November 19, 2017

Xiaomi Mi5 X

Price – 305,000ks

အားသာချက်

ကျောဘက်ကင်မရာ နှစ်လုံးထည့်သွင်းထားခြင်း၊ မှတ်ဉာဏ်ပိုင်း ပိုမိုမြင့်မားလာခြင်းနဲ့ ဘက်ထရီပိုင်း မြင့်မားခြင်းစတဲ့ အချက်တွေက ဒီဖုန်းရဲ့ အားသာချက်တွေဖြစ်ပြီး ဒီအချက်တွေက ရှေ့ကထွက်ခဲ့တဲ့ Mi5, Mi5s တို့ထက်လည်း ပိုပြီးကောင်းမွန်လာတဲ့ အချက်တွေဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ ဖုန်းထဲမှာအသုံးပြုထားတဲ့ CPU, GPU အစရှိတဲ့ Hardware ပိုင်းတွေမှာလည်း မြင့်မားကောင်းမွန်တဲ့ ဖုန်းပါ။ ဈေးနှုန်း အလယ်အလတ်တန်းစား ဖုန်ဖြစ်ပေမယ့်လည်း ဖုန်းမှာပါဝင်တဲ့ Specification တွေက ကောင်းမွန်တဲ့ဖုန်းပါ။

အားနည်းချက်

Sim Card နှစ်ကတ်သုံးနိုင်တဲ့ Dual Sim ဖုန်းဖြစ်ပေမယ့် SD Card အသုံးပြုမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ သုံးလို့ရမှာပါ။

ဒီဇိုင်း

ပုံစံဒီဇိုင်းပိုင်း လှပသေသပ်တဲ့ ဖုန်းဖြစ်ပြီး ရှေ့ကထွက်ခဲ့တဲ့ Mi5 Series တွေလို နောက်ဘက်ကာဗာ ဘေးအနားကို ခုံးထားတဲ့ ပုံစံမျိုးမဟုတ်ပဲ iPhone နဲ့ပိုပြီး ဆင်တူတာတွေ့ရပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တုကိုယ်နဲ့ တည်ဆောက်ပေးထားတာဖြစ်ပြီး အရွယ်အစားကတော့ ကိုယ်တွယ်အသုံးပြုချိန်မှာ လက်နဲ့အံဝင်ခွင်ကျရှိစေတဲ့ အရွယ်အစားမျိုးဖြစ်ပေမယ့် အလေးချိန်အနည်း ငယ်ရှိတယ်လို့တော့ ခံစားရစေပါတယ်။ ကျောဘက် ကာဗာအပေါ်ဖက်မှာ ကင်မရာနှစ်လုံးကို ဘေးချင်းယှဉ်လျက် တပ်ဆင်ပေးထားပြီး Fingerprint Sensor ကိုလည်း ကျောဘက်ကာဗာပေါ်မှာပဲ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

မြင်ကွင်း

၅.၅ လက်မရှိတဲ့ LTPS IPS LCD Screen ဖြစ်ပြီး 1080 x 1920 Pixels ရှိတဲ့ Full HD Screen အမျိုးအစားပါ။

နည်းပညာ

ကျောဘက်ကင်မရာနှစ်လုံးရဲ့ ကောင်းမွန်တဲ့ ကင်မရာစွမ်းဆောင်ရည်ပိုင်းကို မြင်တွေ့ရမှာဖြစ်တဲ့အပြင် ကင်မရာအသုံးပြုထားတဲ့ Aperture တွေနဲ့ Sensor အရွယ်အစားတွေကလည်း ကောင်းမွန်တာတွေ့ ရပါတယ်။ နည်းပညာပိုင်းမှာတော့ MIUI 8 ရဲ့ နည်းစနစ်တွေကို ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။ Second Space (Switch) ဆိုတဲ့စနစ်နဲ့ App တွေကို နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာပါ။ Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျှင်မြန်စွာအသုံး ပြုနိုင်မယ့် Quick Ball ဆိုတဲ့စနစ်လည်း ပါဝင်လာတဲ့အပြင် Screnshot ပြုလုပ်တဲ့ အခါမှာလည်း ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll စနစ်ပါဝင်ပါတယ်။

သုံးသပ်ချက်

ဒီဖုန်းဟာ ရှေ့ကထွက်ခဲ့တဲ့ Mi5 နဲ့ Mi5s တို့ထပ် စွမ်းဆောင်ရည်ပိုင်းမှာ ပိုမိုမြှင့်တင်ထားတဲ့ ပုံစံမျိုးတော့ရှိနေပါတယ်။ ကင်မရာပိုင်း၊ RAM ပိုင်းနဲ့ ဘက်ထရီပိုင်းတွေမှာ Mi5 နဲ့ 5s တို့ထပ် ပိုမိုကောင်းမွန်တဲ့အပြင် ကင်မရာရဲ့ Sensor ပိုင်းမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာထည့်သွင်းထားတဲ့ ဘက်ထရီက ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မားတဲ့အပြင် အားသွင်းမြန်ဆန်တဲ့ First Battery Charging စနစ်ကိုလည်း ဒီဖုန်းမှာ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Mi 5s Plus နဲ့ တူညီသလို ရှိပေမယ့်လည်း နောက်ဘက် Dual ကင်မရာမှာ Mi5s Plus ထက် Megapixels နည်းပေမယ့်လည်း မှတ်ဉာဏ်ထပ်တိုးနိုင်ခြင်း၊ ပုံစံဒီဇိုင်းလှပခြင်းတွေကတော့ Mi5s Plus ထပ်ပိုမိုသာလွန်တဲ့ အချက်တွေပါပဲ။

