Zomato လုံခြုံရေးစနစ်ကျိုးပေါက်ပြီး သုံးစွဲသူ ၁၇ သန်းရဲ့မှတ်တမ်းများ ခိုးယူခံရ

စားသောက်ဆိုင်ရှာဖွေပေးတဲ့ ဝန်ဆောင်မှု Zomato ရဲ့ လုံခြုံရေးစနစ်ကျိုးပေါက်ပြီး သုံးစွဲသူ ၁၇ သန်းရဲ့ မှတ်တမ်းတွေဟာ ကုမ္ပဏီရဲ့ database ကနေ ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ ခိုးယူခံရတဲ့အချက်အလက်တွေမှာ သုံးစွဲသူတွေရဲ့ email လိပ်စာတွေနဲ့ hashed password တွေ ပါဝင်ပါတယ်။

“Zomato ပေါ်က ငွေပေးချေမှုနဲ့ဆက်စပ်နဲ့ အချက်အလက်တွေကို PCI Data Security Standard နဲ့ လုံခြုံစွာထိန်းသိမ်းထားပြီး ခိုးယူခံခဲ့ရတဲ့ အချက်အလက်တွေနဲ့ သီးခြားသိမ်းဆည်းထားတာပါ။ ဒါကြောင့် ခိုးယူခံရတဲ့အထဲမှာ ငွေပေးချေမှုဆိုင်ရာ အချက်အလက်တွေနဲ့ credit card အချက်အလက်တွေ မပါဝင်ပါဘူး” လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် Zomato ပေါ်မှာ သိမ်းဆည်းထားတဲ့ password တွေကို encrypt လုပ်ထားတာကြောင့် အခြားဝန်ဆောင်မှုတွေမှာ အလားတူ password တွေကို အသုံးပြုသူတွေအနေနဲ့ စိုးရိမ်စရာမလိုဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေရဲ့ password ကို ပြောင်းလဲဖို့ Zomato က အကြံပြုထားပါတယ်။

“ကုမ္ပဏီဝန်ထမ်းအချို့ရဲ့ account တွေဟာလည်း ထိန်းသိမ်းခံရတာကြောင့် ဒါဟာ လုံခြုံရေးအတွင်းစည်းကျိုးပေါက်တာဖြစ်တယ်လို့ ယူဆရပါတယ်” လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Zomato ဟာ အိန္ဒိယရဲ့ နာမည်ကျော် startup တွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ Zomato ကို ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ လည်ပတ်ဆောင်ရွက်နေပြီး လစဉ်သုံးစွဲသူ သန်း ၁၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Ref: TechInAsia