July 20, 2018

Xiaomi Redmi 5

Price – 180,000

အားသာချက်

ဈေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့်ဖုန်းမှာ ပါဝင်တဲ့ CPU, Graphic GPU တွေက သင့်တင့်တဲ့အပြင် ပါဝါသိုလှောင်နိုင်မှုပမာဏ ကောင်းမွန်တဲ့ ဘက်ထရီပါဝင်တဲ့ အချက်တွေကဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်တွေလို့ ဆိုနိုင်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း သင့်တင့်ပြီး ကင်မရာပိုင်းမှာလည်း သင့်တင့်တဲ့ ကင်မရာတွေကိုအသုံး ပြုထားတာတွေ့ရမှာပါ။ ရှေ့မျက်နှာပြင်အပြည့် ပုံစံပြုလုပ်ထားတာဖြစ်တဲ့အတွက် ကျယ်ဝန်းတဲ့ မြင်ကွင်းကိုလည်း မြင် တွေ့နိုင်ပါတယ်။

အားနည်းချက်

ဒီဖုန်းမှာတော့ NFC စနစ် ပါဝင်တာမတွေ့ရသလို Screen Resolution ကလည်း Redmi 5 Plus လောက်သိပ်မကောင်းပါဘူး။ Sim Card နှစ်ကတ် အသုံးပြုမယ်ဆိုရင်လည်း SD Card ကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ဘေးဘောင်တွေ ပါးလွှာတဲ့မျက်နှာပြင်အပြည့် ပုံစံမျိုးတည်ဆောက် ထားတာဖြစ်တဲ့အတွက် မျက်နှာပြင် ကျယ်ဝန်းပါတယ်။ ဖုန်းကိုယ်ထည်ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ရှေ့မျက်နှာပြင်ပေါ်မှာ ခလုတ်တွေ တစ်မှမပါတဲ့အတွက် Android Button စနစ်တွေကို Touch Screen ပေါ်မှာပဲ အသုံးပြုရမှာပါ။ Fingerprint Sensor ကို ကျောဘက်ကာဗာပေါ်မှာ တပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင်အပြည့် ပုံစံမျိုးလုပ်ထားတယ်လို့ ဆိုပေမယ့်လည်း ဘေးဘောင်တွေကတော့ သိပ်ပြီးသိသိသာသာ ပျောက်သွားတာမျိုး မဟုတ်သေးတဲ့ ပုံစံမျိုးတော့ရှိပါတယ်။

မြင်ကွင်း

၅.၇ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး 720 x 1440 pixels ရှိတဲ့ HD Screen အမျိုးအစားဖြစ်ပါတယ်။ Screen က ရှေ့မျက်နှာပြင်အပြည့် နီးပါးဖြစ်ပေမယ့် အရွယ်အစားက သင့်တင့်တဲ့ အရွယ်အစားမျိုးပါပဲ။

နည်းပညာ

တန်ဖိုးသင့်တင့်ပြီး ဈေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစားတစ်ခု ဖြစ်တဲ့အတွက် ထူးခြားဆန်းသစ်တဲ့ နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ Android OS 7.1.2 ကို အသုံးပြုထားပြီး Xiaomi ရဲ့ MIUI 9.1 ကို အတူတွဲဖက် အသုံးပြုရမှာ ဖြစ်တဲ့အတွက် MIUI 9 မှာပါဝင်တဲ့ စနစ်တွေဖြစ်တဲ့ Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျှင်မြန်စွာအသုံး ပြုနိုင်မယ့် Quick Ball ဆိုတဲ့စနစ်၊ ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll Screenshot စနစ်၊ App တွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ Redmi 5 ဟာ ဖုန်းထဲမှာအသုံးပြုထားတဲ့ Hardware ပိုင်းတွေမှာ သင့်တင့် ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဈေးနှုန်းသက်သာတဲ့ ဖုန်းဖြစ်တဲ့အတွက် ဈေးနှုန်းနဲ့ အသုံးပြုနိုင်မှုစနစ်တွေအရ သုံးပျော်တယ်လို့ ဆိုနိုင်ပါတယ်။ ကင်မရာပိုင်းမှာ Megapixels တွေနဲ့ ဓာတ်ပုံရုပ်ထွက်ပိုင်းတွေ သင့်တင့်ကောင်းမွန်ပေမယ့် Stabilization အပိုင်းမှာတော့ အားနည်းတာ တွေ့ရပါတယ်။ မှတ်ဉာဏ်ပိုင်းမှာသင့် တင့်ပြီး Screen ပိုင်းနဲ့ ဖုန်းရဲ့တည်ဆောက်မှု ပုံစံပိုင်းမှာတော့ ကောင်းမွန်တဲ့ ဖုန်းပါပဲ။ ဈေးနှုန်းသက်သက်သာသာနဲ့ မျက်နှာပြင်ကျယ်ကျယ် မှတ်ဉာဏ်သင့်တင့်တဲ့ဖုန်းကို ရွေးချင်ရင်တော့ ဒီဖုန်းကလည်း ရွေးချယ်ချင်စရာပါပဲ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 7.1.2
CPU – Octa-core 1.8 GHz Cortex-A53
GPU – Adreno 506
Memory – Internal 32GB, 3GB RAM , Micro SD 128GB
Camera – 12 MP (f/2.2, 1.25 μm), phase detection autofocus, LED flash, Geo-tagging, touch focus, face/smile detection, HDR, panorama
Video, Secondary 5 MP
Wi-Fi – 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Po 3300 mAh Battery

