေပါ လိမ့်မယ်။

(၁၅) LG G7
ဈေးနှုန်း- ဒေါ်လာ ၆၃၀

LG G7 ဟာ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ စမတ်ဖုန်းဖြစ်သလို ကင်မရာနဲ့ ကြိုးမဲ့အားသွင်းစနစ်နဲ့ ရေစိုလည်းခံပါတယ်။ ဒါ့အပြင် headphone jack လည်းပါ ဝင်သလို စပီကာလည်းအား ကောင်းပါတယ်။ LG ဖုန်းဖြစ်တဲ့အတွက် headphone ကနေတစ်ဆင့် အကောင်းဆုံး အသံအရည်အသွေးကို နားထောင်နိုင်ပါတယ်။ အခြားဖုန်းတွေနဲ့ယှဉ်ရင် အသံပိုင်းဆိုင်ရာ အလွန် ကောင်းမွန်ပါတယ်။

(၁၄) iPhone 8
ဈေးနှုန်း- ဒေါ်လာ ၆၀၀

iPhone 8 မှာ iPhone 6 မျိုးဆက် ဒီဇိုင်းကို အသုံးပြု ထားပါတယ်။ ဖုန်းမှာပြန်လည် မွမ်းမံထားတဲ့ မှန်နဲ့ သတ္တု case ပါဝင်သလို အလွန်ကောင်းမွန်တဲ့ ကင်မရာနဲ့ စွမ်းဆောင်ရည်အလွန် ကောင်းမွန်ပါတယ်။ Apple ဟာ ကြိုးမဲ့နဲ့ အားသွင်းမြန်ဆန်တဲ့စနစ်တို့ ထောက်ပံ့ပေးထားပါတယ်။ Android ဖုန်းတွေမှာ ပါဝင်နေကျ feature တွေဟာအရင် iPhone တွေမှာ မပါဝင်ခဲ့ပါဘူး။

(၁၃) Huawei Mate 20 Pro
ဈေးနှုန်း- ၉၉၀

Huawei ရဲ့ Mate 20 Pro ဟာ စွမ်းဆောင်ရည်ကောင်းမွန်သလို ဈေးနှုန်းလည်း မြင့်မားပါတယ်။ Huawei ဟာဒီဇိုင်းပိုင်းလှပပြီး ကဏ္ဍပေါင်းစုံမှာ ကျေနပ်စရာအကောင်းဆုံး ထုတ်ကုန်ဖြစ်ပါတယ်။

(၁၂) Samsung Galaxy S9
ဈေးနှုန်း- ဒေါ်လာ ၇၂၀

Samsng Galaxy S9 မှာပါဝင်တဲ့ feature တွေဟာ အလွန် စုံလင်ပါတယ်။ နောက်ဆုံးပေါ် spec တွေအပြင်အကောင်းဆုံး display နဲ့ အကောင်းဆုံး ကင်မရာတွေထဲက တစ်ခု၊ အလွန်ကြည့် ကောင်းတဲ့ ဒီဇိုင်း၊ ကြိုးမဲ့အား သွင်းစနစ်၊ ရေစိုခံနိုင်ရည်နဲ့ အခြား feature တွေ ပါဝင်လာပါတယ်။ ကင်မရာကတော့ ၁ လုံးပဲ ပါဝင်လာပါတယ်။ အခုစာရင်းထဲက အခြားစမတ်ဖုန်းတွေက ကင်မရာ ၂ လုံး ပါဝင်တဲ့အတွက် S9 ကို ထိပ်ဆုံးပိုင်းမှာ မဖော်ပြထားတာ ဖြစ်ပါတယ်။

(၁၁) iPhone 8 Plus
ဈေးနှုန်း- ဒေါ်လာ ၇၀၀

iPhone 8 Plus ဟာ iPhone ရဲ့အဓိက အတွေ့အကြုံကိုရယူလို သူတွေအတွက် အရေးပါတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဒီဇိုင်းကတော့ အနည်းငယ်ဟောင်း နွမ်းနေပေ မယ့် iPhone X နဲ့ချစ်ပ်နဲ့ dual-lens ကင်မရာ ပါဝင်လာပါတယ်။ အဲဒီကင်မရာမှာ optical zoom lens ပါဝင်လာပါတယ်။

