July 15, 2018

Xiaomi Mi A2 ကို ဇူလိုင် ၂၄ တွင် မိတ်ဆက်မည်

[ Zawgyi ]





Ref: GSMArena

[ Unicode ]

Xiaomi ဟာ ဇူလိုင်လ ၂၄ ရက်၊ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာကျင်းပမယ့် အခမ်းအနားတစ်ခုမှာ Mi A2 ကို မိတ်ဆက်ကြေညာ သွားမယ်လို့ ယူဆရပါတယ်။

Xiaomi Mi A2 ဟာ ကုမ္ပဏီရဲ့ ဒုတိယမြောက် Android One ဖုန်းဖြစ်တာကြောင့် MIUI skin အစား stock Android version ကို အသုံးပြုထားပါတယ်။

Mi A2 မှာ Xiaomi Mi 6X ရဲ့ hardware အတိုင်း ပါဝင်လာဖွယ်ရှိတာကြောင့် Qualcomm Snapdragon 660 chipset နဲ့အတူ 4GB ဒါမှမဟုတ် 6GB RAM နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကျောဘက်ကင်မရာနှစ်ခုက 12MP + 20MP ဖြစ်ပြီး MIUI က AI လုပ်ဆောင်ချက်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။

Ref: GSMArena