Network GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v7.1.1
CPU – Octa-core 2.0 GHz Cortex-A53
GPU – Adreno 506
Memory – Internal 64GB, 4GB RAM, Micro SD 256GB
Camera – Dual 12 MP (26mm, f/2.2; 50mm, f/2.6), phase detection autofocus, 2x optical zoom, dual-LED (dual tone) flash 1.25 µm/ 1.0 µm pixel size, geo-tagging, touch focus, face detection, HDR, panorama, Video, Secondary 5 MP, 1080p
Wi-Fi – 802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot Direct, DLNA, hotspot
Bluetooth- 4.2, A2DP, LE
Battery -Li-Ion 3080 mAh Battery

သုံးသပ်ချက်များ

D Mobile (YGN)

ဒီဖုန်းက ရှေ့ကထွက်ခဲ့တဲ့ Mi5 နဲ့ Mi5s ထက်တော့ပိုပြီးကောင်း တယ်လို့တော့ ခံစားရတယ်။ သုံးကြည့်တဲ့အချိန်မှာလည်း သုံးရတာ ပေါ့ပါးပြီး အဆင်ပြေပါတယ်။ ကိုင်ရတာတော့ အလေးချိန်နည်း နည်းလေးများတယ်လို့ ခံစားရတယ်။ နောက်ဘက် ကင်မရာကတော့ ဓာတ်ပုံရိုက်ကြည့်တဲ့ အချိန်မှာ တော်တော်လေး ကောင်းတာတွေ့ရ တယ်။ ကင်မရာပိုင်း၊ မှတ်ဉာဏ်ပိုင်းတွေနဲ့ ဘက်ထရီပိုင်းတွေလည်း ကောင်းပါတယ်။ ဈေးကလည်း မဆိုးဘူးလို့တော့ ပြောလို့ရတယ်။ 64GB ဆိုတော့ သုံးရတာ မှတ်ဉာဏ်က များတယ်။ SD Card နဲ့လည်း Memory ထပ်တိုးလို့ ရတယ်ဆိုတော့ မှတ်ဉာဏ်ပိုင်းကတော့ ပြောစရာသိပ်မရှိပေမယ့် SD Card သုံးရင် Sim Card တစ်ကတ်ပဲ သုံးရတာကိုတော့ User တွေက သိပ်မကြိုက်တတ်ကြဘူး။

မစုလှိုင် (အသုံးပြုသူ)

ကြိုက်တာတွေ အရင်ပြောရမယ်ဆိုရင်တော့ ကင်မရာပိုင်းကို ကြိုက်တယ်။ နောက်ဘက် ကင်မရာနှစ်လုံးနဲ့ဆိုတော့ ဓာတ်ပုံရိုက်ရတာ အရမ်းကောင်းတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း RAM က မြင့်လာတော့ပိုကောင်းလာတယ်။ ဘက်ထရီကလည်း ကောင်းပါတယ်။ သိပ် မကြိုက်တာကတော့ အလေးချိန် နည်းနည်းလေးများနေသလို ခံစားရတာတစ်ခုရယ် SD Card သုံးရင် Sim Card တစ်ကတ်ပဲ သုံးလို့ ရတာကိုတော့ သိပ်မကြိုက်ဘူး။ CPU ပိုင်းနဲ့ ဖုန်းထဲမှာ Hardware ပိုင်းတွေကတော့ ကောင်းပါတယ်။ သုံးရတာလည်း ဖုန်းကပေါ့ပေါ့ပါးပါးနဲ့ မြန်ပါတယ်။

ကိုဝဏ္ဏထွန်း (YGN)

ဖုန်းရဲ့ Specification ပိုင်းကတော့ ကြိုက်ပါတယ်။ CPU တွေ GPU ပိုင်းတွေ၊ မှတ်ဉာဏ်ပိုင်းတွေကတော့ ကောင်းတယ်။ ကင်မ ရာပိုင်းမှာဆိုရင်လည်း နောက်ဘက် ကင်မရာနှစ်လုံးဖြစ်သွားတဲ့အပြင် ရှေ့ကထွက်ခဲ့တဲ့ Mi5 Series တွေထပ် Sensor ပိုင်းတွေမှာ ပိုကြီးလာတာတွေ့ရတယ်။ ဘက်ထရီကလည်း mAh မြင့်လာတဲ့အတွက် ပိုကောင်းလာတယ်လို့ ပြောလို့ရတယ်။ ဖုန်းရဲ့ ဒီဇိုင်းပိုင်းကလည်း ကောင်းပါတယ်။ Memory ကလည်းကောင်းပါတယ်။ ဈေးကလည်း အလယ်အလတ်ထဲမှာဖြစ်ပြီး ဖုန်းရဲ့ Feature တွေနဲ့ Specification တွေကလည်း ကောင်းတဲ့အတွက် ဒီဖုန်းကိုတော့ သဘောကျတယ်။

-ကိုသက်