ကင္မရာငါးလုံး ပါဝင္ၿပီး ၆.၄ လက္မ OLED screen ပါဝင္တဲ့ V40 ThinQ ကုိ LG မိတ္ဆက္

[ Zawgyi ]

LG ဟာ ေက်ာဘက္ကင္မရာ ၃ လုံးနဲ႔ ၆.၄ လက္မ display ပါဝင္မယ္လို႔ မၾကာေသးခင္က အတည္ျပဳခဲ့တဲ့ V40 ThinQ ကို အခုအခါ တရားဝင္ မိတ္ဆက္လိုက္ပါတယ္။ LG ရဲ႕ V40 ThinQ ဟာ Galaxy Note 9 နဲ႔ iPhone XS Max တို႔နဲ႔ ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားလာတာကုိ ေတြ႕ရပါတယ္။

V40 မွာ LG ရဲ႕အမွတ္လကၡဏာျဖစ္တဲ့ hi-fi Quad DAC နဲ႔ အခုႏွစ္အေစာပုိင္းက G7 မွာ စတင္ပါဝင္လာတဲ့ “boombox” စပီကာ ပါဝင္လာပါတယ္။ V40 ဟာ တန္ဖိုးႀကီး ထုတ္ကုန္ျဖစ္ၿပီး အေမရိကန္ဆက္သြယ္ေရးကုမၸဏီေတြက ေဒၚလာ ၉၀၀ နဲ႔ ၉၈၀ အၾကား ေစ်းႏႈန္းအသီးသီးနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ V40 ကို ေအာက္တိုဘာလ ၁၈ ရက္မွာ အနက္ေရာင္၊ အျပာေရာင္တို႔နဲ႔ ျဖန္႔ခ်ိေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

အေမရိကန္ဆက္သြယ္ေရး ကုမၸဏီေတြက LG V40 Thin Q ကုိ ေအာက္ပါ ေဈးႏႈန္းေတြနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Verizon- ေဒၚလာ ၉၈၀
AT&T – ေဒၚလာ ၉၅၀
T-Mobile – ေဒၚလာ ၉၂၀
Sprint – ေဒၚလာ ၉၆၀
US Cellular- ေဒၚလာ ၉၀၀

LG အေနနဲ႔ V40 ကိုႀကိဳတင္မွာယူသူေတြအတြက္ DJI Osmo Mobile 2 gimbal နဲ႔ SanDisk 256GB microSD ကတ္ကုိလည္း အခမဲ့ ထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။

V40 မ်က္ႏွာျပင္က ၆.၄ လက္မျဖစ္ၿပီး notch OLED panel ပါဝင္ေပမယ့္ G7 ရဲ႕ အလင္းအားကို 500nits နဲ႔ 600nits အၾကားျမႇင့္တင္ေပးႏိုင္တဲ့ “super bright” mode ေတာ့ပါဝင္လာမွာ မဟုတ္ပါဘူး။

V40 ေက်ာဘက္မွာပါဝင္တဲ့ ကင္မရာ ၃ လုံးက အလြန္အသုံးဝင္ပါတယ္။ ပထမကင္မရာမွာ ပုံမွန္စံခ်ိန္စံညႊန္း f/1.5 12-megapixel ကင္မရာနဲ႔ 1.4μm pixels ပါဝင္ၿပီး G7 ကင္မရာထက္ ၄၀ ရာခုိင္ႏႈန္း ႀကီးမားပါတယ္။ ဒုတိယကင္မရာက Super-wide-angle f/1.9 16MP ကင္မရာနဲ႔ ၁၀၇ ဒီဂရီ field of view ပါဝင္လာတဲ့အတြက္ G7 နဲ႔ အေတာ္တူပါတယ္။ တတိယတစ္ခုကေတာ့ 12MP f/2.4 telephoto/ portrait ကင္မရာျဖစ္ၿပီး သာမန္ lens ထက္စာရင္ optical zoom ႏွစ္ဆအသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ LG က “natural, studio, contour, stage, stage mono” လိုမ်ိဳး ligtning effect သစ္ေတြ ထည့္သြင္းထားပါတယ္။

