ကမ႓ာလုံးဆုိင္ရာ ကြန္ပ်ဴတာတင္ပို႔ ေရာင္းခ်မႈေဈးကြက္ကုိ Lenovo တစ္ေက်ာ႔ျပန္ဦးေဆာင္

[ Zawgyi ]

တ႐ုတ္နည္းပညာကုမၸဏီ Lenovo ဟာ ဒီႏွစ္ရဲ႕ တတိယသုံးလပတ္အတြက္ Gartner နဲ႔ IDC တို႔ရဲ႕ ကြန္ပ်ဴတာ ေဈးကြက္ေဝစု ခန္႔မွန္းမႈႏွစ္ခုစလုံးမွာ ထိပ္ဆုံးေနရာကို ျပန္လည္ရယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ Lenovo အေနနဲ႔ ေဈးကြက္ေဝစု ၂၄ ရာခိုင္ႏႈန္းခန္႔ကုိ ရယူၿပီး ဒုတိယေနရာက HP ကုိ အသာစီးရယူခဲ့ပါတယ္။

Lenovo ဟာ Fujitsu ကြန္ပ်ဴတာလုပ္ငန္းမွာ ရင္းႏွီးျမႇဳပ္ႏွံခဲ့သလို ကြန္ပ်ဴတာေရာင္းအား ပုိမိုေကာင္းမြန္လာၿပီး ေျမာက္အေမရိက စီးပြားေရးနည္းဗ်ဴဟာေၾကာင့္ ေဈးကြက္ေဝစု ပိုမိုရရွိလာတယ္လို႔ ေလ့လာဆန္းစစ္ေရး အဖြဲ႕ႏွစ္ခုက သုံးသပ္ခဲ့ၾကပါတယ္။

HP နဲ႔ Dell တို႔ဟာ ႏွစ္စဥ္ ေဈးကြက္ေဝစု တိုးတက္ေနပါတယ္။ Apple နဲ႔ ASUS တို႔ရဲ႕ ကြန္ပ်ဴတာတင္ပို႔ေရာင္းခ်မႈဟာ က်ဆင္းေနပါတယ္။ ကြန္ပ်ဴတာေဈးကြက္ တစ္ခုလုံးအေနနဲ႔ တိုးတက္မႈေႏွးေကြးေနပါတယ္။ ဒါေပမဲ့ ကမ႓ာလုံးဆိုင္ရာ ကြန္ပ်ဴတာတင္ပုိ႔ေရာင္းခ်မႈက တစ္ႏွစ္ထက္တစ္ႏွစ္ ၀.၁ ရာခုိင္ႏႈန္း တိုးတက္ေနတယ္လို႔ Gartner ကေျပာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ ကမ႓ာလုံးဆိုင္ရာ ကြန္ပ်ဴတာတင္ပုိ႔ေရာင္းခ်မႈ ေဈးကြက္က ၀.၉ ရာခိုင္ႏႈန္း က်ဆင္းသြားတယ္လို႔ IDC ေျပာခဲ့ပါတယ္။ လက္ရွိမွာေတာ့ ကြန္ပ်ဴတာေဈးကြက္ ျပန္လည္တိုးတက္လာႏိုင္မႈက ရပ္တန္႔ေနၿပီး အျခားလားရာတစ္ဖက္ကုိ သြားေနပါတယ္။

Gartner နဲ႔ IDC စာရင္းထဲမွာ ေသးငယ္ေပမယ့္ အေရးပါတဲ့ သမိုင္းမွတ္တိုင္တစ္ခုကေတာ့ အဲဒီစာရင္းႏွစ္ခုစလုံးမွာ ပထမဆုံး အႀကိမ္အျဖစ္ Microsoft ပါဝင္လာတာ ျဖစ္ပါတယ္။ Microsoft ရဲ႕ Surface တင္ပုိ႔ေရာင္းခ်မႈဟာ ေဈးကြက္ေဝစု ၄.၁ ရာခိုင္ႏႈန္း ရွိလာပါတယ္။ ဒါေၾကာင့္ Microsoft ဟာ အေမရိကန္ရဲ႕ ထိပ္တန္း ကြန္ပ်ဴတာထုတ္လုပ္ေရး ကုမၸဏီ ၅ ခုထဲ ပါဝင္လာပါတယ္။ ဒါေပမဲ့ Microsoft ရဲ႕ေဈးကြက္ေဝစုက အျခားၿပိဳင္ဘက္ေတြကုိ မၿခိမ္းေျခာက္ႏိုင္ေပမယ့္ ေအာင္ျမင္မႈတစ္ခု ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ Surface Go, Surface Laptop 2 နဲ႔ Surface Pro 6 တို႔ကုိ မိတ္ဆက္ေပးမႈေၾကာင့္ အေမရိကန္ ထိပ္တန္း ကုမၸဏီ ၅ ခု စာရင္းထဲ ဝင္လာတာျဖစ္ပါတယ္။