(၁၀) Samsung Galaxy S9 Plus
ဈေးနှုန်း- ဒေါ်လာ ၈၄၀

Samsung Galaxy S9 Plus ဟာ Galaxy S9 ထက် ကြီးမားပြီး dual-lens ကင်မရာ စနစ်ဖြစ်တဲ့အတွက် 2x optical zoom lens ပါဝင်လာပါတယ်။ S9 Plus မော်ဒယ်ဟာ S9 ထက် RAM ပိုများတဲ့အတွက် စွမ်းဆောင်ရည် ကောင်းမွန်လာပါတယ်။ Galaxy S9 Plus ဟာဒေါ်လာ ၁,၀၀၀ အသုံးပြုစရာမလိုတဲ့ စမတ်ဖုန်းဖြစ်ပြီး အဆင့် မြင့်စွမ်းဆောင်ရည်လည်း ရှိပါတယ်။

(၉) iPhone X
ဈေးနှုန်း- ဒေါ်လာ ၉၀၀

Apple ဟာ iPhone X တွေ ဆက်လက်မထုတ်လုပ်တော့ပေမယ့် လက်ကျန်တွေကို ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။ iPhone X မှာ ပြီးခဲ့တဲ့နှစ်က A11 ချစ်ပ်ကို အသုံးပြုထားပေမယ့် iPhone XS နဲ့နှိုင်းယှဉ်ရင် စွမ်းဆောင်ရည် သိပ်မကွာခြားလှပါဘူး။ iOS 12 နဲ့ အလွန်ကောင်းမွန်တဲ့ ချိန်ညှိထားမှုတွေကြောင့် စွမ်းဆောင်ရည် မသိသာတာ ဖြစ်ပါတယ်။

(၈) LG V40
ဈေးနှုန်း-ဒေါ်လာ ၉၅၀

LG V40 ဟာအဆင့်မြင့် Android ဖုန်း feature တွေများစွာ ပါဝင်လာတဲ့ စမတ်ဖုန်း ကောင်းတစ်လုံး ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာ ၃ လုံး စနစ်ပါဝင်ပြီး ဓာတ်ပုံတွေကို စွယ်စုံနည်းလမ်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ LG ရဲ့အမှတ်အသားအတိုင် ultra-wide angle lens နဲ့ optical zoom lens တို့ ပါဝင်လာပါတယ်။

(၇) iPhone XS နဲ့ iPhone XS Max
iPhone XS ဈေးနှုန်း- ဒေါ်လာ ၁,၀၀၀
iPhone XS Max ဈေးနှုန်း- ဒေါ်လာ ၁,၁၀၀

ဒေါ်လာ ၁,၀၀၀ တန် iPhone XS နဲ့ ဒေါ်လာ ၁,၁၀၀ iPhone XS Max တို့ဟာ အကောင်းဆုံး Apple ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ feature တွေ ပါဝင်လာပါတယ်။ ဒီဖုန်းတွေဟာ အကောင်းဆုံး iPhone တွေလို့ဆိုနိုင်ပြီး ဈေးနှုန်းလည်း မြင့်မားပါတယ်။ ဖုန်း ၂ လုံးမှာပါဝင်တဲ့ feature တွေက တူညီပါတယ်။ ကွာခြားတာကမျက်နှာပြင်နဲ့ ကိုယ်ထည်အရွယ် အစားပဲဖြစ်ပြီး သုံးစွဲသူက နှစ်သက်ရာကို ဝယ်ယူနိုင်ပါတယ်။

(၆) Samsung Galaxy Note 9
ဈေးနှုန်း- ဒေါ်လာ ၁,၀၀၀

Galaxy Note 9 ဟာ Samsung ထုတ်လုပ်သမျှ Android ဖုန်းတွေထဲမှာ အကောင်းဆုံးပါ။ မျက်နှာပြင် ၆.၄လက်မ display နဲ့အတူ Samsung ရဲ့ နည်းပညာ ပါဝင်လာပါတယ်။ Note 9 မှာအရည်အသွေးမြင့် spec တွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် productivity နဲ့ multitaksing တွေ ကောင်းမွန်ပါတယ်။ Note 9 မှာပါဝင်တဲ့ S Pen stylus နဲ့မှတ်စုတွေကိုမှတ်ပြီး စုစည်း ထားနိုင်ပါတယ်။

(၅) Galaxy S10 နဲ့ Galaxy S10 Plus
Galaxy S10 ဈေးနှုန်း-ဒေါ်လာ ၉၀၀
Galaxy S10 Plus ဈေးနှုန်း- ဒေါ်လာ ၁,၀၀၀

Galaxy S10 ဟာဒီဇိုင်းပိုင်၊ စွမ်းဆောင်ရည်နဲ့ feature တွေက သာလွန်ကောင်းမွန်ပါတယ်။ Samsung ရဲ့နည်းပညာတွေက S10 ဖုန်းတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထား ပါတယ်။ S10 ဖုန်း ၂ခုစလုံးမှာ ultra-wide ကင်မရာ ပါဝင်လာပါတယ်။

