August 20, 2018

ကင္မရာေလးလံုး၊ Kirin 710 SoC နဲ႔ notched display ပါဝင္တဲ့ Huawei Nova 3i

[Zawgyi]

Huawei ဟာ Nova 3i စမတ္ဖုန္းကို Kirin 710, Talkband 5, Nova 3 တို႔လို ထုတ္ကုန္သစ္ေတြနဲ႔အတူ မိတ္ဆက္ေၾကညာခဲ့ပါတယ္။

Nova 3i မွာ စိတ္ဝင္စားစရာ feature အမ်ားအျပား ပါဝင္ေပမယ့္ အေရးအပါဆံုးအရာတစ္ခုကေတာ့ Kirin 710 processor ျဖစ္ပါတယ္။

Nova 3i ဒီဇိုင္း

Nova 3i မွာ iPhone X ပံုစံ notch နဲ႔ ေက်ာဘက္ကင္မရာႏွစ္ခု ပါဝင္ပါတယ္။ ဖုန္းရဲ႕ႏွစ္ဖက္စလံုးမွာ မွန္ကိုအသံုးျပဳထားပါတယ္။

Nova 3i Specs

ဒီဖုန္းမွာ ၆.၃ လက္မ 19.5:9 FHD+ display ပါဝင္ပါတယ္။ Kirin 710 ကို 4GB RAM/ 128GB storage ဒါမွမဟုတ္ 6GB RAM/ 64GB storage နဲ႔ အသံုးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ 6GB + 128GB ေမာ္ဒယ္နဲ႔လည္း ရႏိုင္ပါတယ္။ ေမာ္ဒယ္အားလံုးမွာ သုိေလွာင္မႈပမာဏကို 256GB အထိ တိုးျမွင့္ႏိုင္ပါတယ္။
Nova 3i မွာ ကင္မရာေလးလံုး ပါဝင္ပါတယ္။ Notch ထဲမွာ 24MP sensor တစ္ခုနဲ႔ 2MP secondary sensor တစ္ခု ပါဝင္ပါတယ္။ အဲ့ဒီကင္မရာေတြဟာ မတူညီတဲ့ scene ၈ ခုနဲ႔ ခြဲျခားႏိုင္သလိုု HDR Pro backlight mode လည္း ပါဝင္ပါတယ္။ ဒါ့အျပင္ iPhone X ရဲ႕ Animoji နဲ႔ယွဥ္ၿပိဳင္မယ့္ Huawei ရဲ႕ Qmoji လည္း ပါဝင္လာပါတယ္။


ေက်ာဘက္ကင္မရာႏွစ္ခုကေတာ့ 16MP sensor + 2MP sensor ျဖစ္ပါတယ္။ ဒီကင္မရာေတြဟာ မတူညီတဲ့ scene ၂၂ ခုအထိ ခြဲျခားႏိုင္ပါတယ္။ ဒါ့အျပင္ ပေရာ္ဖက္ရွင္နယ္ shooting mode အမ်ားအျပားလည္း ပါဝင္လာပါတယ္။ Slow-motion ဗီဒီယိုေတြကို 480fps နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။

Nova 3i မွာ chipset သစ္အျပင္ Bluetooth 4.2 လည္း ပါဝင္ပါတယ္။ အရည္အေသြးျမင့္မားတဲ့ audio streaming အတြက္ aptX နဲ႔ aptX HD audio ကို ေထာက္ပံ့ေပးထားပါတယ္။ ဘက္ထရီက 3,340mAh ျဖစ္ၿပီး dual SIM ကို ေထာက္ပံ့ေပးပါတယ္။ OS က Android 8.1 Oreo ကိုအေျခခံထားတဲ့ EMUI 8.2 ျဖစ္ပါတယ္။

