ကင္မရာေပါက္ မပါဝင္ဘဲ screen ေနာက္မွာ ကင္မရာထည့္သြင္းဖို႔ Samsung လုပ္ကုိင္ေန

[ Zawgyi ]

Samsung အေနနဲ႔ အေပါက္မပါဝင္ဘဲ screen ေနာက္မွာ ကင္မရာထည့္သြင္းဖို႔ လုပ္ကုိင္ေနတယ္လို႔ ကုမၸဏီရဲ႕ မိုဘိုင္းဆက္သြယ္ေရးသုေတသနနဲ႔ ဖြံ႕ၿဖိဳးေရး Display အဖြဲ႕ဒုဥကၠ႒ျဖစ္သူ ယန္းေဗ်ာင္ဒြန္က ေျပာခဲ့ပါတယ္။

Samsung ဟာ ဖုန္းတစ္ခုလုံးကို ေဘးေဘာင္နဲ႔ ကင္မရာအေပါက္ေတြ မပါဝင္တဲ့ screen အျပည့္နဲ႔ ဖန္တီးဖို႔ လုပ္ကုိင္ေနပါတယ္။ “လာမယ့္ တစ္ႏွစ္နဲ႔ ႏွစ္ႏွစ္အတြင္း မ်က္ႏွာျပင္အျပည့္ စမတ္ဖုန္းလုပ္ႏိုင္ဖုိ႔ မျဖစ္ႏိုင္ေသးပါဘူး။ ကင္မရာလုပ္ေဆာင္ခ်က္ကုိ မထိခိုက္ေစဘဲ ကင္မရာအေပါက္ကုိ ေပ်ာက္သြားေအာင္လုပ္ႏိုင္ေအာင္ နည္းပညာက လုပ္ေပးႏိုင္လာမွာပါ” လို႔ယန္းေဗ်ာင္ဒြန္က ေျပာခဲ့ပါတယ္။

Galaxy S10 ဖုန္းေတြဟာ OLED panel အတြင္း အေပါက္တစ္ခု ပါဝင္တဲ့ ပထမဆုံးဖုန္း ျဖစ္တယ္လို႔ ယန္းေဗ်ာင္ဒြန္က ေျပာခဲ့ပါတယ္။

Samsung အေနနဲ႔ display ကုိ စပီကာအျဖစ္ အသုံးျပဳဖုိ႔ စဥ္းစားခဲ့ပါေသးတယ္။ LG G8 ThinQ မွာပါဝင္တဲ့ Crystal Sound OLED နည္းပညာနဲ႔ဆင္ပါတယ္။ ဒါေပမဲ့လည္း Galaxy S10 ဖုန္းေတြမွာ အဲဒီနည္းပညာ အသုံးမျပဳဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung အနေနဲ့ အပေါက်မပါဝင်ဘဲ screen နောက်မှာ ကင်မရာထည့်သွင်းဖို့ လုပ်ကိုင်နေတယ်လို့ ကုမ္ပဏီရဲ့ မိုဘိုင်းဆက်သွယ်ရေးသုတေသနနဲ့ ဖွံ့ဖြိုးရေး Display အဖွဲ့ဒုဥက္ကဋ္ဌဖြစ်သူ ယန်းဗျောင်ဒွန်က ပြောခဲ့ပါတယ်။

Samsung ဟာ ဖုန်းတစ်ခုလုံးကို ဘေးဘောင်နဲ့ ကင်မရာအပေါက်တွေ မပါဝင်တဲ့ screen အပြည့်နဲ့ ဖန်တီးဖို့ လုပ်ကိုင်နေပါတယ်။ “လာမယ့် တစ်နှစ်နဲ့ နှစ်နှစ်အတွင်း မျက်နှာပြင်အပြည့် စမတ်ဖုန်းလုပ်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ကင်မရာလုပ်ဆောင်ချက်ကို မထိခိုက်စေဘဲ ကင်မရာအပေါက်ကို ပျောက်သွားအောင်လုပ်နိုင်အောင် နည်းပညာက လုပ်ပေးနိုင်လာမှာပါ” လို့ယန်းဗျောင်ဒွန်က ပြောခဲ့ပါတယ်။

Galaxy S10 ဖုန်းတွေဟာ OLED panel အတွင်း အပေါက်တစ်ခု ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်တယ်လို့ ယန်းဗျောင်ဒွန်က ပြောခဲ့ပါတယ်။

Samsung အနေနဲ့ display ကို စပီကာအဖြစ် အသုံးပြုဖို့ စဉ်းစားခဲ့ပါသေးတယ်။ LG G8 ThinQ မှာပါဝင်တဲ့ Crystal Sound OLED နည်းပညာနဲ့ဆင်ပါတယ်။ ဒါပေမဲ့လည်း Galaxy S10 ဖုန်းတွေမှာ အဲဒီနည်းပညာ အသုံးမပြုဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။

Ref: GSMArena