April 22, 2018

Xiaomi Redmi 5 Plus

Price – 235,000

အားသာချက်

ဈေးနှုန်း အလယ်အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ CPU, Graphic GPU တွေကောင်းမွန်တဲ့အပြင် ပါဝါသို လှောင်နိုင်မှုပမာဏ မြင့်မားတဲ့ ဘက်ထရီပါဝင်တဲ့ အချက်တွေကဒီဖုန်းရဲ့ကောင်းမွန်တဲ့ အချက်တွေလို့ ဆိုနိုင်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း သင့်တင့်ပြီး ကင်မရာပိုင်းမှာလည်း သင့်တင့်တဲ့ ကင်မရာတွေကိုအသုံး ပြုထားတာတွေ့ရမှာပါ။ ကျယ်ဝန်းတဲ့ မျက်နှာပြင်နဲ့ Screen Resolution ကောင်းမွန်ခြင်းကလည်း ဒီဖုန်းရဲ့ အားသာချက်တစ်ခုပါပဲ။

အားနည်းချက်

Optical Image Stabilization ပိုင်းမှာ သိပ်ပြီးကောင်းမွန်တာမတွေ့ရပါဘူး။ Sim Card နှစ်ကတ်အသုံးပြုမယ်ဆိုရင်လည်း SD Card ကိုအသုံး ပြုလို့ရမှာမဟုတ်ပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ဘေးဘောင်တွေ ပါးလွှာတဲ့ မျက်နှာပြင်အပြည့် ပုံစံမျိုး တည်ဆောက် ထားတာဖြစ်တဲ့အတွက် မျက်နှာပြင်ကျယ်ဝန်းပါတယ်။ ဖုန်းကိုယ်ထည် ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ရှေ့မျက်နှာပြင်ပေါ်မှာ ခလုတ်တွေ တစ်မှမပါတဲ့အတွက် Android Button စနစ်တွေကို Touch Screen ပေါ်မှာပဲ အသုံးပြုရမှာပါ။ Fingerprint Sensor ကို ကျောဘက်ကာဗာပေါ်မှာ တပ်ဆင်ပေးထားပါတယ်။

မြင်ကွင်း

၅.၉၉ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး 1080 x 2160 pixels ရှိတဲ့ Full HD Screen အမျိုးအစားဖြစ်ပါတယ်။ Screen က ရှေ့မျက်နှာပြင်အပြည့်နီးပါးဖြစ်ပေမယ့် အရွယ်အစားကသင့်တင့်တဲ့ အရွယ်အစားမျိုးပါပဲ။

နည်းပညာ

တန်ဖိုးသင့်တင့်ပြီး ဈေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစားတစ်ခု ဖြစ်တဲ့အတွက် ထူးခြားဆန်းသစ်တဲ့ နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ Android OS 7.1.2 ကို အသုံးပြုထားပြီး Xiaomi ရဲ့ MIUI 9.0 ကိုအတူတွဲဖက် အသုံးပြုရမှာ ဖြစ်တဲ့အတွက် MIUI 9 မှာပါဝင်တဲ့ စနစ်တွေဖြစ်တဲ့ Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျှင်မြန်စွာအသုံး ပြုနိုင်မယ့် Quick Ball ဆိုတဲ့စနစ်၊ ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll Screenshot စနစ်၊ App တွေကို နှစ်ခုခွဲ ပြီးအသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ Redmi 5 Plus ဟာ ဖုန်းထဲမှာအသုံးပြုထားတဲ့ Hardware ပိုင်းတွေမှာ သင့်တင့် ကောင်းမွန်တဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး ဈေးနှုန်းအလယ်အလတ် တန်းစား ဖုန်းဖြစ်တဲ့အတွက် ဈေးနှုန်းနဲ့ အသုံးပြုနိုင်မှုစနစ်တွေအရ သုံး ပျော်တယ်လို့ ဆိုနိုင်ပါတယ်။ ကင်မရာပိုင်းမှာ Megapixels တွေနဲ့ ဓာတ်ပုံရုပ်ထွက်ပိုင်းတွေ ကောင်းမွန်ပေမယ့် Stabilization အပိုင်းမှာ တော့ နည်းနည်း အားနည်းတာတွေ့ရပါတယ်။ မှတ်ဉာဏ်ပိုင်းမှာသင့် တင့်ပြီး Screen ပိုင်းနဲ့ ဖုန်းရဲ့တည်ဆောက်မှု ပုံစံပိုင်းမှာတော့ကောင်းမွန်တဲ့ ဖုန်းပါပဲ။ ရှေ့မျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်တဲ့အတွက် ဈေးကွက် ထဲမှာတော့ ပြိုင်ဆိုင်နိုင်မယ့် ဖုန်းတစ်ခုလို့ ဆိုရမှာပါ။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 7.1.2
CPU – Octa-core 2.0 GHz Cortex-A53
GPU – Adreno 506
Memory – Internal 64GB, 4GB RAM , Micro SD 256GB
Camera – 12 MP (f/2.2, 1.25 μm), phase detection autofocus, dual-LED dual-tone flash, Geo- tagging, touch focus, face/smile detection, HDR, panorama,Video, Secondary 5 MP
Wi-Fi – 802.11 a/b/g/n, Wi-Fi Direct, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Po 4000 mAh Battery

