Xiaomi Mi Mix

Price : 850,000ks

အားသာချက်

အရွယ်အစား ကြီးမားတဲ့ Phablet ဖုန်းဖြစ်တဲ့အတွက် ဂိမ်းကစား ခြင်းနဲ့ အင်တာနက် အသုံးပြုခြင်းတွေမှာ ကောင်းမွန်ပါတယ်။ 
Screen Resolution မြင့်မားကောင်းမွန်တဲ့အတွက် မြင်ကွင်းပိုင်းကောင်းမွန်ပြီး မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်တဲ့ဖုန်းပါ။ 
ဖုန်းရဲ့ CPU, GPU အစရှိတဲ့ Hardware ပိုင်းတွေမှာ လည်းကောင်းမွန်တဲ့အပြင် 4K Video ရိုက်ကူးနိုင်ခြင်း၊ ကင်မရာပိုင်း
ကောင်းမွန်ခြင်း၊ ဖုန်းရဲ့ ဘက်ထရီစနစ်မြင့်မားခြင်း၊ Sim Card နှစ်ကတ်ထည့်သွင်းအသုံးပြု နိုင်ခြင်းတွေကလည်း ဒီဖုန်းရဲ့
ကောင်းမွန်တဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

မှတ်ဉာဏ်မြင့်မားပေမယ့် Micros SD Card ထည့်လို့မရပါဘူး။ FM Radio စနစ် မပါဝင်သလို ဖုန်းရဲ့ အလေးချိန်ကလည်း 
နည်းနည်း လေးတယ်လို့ ခံစားရစေပါတယ်။

ဒီဇိုင်း

ဒီဇိုင်းကတော့ Phablet ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ ကျယ်ပြန့်တဲ့မြင် ကွင်းပုံစံမျိုးဖြစ်ပြီး ပါးပါးလျားလျားနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့
ပုံစံမျိုးရှိပါတယ်။ Fingerprint Sensor ကိုကျောဘက် ကာဗာပေါ်မှာ တပ်ဆင်ပေးထားပြီး ရှေ့မျက်နှာပြင်ကတော့ 
အနားဘောင်တွေမရှိတဲ့ မျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်တဲ့အပြင် ရှေ့ကင်မရာကလည်း ဖုန်းရဲ့ အပေါ်ထိပ်ဘက်မှာ ပုံမှန်ပုံစံမျိုး 
တပ်ဆင်ထားတာ မဟုတ်ဘဲ ဖုန်းရဲ့ အောက်ခြေပိုင်းမှာ တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစား
ကတော့ အထက်အောက်အမြင့် ၁၅.၈၈ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၈.၁၉ စင်တီမီ တာနဲ့ ထုထည်ကတော့ ၀.၇၉ 
စင်တီမီတာ ရှိပါတယ်။ မျက်နှာပြင်ကျယ်ဝန်းပြီး ထုထည်ပါးပေမယ့် အလေးချိန်ကတော့ ၂၀၉ ဂရမ်ဖြစ်တဲ့အတွက် အလေးချိန်တော့ 
အနည်းငယ်ရှိပါတယ်။

မြင်ကွင်း

၆.၄ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 1080 x 2040 Pixels ရှိတဲ့ 2K Resolution Screen ပါ။

