July 15, 2018

Xiaomi Mi Max 3 ကို ဇူလိုင္ ၁၉ တြင္ မိတ္ဆက္မည္

[ Zawgyi ]

ဇူလိုင္လမွာ မိတ္ဆက္မယ္လို႔ အတည္ျပဳထားတဲ့ Xiaomi Mi Max 3 ကို ဇူလိုင္ ၁၉ ရက္ (ၾကာသပေတးေန႔) မွာ မိတ္ဆက္ေၾကညာ သြားမယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းကို Xiaomi က တရားဝင္ Weibo account ကေန အတည္ျပဳခဲ့တာျဖစ္ပါတယ္။

Weibo post မွာ ေဖာ္ျပထားတဲ့ ေၾကာ္ျငာပိုစတာအရ Mi Max 3 မွာ အရြယ္ႀကီးမားတဲ့ display နဲ႔ ႀကီးမားတဲ့ ဘက္ထရီတို႔ ပါဝင္လာဖြယ္ရိွပါတယ္။

Mi Max 3 ဟာ ၿပီးခဲ့တဲ့လက TENAA ေပၚမွာ spec အားလံုးနဲ႔အတူ ထြက္ေပၚလာခဲ့ၿပီးျဖစ္ပါတယ္။ ဒီစမတ္ဖုန္းမွာ ၆.၉ လက္မ 18:9 display ပါဝင္ၿပီး Full HD+ resolution (2160 x 1080 pixels) ကို ေထာက္ပံ့ေပးထားပါတယ္။


Mi Max 3 မွာ Snapdragon 636 ဒါမွမဟုတ္ အသစ္မိတ္ဆက္ထားတဲ့ Snapdragon 632 chipset ကို အသံုးျပဳထားဖြယ္ရိွပါတယ္။ RAM ကို 3GB, 4GB နဲ႔ 6GB ဆိုၿပီး ရရိွႏိုင္သလို storage ကိုလည္း 32GB, 64GB နဲ႔ 128GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ MicroSD card slot ပါဝင္တာေၾကာင့္ သိုေလွာင္မႈပမာဏကို တိုးျမွင့္ႏိုင္ပါတယ္။ Fingerprint scanner ကိုေတာ့ ဖုန္းရဲ႕ ေက်ာဘက္မွာ တပ္ဆင္ထားပါတယ္။

ဒီစမတ္ဖုန္းဟာ dual camera setup ပါဝင္တဲ့ ပထမဆံုး Mi Max စီးရီး စမတ္ဖုန္း ျဖစ္လာမွာပါ။

မၾကာေသးခင္က ထြက္ေပၚလာတဲ့ သတင္းေတြအရ ေဒါင္လိုက္တပ္ဆင္ထားတဲ့ dual camera စနစ္မွာ 12-megapixel Sony IMX363 sensor နဲ႔ 5-megapixel secondary sensor တို႔ ပါဝင္လာမယ္လို႔ သိရပါတယ္။ Selfie ကင္မရာကေတာ့ 8-megapixel ျဖစ္ပါတယ္။ အရြယ္ႀကီးမားတဲ့ 5,500mAh ဘက္ထရီပါဝင္လာၿပီး fast charging ကိုလည္း ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Ref: GizmoChina

[ Unicode ]

ဇူလိုင်လမှာ မိတ်ဆက်မယ်လို့ အတည်ပြုထားတဲ့ Xiaomi Mi Max 3 ကို ဇူလိုင် ၁၉ ရက် (ကြာသပတေးနေ့) မှာ မိတ်ဆက်ကြေညာ သွားမယ်လို့ သိရပါတယ်။ ဒီအကြောင်းကို Xiaomi က တရားဝင် Weibo account ကနေ အတည်ပြုခဲ့တာဖြစ်ပါတယ်။

Weibo post မှာ ဖော်ပြထားတဲ့ ကြော်ငြာပိုစတာအရ Mi Max 3 မှာ အရွယ်ကြီးမားတဲ့ display နဲ့ ကြီးမားတဲ့ ဘက်ထရီတို့ ပါဝင်လာဖွယ်ရှိပါတယ်။

Mi Max 3 ဟာ ပြီးခဲ့တဲ့လက TENAA ပေါ်မှာ spec အားလုံးနဲ့အတူ ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ ၆.၉ လက်မ 18:9 display ပါဝင်ပြီး Full HD+ resolution (2160 x 1080 pixels) ကို ထောက်ပံ့ပေးထားပါတယ်။

Mi Max 3 မှာ Snapdragon 636 ဒါမှမဟုတ် အသစ်မိတ်ဆက်ထားတဲ့ Snapdragon 632 chipset ကို အသုံးပြုထားဖွယ်ရှိပါတယ်။ RAM ကို 3GB, 4GB နဲ့ 6GB ဆိုပြီး ရရှိနိုင်သလို storage ကိုလည်း 32GB, 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပါတယ်။ MicroSD card slot ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။ Fingerprint scanner ကိုတော့ ဖုန်းရဲ့ ကျောဘက်မှာ တပ်ဆင်ထားပါတယ်။

ဒီစမတ်ဖုန်းဟာ dual camera setup ပါဝင်တဲ့ ပထမဆုံး Mi Max စီးရီး စမတ်ဖုန်း ဖြစ်လာမှာပါ။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒေါင်လိုက်တပ်ဆင်ထားတဲ့ dual camera စနစ်မှာ 12-megapixel Sony IMX363 sensor နဲ့ 5-megapixel secondary sensor တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ Selfie ကင်မရာကတော့ 8-megapixel ဖြစ်ပါတယ်။ အရွယ်ကြီးမားတဲ့ 5,500mAh ဘက်ထရီပါဝင်လာပြီး fast charging ကိုလည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Ref: GizmoChina