December 13, 2017

Xiaomi Mi5s Plus

Price : 390,000ks

အားသာချက်

ကျောဘက်ကင်မရာ နှစ်လုံးထည့်သွင်းထားခြင်း၊ မှတ်ဉာဏ်ပိုင်း ပိုမိုမြင့်မားလာခြင်းနဲ့ ဘက်ထရီပိုင်းမြင့်မားလာခြင်းစတဲ့အချက်တွေက ဒီဖုန်းရဲ့ အားသာချက်တွေဖြစ်ပြီး ဒီအချက်တွေက ရှေ့ကထွက်ခဲ့တဲ့ Mi5, Mi5s တို့ထက်လည်း ပိုပြီးကောင်းမွန်လာတဲ့ အချက်တွေဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ ဖုန်းထဲမှာ အသုံးပြုထားတဲ့ CPU, GPU အစရှိတဲ့ Hardware ပိုင်းတွေမှာလည်း မြင့်မားကောင်းမွန်တဲ့ ဖုန်းပါ။

အားနည်းချက်

ဖုန်းကမှတ်ဉာဏ်ပိုင်းမြင့်မားပေမယ့် မှတ်ဉာဏ်များများ အသုံးပြုတဲ့သူတွေအတွက် SD Card ထပ်စိုက်ပြီးတော့ အသုံးပြုဖို့အတွက် SD Card Slot တော့ မပါဝင်ပါဘူး။ ဒီဖုန်းမှာ FM Radio စနစ်လည်း ပါဝင်တာမတွေ့ရတဲ့အပြင် ဖုန်းနဲ့ Multitasking စနစ်အသုံးပြုခြင်းနဲ့ ဂိမ်းတွေ ကစားတဲ့အခါမှာ ဖုန်းပူလာတဲ့အချက်တွေတော့ ရှိနေပါတယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်းပိုင်း လှပသေသပ်တဲ့ ဖုန်းဖြစ်ပြီး ရှေ့ကထွက်ခဲ့တဲ့ Mi5 Series တွေလိုပဲ နောက်ဘက်ကာဗာ ဘေးအနားကို ခုံးထားတဲ့ပုံစံမျိုးရှိ ပါတယ်။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုကိုယ်နဲ့ တည်ဆောက်ပေး ထားတာဖြစ်ပြီး အရွယ်အစားကတော့ ကိုယ်တွယ် အသုံးပြုချိန်မှာလက်နဲ့ အံဝင်ခွင်ကျရှိစေတဲ့ အရွယ်အစားမျိုးဖြစ်ပေမယ့် အလေးချိန်အနည်း ငယ်ရှိတယ်လို့တော့ ခံစားရစေပါတယ်။ ကျောဘက် ကာဗာအပေါ်ဖက် မှာ ကင်မရာနှစ်လုံးကို အထက်အောက် တပ်ဆင်ပေးထားပြီး Fingerprint Sensor ကိုလည်း ကျောဘက်ကာဗာပေါ်မှာပဲ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

မြင်ကွင်း

၅.၇ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 1080 x 1920 Pixels ရှိတဲ့ ပုံမှန် Full HD Screen အမျိုးအစားပါ။

နည်းပညာ

ကျောဘက်ကင်မရာနှစ်လုံးရဲ့ ကောင်းမွန်တဲ့ ကင်မရာစွမ်းဆောင်ရည်ပိုင်းကို မြင်တွေ့ရမှာဖြစ်တဲ့အပြင် ကင်မရာအသုံးပြုထားတဲ့ Aperture တွေနဲ့ Sensor အရွယ်အစားတွေကလည်း ကောင်းမွန်တာတွေ့ ရပါတယ်။ နည်းပညာပိုင်းမှာတော့ MIUI 8 ရဲ့ နည်းစနစ်တွေကို ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။ Second Space (Switch) ဆိုတဲ့ စနစ်နဲ့ App တွေကို နှစ်ခုခွဲ ပြီးအသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာပါ။ Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျှင်မြန်စွာအသုံး ပြုနိုင်မယ့် Quick Ball ဆိုတဲ့စနစ်လည်း ပါဝင်လာတဲ့အပြင် Screnshot ပြုလုပ်တဲ့ အခါမှာလည်း ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll စနစ်ပါဝင်ပါတယ်။