သူတို့အမြင်

ကိုမျိုးညွှန့်ဝင်း (အသုံးပြုသူ)

Memory ပိုင်းနဲ့ ကင်မရာပိုင်းကတော့ တော်တော်လေးကောင်း တာတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဈေးနှုန်းနဲ့ ယှဉ်လိုက် ရင် ဖုန်းမှာပါတဲ့ Memory နဲ့ ကင်မရာက တော်တော်လေးကောင်း တယ်လို့ကိုပြောလို့ရတဲ့ပုံစံမျိုးရှိတယ်။ ဘက်ထရီကလည်းပါဝါသို လှောင်နိုင်မှု ပမာဏက တော်တော်လေးကောင်းတာတွေ့ရတယ်။ ဒီဇိုင်းလည်းလှပါတယ်ဒီဖုန်းက။ MIUI 9 နဲ့သုံးရမယ့်အတွက် ဈေး နှုန်းသက်သက်သာသာနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းဖုန်းကိုရွေး ချင်ရင် ဒီဖုန်းကလည်း ရွေးချယ်လို့ကောင်းတဲ့ ဖုန်းတစ်လုံးပါပဲ။ မျက်နှာပြင်အပြည့်ပုံစံမျိုးလုပ်ထားတဲ့ အချက်တစ်ချက်နဲ့ Screen Resolution ကောင်းတဲ့အချက်တွေကလည်းရှိပါသေးတယ်။

ကိုသီဟစိုး (အသုံးပြုသူ)

ဘက်ထရီတော်တော်လေး အသုံးခံတာတွေ့ရတယ်ဒီဖုန်းက။ ဈေးကွက်ထဲမှာသူနဲ့ အပြိုင်ရှိနေတဲ့ အခြားမျက်နှာပြင်အပြည့်ဖုန်း တွေနဲ့ ယှဉ်နိုင်တဲ့ဖုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ဖုန်းရဲ့ Memory ပိုင်းနဲ့ ကင်မရာပိုင်းတွေက မြင့်တဲ့အပြင် ဖုန်းရဲ့လုပ်ဆောင်ချက်နဲ့ ဒီဇိုင်းကလည်း တော်တော်လေးကောင်းတာတွေ့ရတယ်။ ဖုန်းရဲ့ Specification နဲ့ အသုံးပြုနိုင်မှု စွမ်းရည်တွေက သူ့ရဲ့ဈေးနှုန်းနဲ့ယှဉ် ကြည့်မယ်ဆိုရင် တော်တော်လေးတန်တယ်လို့ကိုပြောလို့ ရတယ်။ မျက်နှာပြင်အပြည့်ပုံစံနဲ့ Screen ကလည်း Full HD Screen ဖြစ်နေ တဲ့အချက်ကလည်း တော်တော်လေးကောင်းတဲ့အချက်တစ်ခုပါပဲ။

မသဇင်ကို (စမ်းသပ်အသုံးပြုသူ)

ကင်မရာက Megapixels အမြင့်ကြီးမဟုတ်ပေမယ့်လည်း ဓာတ် ပုံရိုက်တဲ့အချိန်မှာတော့ ပုံထွက်ကောင်းပါတယ်။ Memory ကတော့ တော်တော်လေးကောင်းတယ်။ သူ့ဈေးနှုန်းနဲ့ ယှဉ်ကြည့် မယ်ဆိုရင် Memory နဲ့ ဘက်ထရီက တော်တော်လေး မြင့်တယ်။ ဖုန်းရဲ့ CPU ကလည်း သင့်တင့်ပြီး RAM မြင့်တဲ့အတွက် ဖုန်းကသုံး ရတာပေါ့ပေါ့ပါးပါးရှိပါတယ်။ ဒါပေမယ့် ဂိမ်းကစားတာအရမ်းများ တဲ့အချိန်နဲ့ အင်တာနက် ဂိမ်းတွေ ကစားတဲ့အချိန်မှာ ဖုန်းကနည်း နည်းပူလာသလိုတော့ခံစားရတယ်။ ကျန်တဲ့အချက်တွေကတော့ အဆင်ပြေပါတယ်။

-ကိုသက်