December 12, 2017

YouTube ကို ပရော်ဖက်ရှင်နယ် တစ်ယောက်လို အသုံးပြုနိုင်စေမယ့် နည်းလမ်း (၇) ရပ်

အခုဖော်ပြမယ့် နည်းလမ်းတွေကတော့ မိုဘိုင်း ဒါမှမဟုတ် desktop ပေါ်မှာ YouTube ဗီဒီယိုတွေကိုကြည့်ပြီး အပန်းဖြေတဲ့အခါ အသုံးတည့်စေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

၁ – Screen ကိုနှိပ်ပြီး ရှေ့နောက်ရစ်ခြင်း

မိုဘိုင်းထုတ်ကုန်တစ်ခုမှာ ဗီဒီယိုကြည့်တဲ့အခါ screen ရဲ့ အစွန်နားကို နှစ်ချက်နှိပ်ပြီး အရှေ့ကို ဒါမှမဟုတ် အနောက်ကို ၁၀ စက္ကန့် ရစ်နိုင်ပါတယ်။ Screen ရဲ့ ဘယ်ဘက်ကိုနှိပ်တဲ့အခါ အနောက်ကိုရစ်ပေးမှာဖြစ်ပြီး ညာဘက်ကိုနှိပ်ရင်တော့ အရှေ့ကိုရစ်ပေးမှာ ဖြစ်ပါတယ်။

၂-Screen ကိုနှိပ်ပြီး ဆက်စပ်ဗီဒီယိုများ ကြည့်ရှုခြင်း

ဗီဒီယိုတစ်ခု ကြည့်နေတဲ့အခါ screen အပေါ်ကို တစ်ချက် ခပ်မြန်မြန်နှိပ်လိုက်မယ်ဆိုရင် YouTube ပေါ်က
ဆက်စပ်ဗီဒီယိုတွေကို screen ရဲ့ အောက်ခြေမှာရှိတဲ့ playback ခလုတ်တွေရဲ့ အောက်မှာ ဖော်ပြပေးပါလိမ့်မယ်။ Screen ပေါ်က ဘယ်နေရာကိုမဆို နှိပ်လိုက်မယ်ဆိုရင်တော့ အကြံပြုဖော်ပြထားတဲ့ ဗီဒီယိုတွေ ပျောက်သွားပါမယ်။

၃-ဗီဒီယိုကို နောက်မှကြည့်ရှုရန် သိမ်းဆည်းခြင်း

ကိုယ်ကြည့်ချင်တဲ့ ဗီဒီယိုတစ်ခု ရှာတွေ့သော်လည်း ကြည့်ဖို့အချိန်မရှိတဲ့အခါမှာ ဗီဒီယို thumbnail ပေါ်က နာရီ icon ကိုနှိပ်ပြီး Watch Later စာရင်းထဲမှာ ထည့်သွင်း သိမ်းဆည်းထားနိုင်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင်တော့ watch later icon ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ အဲ့ဒီလိုပြန်ကြည့်ဖို့အတွက် ကိုယ့် account ကို Log in လုပ်ထားဖို့လိုပါတယ်။

၎-ဒီဇိုင်းအသစ်ကို အသုံးပြုခြင်း

YouTube ဟာ ဆိုက်ရဲ့ ဒီဇိုင်းကို ပြောင်းလဲနေပါတယ်။ အဲ့ဒီ ဒီဇိုင်းသစ်ကို ပြောင်းလဲအသုံးပြုချင်တယ်ဆိုရင် youtube.com/new ကိုသွားပြီး Try It Now ခ လုတ်ကို နှိပ်ပြီး သုံးနိုင်ပါတယ်။

၅- Dark mode ကို အသုံးပြုခြင်း

YouTube ကို dark mode နဲ့လည်းသုံးနိုင်ပါတယ်။ Dark mode ကို သုံးဖို့အတွက် ဝက်ဘ်ဆိုက်ပေါ်မှာ click အနည်းငယ်လုပ်ဖို့ လိုပါတယ်။ Dark mode activate လုပ်ပုံကို https://goo.gl/AaeskF မှာ လေ့လာနိုင်ပါတယ်။

၆ – ဗီဒီယိုတစ်ခုကို preview ကြည့်ခြင်း

ဗီဒီယိုတစ်ခုကို preview အနေနဲ့ ကြည့်ချင်တယ်ဆိုရင် ဝက်ဘ်ဆိုက်ပေါ်က ဗီဒီယိုရဲ့ thumb-nail ပေါ်မှာ mouse ကို တင်ရုံနဲ့ပြုလုပ်နိုင်ပါတယ်။

၇-ဗီဒီယိုရဲ့ အမြန်နှုန်းကို ပြောင်းလဲခြင်း

ကွန်ပျူတာပေါ်မှာ YouTube ဗီဒီယိုကြည့်တဲ့အခါ ဗီဒီယိုရဲ့ အမြန်နှုန်းကို ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။ ဗီဒီယိုရဲ့ အမြန်နှုန်းကို ပြောင်းလဲချင်တယ်ဆိုရင် Settings gear > Speed မှာ 0.25 (super slo-mo) ကနေ 2x (warp speed) အထိ ရွေးချယ်အသုံးပြုနိုင်ပါတယ်။

-Ref: CNET