စုိးထက္
Ref: Engadget

[ Unicode ]

တရုတ်နည်းပညာကုမ္ပဏီ Lenovo ဟာ ဒီနှစ်ရဲ့ တတိယသုံးလပတ်အတွက် Gartner နဲ့ IDC တို့ရဲ့ ကွန်ပျူတာ ဈေးကွက်ဝေစု ခန့်မှန်းမှုနှစ်ခုစလုံးမှာ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ Lenovo အနေနဲ့ ဈေးကွက်ဝေစု ၂၄ ရာခိုင်နှုန်းခန့်ကို ရယူပြီး ဒုတိယနေရာက HP ကို အသာစီးရယူခဲ့ပါတယ်။

Lenovo ဟာ Fujitsu ကွန်ပျူတာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခဲ့သလို ကွန်ပျူတာရောင်းအား ပိုမိုကောင်းမွန်လာပြီး မြောက်အမေရိက စီးပွားရေးနည်းဗျူဟာကြောင့် ဈေးကွက်ဝေစု ပိုမိုရရှိလာတယ်လို့ လေ့လာဆန်းစစ်ရေး အဖွဲ့နှစ်ခုက သုံးသပ်ခဲ့ကြပါတယ်။

HP နဲ့ Dell တို့ဟာ နှစ်စဉ် ဈေးကွက်ဝေစု တိုးတက်နေပါတယ်။ Apple နဲ့ ASUS တို့ရဲ့ ကွန်ပျူတာတင်ပို့ရောင်းချမှုဟာ ကျဆင်းနေပါတယ်။ ကွန်ပျူတာဈေးကွက် တစ်ခုလုံးအနေနဲ့ တိုးတက်မှုနှေးကွေးနေပါတယ်။ ဒါပေမဲ့ ကမ႓ာလုံးဆိုင်ရာ ကွန်ပျူတာတင်ပို့ရောင်းချမှုက တစ်နှစ်ထက်တစ်နှစ် ၀.၁ ရာခိုင်နှုန်း တိုးတက်နေတယ်လို့ Gartner ကပြောခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကမ႓ာလုံးဆိုင်ရာ ကွန်ပျူတာတင်ပို့ရောင်းချမှု ဈေးကွက်က ၀.၉ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ IDC ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ကွန်ပျူတာဈေးကွက် ပြန်လည်တိုးတက်လာနိုင်မှုက ရပ်တန့်နေပြီး အခြားလားရာတစ်ဖက်ကို သွားနေပါတယ်။

Gartner နဲ့ IDC စာရင်းထဲမှာ သေးငယ်ပေမယ့် အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုကတော့ အဲဒီစာရင်းနှစ်ခုစလုံးမှာ ပထမဆုံး အကြိမ်အဖြစ် Microsoft ပါဝင်လာတာ ဖြစ်ပါတယ်။ Microsoft ရဲ့ Surface တင်ပို့ရောင်းချမှုဟာ ဈေးကွက်ဝေစု ၄.၁ ရာခိုင်နှုန်း ရှိလာပါတယ်။ ဒါကြောင့် Microsoft ဟာ အမေရိကန်ရဲ့ ထိပ်တန်း ကွန်ပျူတာထုတ်လုပ်ရေး ကုမ္ပဏီ ၅ ခုထဲ ပါဝင်လာပါတယ်။ ဒါပေမဲ့ Microsoft ရဲ့ဈေးကွက်ဝေစုက အခြားပြိုင်ဘက်တွေကို မခြိမ်းခြောက်နိုင်ပေမယ့် အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Surface Go, Surface Laptop 2 နဲ့ Surface Pro 6 တို့ကို မိတ်ဆက်ပေးမှုကြောင့် အမေရိကန် ထိပ်တန်း ကုမ္ပဏီ ၅ ခု စာရင်းထဲ ဝင်လာတာဖြစ်ပါတယ်။

စိုးထက်
Ref: Engadget