(၄) Google Pixel 3 နဲ့ Pixel 3 XL
Google Pixel 3 ဈေးနှုန်း-ဒေါ်လာ ၈၀၀
Google Pixel 3 XL ဈေးနှုန်း- ဒေါ်လာ ၉၀၀

Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေကို Google က ထုတ်လုပ်ထားတဲ့အတွက် သပ်ရပ်ပြီး အမြင်ရှင်းသလို Android update တွေလည်း ရရှိပါတယ်။ Pixel 3 ဖုန်းတွေမှာ dual-lens selfie ကင်မရာပါဝင်ပြီး lens တစ်ခုက ပုံမှန် selfie ပုံရိုက်ကူးနိုင်ကာ အခြား lens တစ်ခုကတော့ ultra-wid angle selfie တွေရိုက်ကူးနိုင်ပါတယ်။ Google ဖုန်းတွေဟာ အခြားဖုန်း တွေထက် အနည်းငယ်ဈေးကြီး ပါတယ်။

ဖုန်း ၂ လုံးအကြား ကွာခြားချက်ကတော့ မျက်နှာပြင်အရွယ်နဲ့ ရှေ့ဒီဇိုင်းဖြစ်ပါတယ်။ Pixel 3 ကတော့ သမားရိုးကျဒီဇိုင်းဖြစ်ပြီး Pixel 3 XL ကတော့ notch ပါလာ ပါတယ်။ Pixel 3 XL ကတော့ အနည်းငယ်ဆိုးဝါးပေမယ့် အခြား notch တွေလိုပဲ အလျင်အမြန် အသားကျသွားမှာပါ။

(၃) iPhone XR
ဈေးနှုန်း-ဒေါ်လာ ၇၅၀

ဒေါ်လာ ၇၅၀ တန်ဖိုးရှိ iPhone XR ဟာဈေးနှုန်းမြင့်မားတဲ့ iPhone XS နဲ့ iPhone XS Max တွေပါဝင်လာပါတယ်။  iPhone XS စီးရီးတွေလိုမျိုး အတွေ့အကြုံရရှိမှာ ဖြစ်ပါတယ်။ iPhone XS ကတော့ ဘေးဘောင်ကြီးမားပြီး LCD display အရည်အသွေးကတော့ OLED ထက်နိမ့်ပါးပါတယ်။ iPhone XR ဟာဒေါ်လာ ၇၅၀နဲ့ ကြီးမားတဲ့မျက်နှာပြင်နဲ့ နောက်ဆုံးပေါ် spec တွေရရှိမှာ ဖြစ်ပါတယ်။

(၂) Galaxy S10e
ဈေးနှုန်း- ဒေါ်လာ ၇၅၀

Galaxy S10e ဟာဒေါ်လာ ၇၀၀ဝန်းကျင်လောက်နဲ့ဝယ်ယူနိုင်တဲ့ အကောင်းဆုံးဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Galaxy S10 မှာအသုံးပြုထား တဲ့ ပရိုဆက်ဆာကိုပဲ အသုံးပြု ထားပါတယ်။ Galaxy S10e မှာ အလွန်ကောင်းမွန်တဲ့ screen နဲ့ ကင်မရာ၊ ultrawide ကင်မရာ အပြင် fingerprint sensor ကို အသုံးပြုထားပါတယ်။Galaxy 10e ဟာ Galaxy S10 ထက် ဒေါ်လာ ၁၅၀ ဈေးသက်သာပါတယ်။

(၁) OnePlus 6T
ဈေးနှုန်း- RAM 6GB 128GB မော်ဒယ်အတွက် ဒေါ်လာ ၅၅၀

OnePlus 6T မှာ feature တွေများစွာ မပါဝင်ပေမယ့် ကြိုး မဲ့အားသွင်း၊ ရေစိုခံစံ သတ်မှတ်ချက်၊ ultra-wide angle lens တွေဒါမှမဟုတ် ultra-sharp 1440p display လိုမျိုး feature ပါဝင်လာပါတယ်။ OnePlus 6T ဟာဈေးနှုန်းသက်သာပြီးအား သွင်းမြန်ဆန်သလို ဓာတ်ပုံတွေကို ကောင်းမွန်စွာ ရိုက်ကူးနိုင်ပါတယ်။ OnePlus 6T ရဲ့ဒေါ်လာ ၅၅၀ ဖုန်းဟာ ဒေါ်လာ ၇၅၀ တန် စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် အလွန်သင့်တင့်တဲ့ ဖုန်းတစ်မျိုးပါ။

စိုးထက်
Ref: BusinessInsider