နည်းပညာ

Mi MIX မှာတော့ သမားရိုးကျ တယ်လီဖုန်းနားခွက် မပါပဲ ၎င်းနေရာမှာအစား ထိုးအသံထုတ်လွှင့်ပေးနိုင်တဲ့ conduction 
နည်းပညာကို ဖုန်းရဲ့ထိပ်ဘက်ပိုင်းတွင် အသုံးပြုထားပါတယ်။ proximity sensor လည်းပါဝင်ခြင်း မရှိပေမယ့် ဖုန်းခေါ်တဲ့
အခါမှာ touch screen ကို disable လုပ်ဖို့အတွက် ultra-sonic နည်းပညာကို အသုံးပြုထားပါတယ်။ ကင်မရာနည်းပညာ
ပိုင်းမှာတော့ OIS လို့ခေါ်တဲ့ Optical Image Stabilization ဆိုတဲ့စနစ်နေရာမှာ EIS လို့ခေါ်တဲ့ Electric Image Stabilization
ဆိုတဲ့ နည်းပညာကို အသုံးပြုလာတာ တွေ့ရပါတယ်။ EIS (Gyro) Sensor စနစ်ကြောင့် ဓာတ်ပုံရိုက်တဲ့ အခါမှာ တည်ငြိမ်
ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်မှာပါ။ MIUI 8 ကို အသုံးပြုထားမှာ ဖြစ်တဲ့အတွက် MIUI 8 မှာပါဝင်တဲ့ ဝန်ဆောင်မှု 
စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယိုရင်တော့ Mi Mix ဟာ ဖုန်းရဲ့ပုံစံဒီဇိုင်းပိုင်းလှပပြီး အရွယ်အစား ကြီးမားတဲ့ဖုန်းပါ။
ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်မြင့်မားပြီး ကင်မရာပိုင်းမှာဆိုရင်လည်း Megapixels မြင့်မားတဲ့ ကင်မရာ တွေကို အသုံးပြုထားတဲ့အပြင်
ကင်မရာရဲ့ Sensor နဲ့ Aperture တွေက လည်း ကောင်းမွန်တဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ ကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်မှာပါ။ ဘက်ထရီကလည်း ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မားတဲ့အပြင် အားသွင်းမြန်ဆန်တဲ့ First Battery Charging (Quick Charge 3.0) နည်းပညာကလည်း မိနစ် ၃၀ အားသွင်းရုံနဲ့ ၈၃ ရာ ခိုင်နှုန်းအထိ အားဖြည့်သွင်းနိုင်ပါတယ်။ ဈေးနှုန်းအနည်းငယ်
မြင့်မားနေခြင်းကတော့ ဖုန်းကိုရွေးချယ်ဖို့အတွက် စဉ်းစားစရာပါ။

Network-GSM – 2G/ 3G/ 4G
SIM-Dual SIM (Nano SIM Dual Standby)
OS-Android OS v6.0, upgrade to v7.0 (Nougat)
CPU-Quad-core (2×2.35 GHz Kryo & 2×2.19 GHz Kryo)
GPU-Adreno 530
Memory-Internal 256GB, 6GB RAM 
Camera-16 MP, f/2.0, EIS (gyro), phase detection autofocus, dual-LED (dual tone) flash,Geo- tagging, touch focus, face detection,HDR, panorama, Video, Front 5 MP
Wi-Fi-802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot
Bluetooth-v4.2, A2DP, LE
Battery-Li-Ion 4400 mAh Battery

သူတို့အမြင်

ကိုအောင်မင်းထက် (စမ်းသပ်အသုံးပြုသူ)

Mi Mix ကိုတော့ ကြိုက်ပါတယ်။ အရွယ်အစားကြီးတဲ့အတွက် ဂိမ်းကစားတာတို့၊ အင်တာနက် သုံးတာတို့ လုပ်တဲ့အခါမှာ
အဆင် ပြေတယ်။ Screen ကလည်း Resolution အရမ်းကောင်းတော့ မြင် ကွင်းပိုင်းမှာလည်း အရည်အသွေးကောင်းတယ်။
Memory ပိုင်း၊ CPU တွေနဲ့ ဘက်ထရီပိုင်းတွေမှာလည်း တော်တော်လေးမြင့်ပြီး ကောင်းတာတွေ့ရတယ်ပေါ့နော်။
ဘေးဘောင်တော်တော်လေးပါး တဲ့အတွက် ရှေ့မျက်နှာပြင်က လုံးဝကို မှန်ပြားလိုဖြစ်နေတာက လည်း သဘောကျစရာပဲ။
ဒါပေမဲ့ ရှေ့ကင်မရာက ဖုန်းရဲ့အောက်ခြေ ပိုင်းမှာတပ်ထားတာဆိုတော့ ကိုင်ရတာနဲ့ Selfie ရိုက်ရတာတော့ စိတ်ထဲမှာ
တစ်မျိုးဖြစ်နေတယ်။ ကင်မရာက ဖုန်းရဲ့အောက်ခြေမှာဆိုတော့ ကိုင်ရတာ ကင်မရာက လက်နဲ့ ကွယ်နေသလို ခံစားရတယ်။