သုံးသပ်ချက်

ဒီဖုန်းဟာ ရှေ့ကထွက်ခဲ့တဲ့ Mi5 နဲ့ Mi5s တို့ထပ် စွမ်းဆောင်ရည်ပိုင်း မှာပိုမိုမြှင့်တင်ထားတဲ့ ပုံစံမျိုးတော့ ရှိနေပါတယ်။ ကင်မရာပိုင်း၊ RAM ပိုင်းနဲ့ ဘက်ထရီပိုင်းတွေမှာ Mi5 နဲ့ 5s တို့ထပ် ပိုမိုကောင်းမွန်တဲ့အပြင် ကင်မရာရဲ့ Sensor ပိုင်းမှာလည်း ရှေ့ကထွက်ခဲ့တဲ့ နှစ်လုံးထက်ပိုပြီး မြင့်မားကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာထည့်သွင်းထားတဲ့ ဘက်ထရီက ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မားတဲ့အပြင် အားသွင်းမြန်ဆန်တဲ့ Quick Charger 3.0 စနစ်ကိုလည်း ဒီဖုန်းမှာထည့်သွင်းပေး ထားတာတွေ့ရပါတယ်။ ဖုန်းရဲ့လုပ်ဆောင်ချက်တွေ များပြားလာတဲ့အ ချိန်နဲ့ ဂိမ်းတွေကစားတဲ့ အချိန်မျိုးမှာ ဖုန်းကပူနွေးလာမှု မြန်ဆန်ခြင်းနဲ့ မှတ်ဉာဏ်ထပ်တိုး သုံးလို့မရတဲ့ အချက်တွေရှိသလိုပဲ ကောင်းမွန်တဲ့စွမ်း ဆောင်ရည်ပိုင်းကိုလည်း ဒီဖုန်းမှာမြင်တွေ့နိုင်ပါတယ်။ ရှေ့ဘက်မြင်ကွင်းပိုင်းမှာGorilla Glass လို ကာကွယ်မှုအရာတွေ အသုံးပြု ထားတာ မတွေ့ရပါဘူး။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v6.0
CPU – Quad-core (2×2.35 GHz & 2×2.2 GHz)
GPU – Adreno 530
Memory – Internal 64GB, 4GB RAM, Micro SD No
Camera – Dual 13 MP, f/2.0, phase detection, autofocus, dual-LED (dual tone) flash, 1/3″ sensor size, geo-tagging, touch focus, face detection, panorama, HDR, Video, Secondary 4 MP, f/2.0, 1/3″ sensor size
Wi-Fi – 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, hotspot
Bluetooth – 4.2, A2DP, LE
Battery – 3800 mAh Battery

သူတို့အမြင့်

ဦးစိုင်းထွန်းဇော် (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းက ရှေ့ကထွက်ခဲ့တဲ့ Mi5 နဲ့ Mi5s ထက်တော့ပိုပြီးကောင်း တယ်လို့တော့ ခံစားရတယ်။ သုံးကြည့်တဲ့အချိန်မှာလည်း သုံးရတာ ပေါ့ပါးပြီး အဆင်ပြေပါတယ်။ ကိုင်ရတာတော့ အလေးချိန်နည်းနည်းလေး များတယ်လို့ ခံစားရတယ်။ နောက်ဘက် ကင်မရာကတော့ ဓာတ်ပုံရိုက်ကြည့်တဲ့အချိန်မှာ တော်တော်လေးကောင်းတာတွေ့ရ တယ်။ ကင်မရာပိုင်း၊ မှတ်ဉာဏ်ပိုင်းတွေနဲ့ ဘက်ထရီပိုင်းတွေကိုတော့ သဘောကျတယ်။ ဈေးကလည်း မဆိုးဘူးလို့တော့ပြောလို့ရတယ်။ 64GB ဆိုတော့ သုံးရတာ မှတ်ဉာဏ်က များပေမယ့် SD Card ထပ်စိုက်လို့ မရတာကိုတော့ သိပ်သဘောမကျဘူး။

မအိအိဇော် (စမ်းသပ်အသုံးပြုသူ)

ကြိုက်တာတွေ အရင်ပြောရမယ်ဆိုရင်တော့ ကင်မရာပိုင်းကို ကြိုက်တယ်။ နောက်ဘက်ကင်မရာနှစ်လုံးနဲ့ဆိုတော့ ဓာတ်ပုံရိုက်ရ တာအရမ်းကောင်းတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း RAM ကမြင့်လာ တော့ပိုကောင်းလာတယ်။ ဘက်ထရီကလည်းကောင်းပါတယ်။ သိပ် မကြိုက်တာကတော့ အလေးချိန်နည်းနည်းလေးများနေသလိုခံ စားရတာတစ်ခုရယ် Memory ထပ်တိုးလို့ မရတာရယ်ကိုတော့သိပ် မကြိုက်ဘူး။ CPU ပိုင်းနဲ့ ဖုန်းထဲမှာ Hardware ပိုင်းတွေကတော့ ကောင်းပါတယ်။ သုံးရတာလည်း ဖုန်းကပေါ့ပေါ့ပါးပါးနဲ့ မြန်ပါတယ်။

ကိုဝင်းဌေး (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ Specification ပိုင်းကတော့ ကြိုက်ပါတယ်။ CPU တွေ GPU ပိုင်းတွေ၊ မှတ်ဉာဏ် ပိုင်းတွေကတော့ကောင်းတယ်။ ကင်မရာ ပိုင်းမှာဆိုရင်လည်း နောက်ဘက် ကင်မရာနှစ်လုံးဖြစ်သွားတဲ့အပြင် ရှေ့ကထွက်ခဲ့တဲ့ Mi5 Series တွေထပ် Sensor ပိုင်းတွေမှာ ပိုကြီးလာတာတွေ့ရတယ်။ ဘက်ထရီကလည်း mAh မြင့်လာတဲ့အတွက် ပိုကောင်းလာတယ်လို့ ပြောလို့ရတယ်။ ကိုယ်ထည်က သတ္တုကိုယ် ထည်ဆိုတော့ ကိစ္စမရှိပေမယ့် Specification မှာတော့ ရှေ့မျက်နှာပြင်မှာ Protect Glass တွေဘာမှ သုံးထားတာမတွေ့ရ ဘူး။ အဲ့ဒီအချက်ကိုတော့ သိပ်သဘောမကျဘူး။

 

 

 

-ကိုသက်