Nova 3i ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္အခ်ိန္

Nova 3i ကို Bright Black, Pearl White နဲ႔ Blue Purple စတဲ့ အေရာင္ေတြနဲ႔ ရရိွႏိုင္ပါတယ္။ တန္ဖိုးက 4GB ေမာ္ဒယ္အတြက္ ၂၉၇ ေဒၚလာ က်သင့္မွာျဖစ္ပါတယ္။ 6GB + 64GB ေမာ္ဒယ္အတြက္က ၃၂၇ ေဒၚလာ ျဖစ္ပါတယ္။ 6GB + 128GB ေမာ္ဒယ္ရဲ႕ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

Huawei ဟာ Nova 3i စမတ်ဖုန်းကို Kirin 710, Talkband 5, Nova 3 တို့လို ထုတ်ကုန်သစ်တွေနဲ့အတူ မိတ်ဆက်ကြေညာခဲ့ပါတယ်။

Nova 3i မှာ စိတ်ဝင်စားစရာ feature အများအပြား ပါဝင်ပေမယ့် အရေးအပါဆုံးအရာတစ်ခုကတော့ Kirin 710 processor ဖြစ်ပါတယ်။

Nova 3i ဒီဇိုင်း

Nova 3i မှာ iPhone X ပုံစံ notch နဲ့ ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ဖုန်းရဲ့နှစ်ဖက်စလုံးမှာ မှန်ကိုအသုံးပြုထားပါတယ်။

Nova 3i Specs

ဒီဖုန်းမှာ ၆.၃ လက်မ 19.5:9 FHD+ display ပါဝင်ပါတယ်။ Kirin 710 ကို 4GB RAM/ 128GB storage ဒါမှမဟုတ် 6GB RAM/ 64GB storage နဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် 6GB + 128GB မော်ဒယ်နဲ့လည်း ရနိုင်ပါတယ်။ မော်ဒယ်အားလုံးမှာ သိုလှောင်မှုပမာဏကို 256GB အထိ တိုးမြှင့်နိုင်ပါတယ်။
Nova 3i မှာ ကင်မရာလေးလုံး ပါဝင်ပါတယ်။ Notch ထဲမှာ 24MP sensor တစ်ခုနဲ့ 2MP secondary sensor တစ်ခု ပါဝင်ပါတယ်။ အဲ့ဒီကင်မရာတွေဟာ မတူညီတဲ့ scene ၈ ခုနဲ့ ခွဲခြားနိုင်သလိုု HDR Pro backlight mode လည်း ပါဝင်ပါတယ်။ ဒါ့အပြင် iPhone X ရဲ့ Animoji နဲ့ယှဉ်ပြိုင်မယ့် Huawei ရဲ့ Qmoji လည်း ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာနှစ်ခုကတော့ 16MP sensor + 2MP sensor ဖြစ်ပါတယ်။ ဒီကင်မရာတွေဟာ မတူညီတဲ့ scene ၂၂ ခုအထိ ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် ပရော်ဖက်ရှင်နယ် shooting mode အများအပြားလည်း ပါဝင်လာပါတယ်။ Slow-motion ဗီဒီယိုတွေကို 480fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

Nova 3i မှာ chipset သစ်အပြင် Bluetooth 4.2 လည်း ပါဝင်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ audio streaming အတွက် aptX နဲ့ aptX HD audio ကို ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီက 3,340mAh ဖြစ်ပြီး dual SIM ကို ထောက်ပံ့ပေးပါတယ်။ OS က Android 8.1 Oreo ကိုအခြေခံထားတဲ့ EMUI 8.2 ဖြစ်ပါတယ်။

Nova 3i စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်

Nova 3i ကို Bright Black, Pearl White နဲ့ Blue Purple စတဲ့ အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက 4GB မော်ဒယ်အတွက် ၂၉၇ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ 6GB + 64GB မော်ဒယ်အတွက်က ၃၂၇ ဒေါ်လာ ဖြစ်ပါတယ်။ 6GB + 128GB မော်ဒယ်ရဲ့စျေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: GizmoChina

-နောင်နောင်