LG အေနနဲ႔ V40 ThinQ မွာ software feature သစ္၂ ခုကုိ ထည့္သြင္းထားပါတယ္။ အဲဒီထဲက တစ္ခုက “triple priview” feature ျဖစ္ၿပီး ကင္မရာ ၃ လုံးက ႐ုပ္ပုံေတြကို live preview တစ္ၿပိဳင္နက္ ျပသေပးၿပီး ႏွစ္သက္ရာကုိ ေရြးခ်ယ္႐ိုက္ကူးႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ “triple shot” ျဖစ္ၿပီး shutter ခလုတ္ကို တစ္ခ်က္ႏွိပ္တာနဲ႔ angle သုံးခုစလုံးရဲ႕ ပုံေတြကို ႐ိုက္ကူးႏိုင္ပါတယ္။ ဒါ့အျပင္ ဓာတ္ပုံသုံးပုံအၾကားက transition ရဲ႕ GIF နဲ႔႐ိုက္ခ်က္ ၃ ခုစလုံးကုိလည္း save လုပ္ေပးပါတယ္။

LG ရဲ႕ G7 လိုပဲ V40 မွာ saturation နဲ႔ အျခား setting ေတြကို အလိုအေလ်ာက္ ခ်ိန္ညိႇေပးတဲ့ ThinQ AI ကင္မရာ feature ေတြပါဝင္လာပါတယ္။ ဒါ့အျပင္ Google Lens လုပ္ေဆာင္ခ်က္လညး္ ပါဝင္လာပါတယ္။

V40 ThinQ ရဲ႕ဘက္ထရီက 3,300mAh ျဖစ္ၿပီး ဘက္ထရီတာရွည္ခံႏိုင္စြမ္းက Note 9 ထက္ ၁၀ ရာခိုင္ႏႈန္းပဲ ေလ်ာ႔နည္းတယ္လို႔ LG ကေျပာပါတယ္။

V40 ThinQ အျခားအေသးစိတ္အခ်က္အလက္ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

– Snapdragon 845
– RAM 6GB
– storage 64GB (microSD တိုးခ်ဲ႕အသုံးျပဳႏိုင္)
– Standard (8MP) နဲ႔ wide-angle (5MP) selfie ကင္မရာေတြ
– 32-bit quad DAC
– Headphone jack
– Boombox စပီကာ
– IP68 ေရနဲ႔ ဖုန္ဒဏ္ခံႏိုင္ရည္စြမ္းရွိ
– Qi ႀကိဳးမဲ့အားသြင္းစနစ္
– Android Oreo (V40 ဒါမွမဟုတ္ G7 ထုတ္ကုန္ေတြအတြက္ Android 9 Pie အဆင့္ျမႇင့္တင္မႈကို ဘယ္အခ်ိန္မွာ ျပဳလုပ္ေပးမယ္ဆိုတာ LG က မေျပာခဲ့ပါဘူး)

စိုးထက္
Ref: TheVerge

[ Unicode

LG ဟာ ကျောဘက်ကင်မရာ ၃ လုံးနဲ့ ၆.၄ လက်မ display ပါဝင်မယ်လို့ မကြာသေးခင်က အတည်ပြုခဲ့တဲ့ V40 ThinQ ကို အခုအခါ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ LG ရဲ့ V40 ThinQ ဟာ Galaxy Note 9 နဲ့ iPhone XS Max တို့နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။

V40 မှာ LG ရဲ့အမှတ်လက္ခဏာဖြစ်တဲ့ hi-fi Quad DAC နဲ့ အခုနှစ်အစောပိုင်းက G7 မှာ စတင်ပါဝင်လာတဲ့ “boombox” စပီကာ ပါဝင်လာပါတယ်။ V40 ဟာ တန်ဖိုးကြီး ထုတ်ကုန်ဖြစ်ပြီး အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီတွေက ဒေါ်လာ ၉၀၀ နဲ့ ၉၈၀ အကြား စျေးနှုန်းအသီးသီးနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ V40 ကို အောက်တိုဘာလ ၁၈ ရက်မှာ အနက်ရောင်၊ အပြာရောင်တို့နဲ့ ဖြန့်ချိရောင်းချသွားမှာ ဖြစ်ပါတယ်။

အမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီတွေက LG V40 Thin Q ကို အောက်ပါ ဈေးနှုန်းတွေနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Verizon- ဒေါ်လာ ၉၈၀
AT&T – ဒေါ်လာ ၉၅၀
T-Mobile – ဒေါ်လာ ၉၂၀
Sprint – ဒေါ်လာ ၉၆၀
US Cellular- ဒေါ်လာ ၉၀၀

