June 24, 2018

YouTube-DL ကို Ubuntu OS မှာ ဘယ်လိုထည့်သွင်းမလဲ

[ Zawgyi ]













-သီဟ

[ Unicode ]

YouTube-DL ဆိုတာကတော့ YouTube အပါအဝင် အခြားဆိုက်တော်တော်များက ဗီဒီယိုဖိုင်တွေကို download လုပ်ယူနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Ubuntu OS မှာ YouTube-DL ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

YouTube-DL ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။

အသုံးပြုရမယ့် command တွေကတော့ –

sudo curl -L https://yt-dl.org/downloads/2017.10.20/youtube-dl -o /usr/local/bin/youtube-dl

sudo chmod a+rx /usr/local/bin/youtube-dl

ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ တကယ်လို့ curl က အလုပ်မလုပ်ဘူးဆိုရင် wget command နဲ့ download လုပ်ဖို့အတွက်

sudo wget https://yt-dl.org/downloads/2017.10.20/youtube-dl -O /usr/local/bin/youtube-dl

sudo chmod a+rx /usr/local/bin/youtube-dl

ဆိုတဲ့ command တွေနဲ့ လုပ်နိုင်ပါတယ်။ Download လုပ်ယူဖို့အတွက် အသုံးပြုရမယ့် command ကတော့

youtube-dl ‘the url address of video to download’ ဆိုတဲ့ command ပဲဖြစ်ပါတယ်။

-သီဟ