ကိုစိုင်းဇော် (စမ်းသပ်အသုံးပြုသူ)

နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းက နည်းပညာ အသစ်အဆန်းတွေနဲ့ ကောင်းမွန်တဲ့ စနစ်တွေကို သုံးထားတာတွေ့
ရတယ်။ ဖုန်းရဲ့အပေါ်ထိပ်မှာ ဖုန်းပြောတဲ့အခါ နားထောင်ရတဲ့ Earpiece Speaker မပါလာတဲ့ အချက်မျိုးတွေကလည်းထူးခြားတဲ့
တည်ဆောက်မှု ပုံစံလို့ ပြောရမှာပဲ။ CPU နဲ့ GPU တွေ၊ Memory ပိုင်း၊ ဘက်ထရီပိုင်းတွေကလည်း မြင့်မားကောင်းမွန်တာတွေကို သုံး ထားတာတွေ့ရတယ်။ ကင်မရာပိုင်းလည်း တော်တော်လေး ကောင်း ပါတယ်။ ဒါကြောင့် ဒီဖုန်းကို ခြုံပြီး ကြည့်မယ်ဆိုရင်တော့ နည်းပညာ ပိုင်းအရ မြင့်မားတဲ့အပြင် တန်ဖိုးလည်း မြင့်မားပါတယ်။ ရှေ့ကင်မရာက အောက်ခြေမှာ တပ်ထားတဲ့အတွက် Selfie ရိုက်တဲ့
အခါမှာ ဖုန်းရဲ အရွယ်အစားက ကြီးတဲ့အတွက် လက်ထဲမှာ သေချာထိထိမိမိ ကိုင်တွယ်ရတာနဲ့ ကင်မရာကို လက်နဲ့ကွယ်နိုင်မလားဆို တာကတော့ သုံးတဲ့သူတွေရဲ့ ကိုင်တွယ်မှု ပုံစံပေါ်မှာ မူတည်လောက် ပါတယ်။

Dual App ဆိုတဲ့စနစ်ကတော့ ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ App တွေကို နှစ်ခုစီခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ Facebook App ကို Dual App စနစ်ထဲမှာ မှတ်သားလိုက်ရင် Facebook App ကို နှစ်ခုအသုံးပြု နိုင်မှာဖြစ်ပြီး အကောင့်နှစ်ခုကိုလည်း တစ်ပြိုင်တည်း ဖွင့်ထားလို့ ရနိုင်ပါတယ်။

Second Space ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာ အကောင့်နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို Setting ထဲမှာစ ဖွင့်ပြီး အသုံးပြုလိုက်တာနဲ့ ဖုန်းရဲ့ Screen ပေါ်မှာ Switch ဆိုတဲ့ Icon က အဆင်သင့် အသုံးပြုနိုင်ဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။

Screenshot လုပ်မယ် ဆိုရင်တော့ Screenshot ကို ဖုန်းရဲ့ထိပ်ပိုင်းမှာ ဖော်ပြထားမှာဖြစ်ပြီး အဲဒီ Screenshot ပုံကို နှိပ်လိုက်ရင်တော့ Scroll ဆိုတဲ့ ရှည်လျားတဲ့ Screenshot စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာ ပိုင်းမှာတော့ ထူးခြားဆန်းပြားတဲ့ အသုံးပြု Feature တွေ မပါဝင်ပေမယ့် အသုံးတည့်တဲ့ ကင်မရာ Feature တွေ ပါဝင်ပါတယ်။

-ကိုသက်