သူတို့အမြင်

ကိုစိုးထွဋ် (အသုံးပြုသူ)

ဈေးနှုန်းအရကြည့်မယ်ဆိုရင်တော့ သုံးပျော်တဲ့ဈေးနှုန်းပါပဲ။ ဖုန်းရဲ့ Specification တွေကို ကြည့်မယ်ဆိုရင်လည်း သင့်တင့်ကောင်း မွန်တဲ့အခြေအနေမှာ ရှိနေတဲ့အတွက် တန်ဖိုးသင့် ဖုန်းတစ်လုံးအနေနဲ့ ရွေးချယ်သင့်တဲ့ဖုန်းပါပဲ။ Screen ပိုင်းမှာ Full HD မဟုတ်ဘူး ဆိုပေမယ့်လည်း သူ့ဈေးနဲ့ ယှဉ်ရင်တော့ မဆိုးဘူးလို့ ပဲပြောရမယ်။ Memory ပိုင်းကလည်း သင့်တင့်ပြီး ကင်မရာရဲ့ Megapixels ကလည်း သင့်တင့်ပါတယ်။ ဘက်ထရီကလည်း ကောင်းပါတယ်။ မျက်နှာပြင် မြင်ကွင်းကလည်း ကျယ်ကျယ်နဲ့ဆိုတော့ ကြည့်ရတာလည်း အဆင်ပြေပါတယ်။

ကိုသီဟစိုး (အသုံးပြုသူ)

ဖုန်းမှာသုံးထားတဲ့ OS ပိုင်းတွေ Update ဖြစ်တာတွေ့ရတယ်။ CPU ပိုင်းနဲ့ GPU ပိုင်းတွေမှာလည်း သင့်တင့်တယ်လို့ ပြောလို့ရတယ်။ မှတ်ဉာဏ်ပိုင်းမှာဆိုရင်လည်း သူ့ဈေးနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မဆိုးဘူးလို့ ပြောလို့ ရတယ်။ ဘက်ထရီကလည်း ကောင်းပါတယ်။ ဖုန်းကိုသုံးတဲ့အချိန်မှာ Screen Resolution က ပုံမှန် HD Screen ပဲဖြစ်တဲ့အတွက် အင်တာနက်သုံးတဲ့အချိန်နဲ့ ဂိမ်းကစားတဲ့အချိန် တွေမှာ ပါဝါသိပ်မစားတဲ့အတွက် ဘက်ထရီက ကြာကြာခံတယ်။ ဈေးနှုန်းနဲ့ သူ့မှာပါတဲ့ အချက်အလက်တွေကိုယှဉ်ကြည့်ရင်တော့ ရွေးချယ်ဖို့ ကောင်းတဲ့ဖုန်းတစ်လုံးလို့ပဲ ပြောချင်ပါတယ်။

မသဇင်ကို (စမ်းသပ်အသုံးပြုသူ)

ကင်မရာက Megapixels ပိုင်းတွေက သူ့ရဲ့ဈေးနဲ့ ယှဉ်ရင်ပုံမှန် အခြေအနေလောက် ကောင်းမွန်တယ်လို့ ပြောလို့ ရတယ်။ ဒါပေမဲ့ Stabilizer ပိုင်းတော့ နည်းနည်းအားနည်းတယ်။ အခြားကျန်တဲ့အသုံးပြုအပိုင်းတွေမှာတော့ ကောင်းပါတယ်။ SD Card သုံးမယ်ဆို ရင် Sim Card တစ်ကတ်ပဲ သုံးလို့ရမယ့် အချက်တစ်ချက်လည်းရှိ ပါတယ်။ Memory, ဘက်ထရီပိုင်းတွေနဲ့ CPU, GPU တွေကတော့ သူ့ရဲ့ဈေနှုန်းနဲ့ ယှဉ်ကြည့်လိုက်ရင် တန်တယ်လို့ ပြောလို့ရပါတယ်။

  

-ကိုသက်