LG အနေနဲ့ V40 ကိုကြိုတင်မှာယူသူတွေအတွက် DJI Osmo Mobile 2 gimbal နဲ့ SanDisk 256GB microSD ကတ်ကိုလည်း အခမဲ့ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

V40 မျက်နှာပြင်က ၆.၄ လက်မဖြစ်ပြီး notch OLED panel ပါဝင်ပေမယ့် G7 ရဲ့ အလင်းအားကို 500nits နဲ့ 600nits အကြားမြှင့်တင်ပေးနိုင်တဲ့ “super bright” mode တော့ပါဝင်လာမှာ မဟုတ်ပါဘူး။

V40 ကျောဘက်မှာပါဝင်တဲ့ ကင်မရာ ၃ လုံးက အလွန်အသုံးဝင်ပါတယ်။ ပထမကင်မရာမှာ ပုံမှန်စံချိန်စံညွှန်း f/1.5 12-megapixel ကင်မရာနဲ့ 1.4μm pixels ပါဝင်ပြီး G7 ကင်မရာထက် ၄၀ ရာခိုင်နှုန်း ကြီးမားပါတယ်။ ဒုတိယကင်မရာက Super-wide-angle f/1.9 16MP ကင်မရာနဲ့ ၁၀၇ ဒီဂရီ field of view ပါဝင်လာတဲ့အတွက် G7 နဲ့ အတော်တူပါတယ်။ တတိယတစ်ခုကတော့ 12MP f/2.4 telephoto/ portrait ကင်မရာဖြစ်ပြီး သာမန် lens ထက်စာရင် optical zoom နှစ်ဆအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် LG က “natural, studio, contour, stage, stage mono” လိုမျိုး ligtning effect သစ်တွေ ထည့်သွင်းထားပါတယ်။

LG အနေနဲ့ V40 ThinQ မှာ software feature သစ်၂ ခုကို ထည့်သွင်းထားပါတယ်။ အဲဒီထဲက တစ်ခုက “triple priview” feature ဖြစ်ပြီး ကင်မရာ ၃ လုံးက ရုပ်ပုံတွေကို live preview တစ်ပြိုင်နက် ပြသပေးပြီး နှစ်သက်ရာကို ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။

နောက်တစ်ခုကတော့ “triple shot” ဖြစ်ပြီး shutter ခလုတ်ကို တစ်ချက်နှိပ်တာနဲ့ angle သုံးခုစလုံးရဲ့ ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံသုံးပုံအကြားက transition ရဲ့ GIF နဲ့ရိုက်ချက် ၃ ခုစလုံးကိုလည်း save လုပ်ပေးပါတယ်။

LG ရဲ့ G7 လိုပဲ V40 မှာ saturation နဲ့ အခြား setting တွေကို အလိုအလျောက် ချိန်ညှိပေးတဲ့ ThinQ AI ကင်မရာ feature တွေပါဝင်လာပါတယ်။ ဒါ့အပြင် Google Lens လုပ်ဆောင်ချက်လညး် ပါဝင်လာပါတယ်။

V40 ThinQ ရဲ့ဘက်ထရီက 3,300mAh ဖြစ်ပြီး ဘက်ထရီတာရှည်ခံနိုင်စွမ်းက Note 9 ထက် ၁၀ ရာခိုင်နှုန်းပဲ လျော့နည်းတယ်လို့ LG ကပြောပါတယ်။

V40 ThinQ အခြားအသေးစိတ်အချက်အလက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

– Snapdragon 845
– RAM 6GB
– storage 64GB (microSD တိုးချဲ့အသုံးပြုနိုင်)
– Standard (8MP) နဲ့ wide-angle (5MP) selfie ကင်မရာတွေ
– 32-bit quad DAC
– Headphone jack
– Boombox စပီကာ
– IP68 ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်စွမ်းရှိ
– Qi ကြိုးမဲ့အားသွင်းစနစ်
– Android Oreo (V40 ဒါမှမဟုတ် G7 ထုတ်ကုန်တွေအတွက် Android 9 Pie အဆင့်မြှင့်တင်မှုကို ဘယ်အချိန်မှာ ပြုလုပ်ပေးမယ်ဆိုတာ LG က မပြောခဲ့ပါဘူး)

စိုးထက်
Ref: TheVerge