ကင္မရာေလးခုနဲ႔ 10x optical zoom ပါဝင္တဲ့ Huawei flagship ၂၀၁၉ တြင္ ေတြ႕ျမင္ရမည္

[ Zawgyi ]

Huawei ဟာ လက္ရိွမွာ ကမ႓ာ့ဒုတိယအႀကီးဆံုး စမတ္ဖုန္းအမွတ္တံဆိပ္အျဖစ္ ရပ္တည္ေနသလို Samsung ရဲ႕ ကမ႓ာ့ထိပ္ဆံုး ေနရာကိုလည္း ရယူဖို႔ ရည္ရြယ္ေနပါတယ္။ Android Pit နဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ Huawei ရဲ႕ Consumer Business ဥကၠ႒ Walter Ji က ကုမၸဏီရဲ႕ ၂၀၁၉ အစီအစဥ္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

၂၀၁၉ မွာ Huawei က flagship ထုတ္ကုန္ေတြကို အာ႐ံုစိုက္သြားမယ္လို႔ Walter Ji က ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ 5G အေထာက္အပံ့ပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ေခါက္စမတ္ဖုန္းကိုလည္း လာမယ့္ႏွစ္ ပထမႏွစ္ဝက္မွာ မိတ္ဆက္သြားဖို႔ ရည္မွန္း ထားပါတယ္။ ဒီႏွစ္မွာ မိတ္ဆက္ခဲ့တဲ့ Huawei P20 Pro ဖုန္းဟာ ေက်ာဘက္ကင္မရာသံုးခု ပါဝင္တဲ့ ကမ႓ာ့ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ ၂၀၁၉ မွာ Huawei က ေက်ာဘက္ကင္မရာေလးခု ပါဝင္တဲ့ စမတ္ဖုန္းတစ္မ်ိဳးကို မိတ္ဆက္သြားဖို႔ စီစဥ္ေနပါတယ္။ ဒါေပမဲ့ အဲ့ဒီစမတ္ဖုန္းကို ဘယ္အခ်ိန္မွာ ေတြ႕ျမင္ရမလဲဆိုတာကိုေတာ့ အတည္ျပဳေျပာၾကားခဲ့ျခင္း မရိွပါဘူး။ ဒါ့အျပင္ ကုမၸဏီအေနနဲ႔ 10x optical zoom အေထာက္အပံ့ကို စမတ္ဖုန္းမွာ ထည့္သြင္းသြားဖို႔ ေဆာင္ရြက္ေနေၾကာင္း Walter Ji က ေျပာၾကားခဲ့ပါတယ္။

Huawei ဟာ ၂၀၁၉ ခုႏွစ္မွာ entry-level ဖုန္းေတြအေပၚ အာရံုစိုက္ေတာ့မွာ မဟုတ္သလို Android One ဖုန္းေတြကိုလည္း မိတ္ဆက္သြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဒါဟာ ၂၀၁၉ မွာ ထြက္ရိွမယ့္ Huawei ဖုန္းေတြမွာ stock Android အေတြ႕အႀကံဳ ေထာက္ပံ့ေပးေတာ့မွာ မဟုတ္ဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

Ref: GizmoChina

[ Unicode ]

Huawei ဟာ လက်ရှိမှာ ကမ႓ာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်နေသလို Samsung ရဲ့ ကမ႓ာ့ထိပ်ဆုံး နေရာကိုလည်း ရယူဖို့ ရည်ရွယ်နေပါတယ်။ Android Pit နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Huawei ရဲ့ Consumer Business ဥက္ကဋ္ဌ Walter Ji က ကုမ္ပဏီရဲ့ ၂၀၁၉ အစီအစဉ်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၁၉ မှာ Huawei က flagship ထုတ်ကုန်တွေကို အာရုံစိုက်သွားမယ်လို့ Walter Ji က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် 5G အထောက်အပံ့ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်စမတ်ဖုန်းကိုလည်း လာမယ့်နှစ် ပထမနှစ်ဝက်မှာ မိတ်ဆက်သွားဖို့ ရည်မှန်း ထားပါတယ်။ ဒီနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Huawei P20 Pro ဖုန်းဟာ ကျောဘက်ကင်မရာသုံးခု ပါဝင်တဲ့ ကမ႓ာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၀၁၉ မှာ Huawei က ကျောဘက်ကင်မရာလေးခု ပါဝင်တဲ့ စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ အဲ့ဒီစမတ်ဖုန်းကို ဘယ်အချိန်မှာ တွေ့မြင်ရမလဲဆိုတာကိုတော့ အတည်ပြုပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ 10x optical zoom အထောက်အပံ့ကို စမတ်ဖုန်းမှာ ထည့်သွင်းသွားဖို့ ဆောင်ရွက်နေကြောင်း Walter Ji က ပြောကြားခဲ့ပါတယ်။

Huawei ဟာ ၂၀၁၉ ခုနှစ်မှာ entry-level ဖုန်းတွေအပေါ် အာရုံစိုက်တော့မှာ မဟုတ်သလို Android One ဖုန်းတွေကိုလည်း မိတ်ဆက်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါဟာ ၂၀၁၉ မှာ ထွက်ရှိမယ့် Huawei ဖုန်းတွေမှာ stock Android အတွေ့အကြုံ ထောက်ပံ့ပေးတော့မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Ref: GizmoChina