November 18, 2017

Xiaomi Mi A1

Price : 319,000 ks

အားသာချက်

နောက်ဘက်ကင်မရာကို Dual ကင်မရာစနစ် အသုံးပြုထားခြင်းက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ပိုင်းမှာဆိုရင်လည်း Internal Memory နဲ့ RAM ကမြင့်မားတဲ့အပြင် ဘက်ထရီပိုင်းမှာလည်း ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားတဲ့ ဘက်ထ ရီပါဝင်တဲ့ အချက်တွေက ဒီဖုန်းရဲ့ အားသာချက်တွေလို့ ဆိုရမှာပါ။ ဗီဒီ ယိုရိုက်ကူးတဲ့အခါမှာလည်း 4K Video ရိုက်ကူးနိုင်ပါတယ်။

အားနည်းချက်

Dual Sim ဖုန်းဖြစ်ပေမယ့် Sim Slot 2 ဟာ SD Card နဲ့အတူတွဲ ထားတာကြောင့် SD Card သုံးမယ်ဆိုရင် Sim Card တစ်ကတ်ပဲသုံး လို့ ရနိုင်ပါလိမ့်မယ်။ NFC စနစ်လည်း ဒီဖုန်းမှာပါဝင်တာမတွေ့ရပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်း လှပတယ်လို့ ဆိုရမယ့်ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ရှေ့ဘက် မျက်နှာပြင် ဘေးဘောင်တွေ သေးငယ်ပြီး ကိုင်တွယ်အသုံးပြုတဲ့အချိန် မှာလည်း အရွယ်အစားက လက်ထဲမှာ အံဝင်ခွင်ကျရှိတဲ့အရွယ်အစား မျိုးရှိပါတယ်။ ကျောဘက်ကာဗာရဲ့အပေါ်ဘက်မှာ ကင်မရာနှစ်လုံးကို ဘေးချင်းယှဉ်လျက် တပ်ဆင်ပေးထားပြီး Fingerprint Sensor ကိုလည်း ကျောဘက်ကာဗာပေါ်မှာပဲ တပ်ဆင်ပေးထားတာပါ။ ကျောဘက်ကာဗာ အောက်ခြေနားမှာ Android One ရဲ့ သင်္ကေတစာသား ပါဝင်ပါတယ်။ ရှေ့ဘက်မျက်နှာ ပြင်ရဲ့ အောက်ခြေဘောင်ပေါ်မှာ Home, Back, Recent Key တွေကို Touch စနစ်နဲ့ အသုံးပြုနိုင်ဖို့ ပြုလုပ်ပေးထားပြီး စပီကာ၊ USB နဲ့ နားကြပ်ပေါက် တွေကိုတော့ ဖုန်းရဲ့အောက်ခြေဘောင်ပေါ်မှာ တပ်ဆင်ပေးထား ပါတယ်။

မြင်ကွင်း

၅.၅ လက်မရှိတဲ့ ILTPS IPS LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 1080 x 1920 Pixels ရှိတဲ့ Full HD Screen ပါ။

နည်းပညာ

ကျောဘက်ကင်မရာမှာ 26mm Lens တစ်လုံးနဲ့ 50mm Lens တစ်လုံးပါဝင်ပြီး ဒီကင်မရာနှစ်လုံးမှာတော့ Optical Zoom 2X အထိ အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ဓာတ်ပုံတစ် ပုံရဲ့ နောက်ခံ Background တွေကို ဝါးသွားအောင်လုပ်ပြီး ရိုက်နိုင်တဲ့ Portrait စနစ်ကိုလည်း ဒီဖုန်းမှာအသုံးပြုနိုင်ပါတယ်။ TV Remote Control အဖြစ်အသုံးပြုနိုင်တဲ့ စနစ်တစ်ခုကိုလည်း ဒီဖုန်းမှာမြင်တွေ့နိုင် ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင်တော့ Mi A1 ဟာ ဈေးနှုန်းအလယ်အလတ်တန်းစားဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းမှာပါဝင်တဲ့ RAM ပိုင်းနဲ့ Memory ပိုင်းက မြင့်မားကောင်းမွန်တယ် လို့ ဆိုနိုင်တဲ့ ဖုန်းဖြစ်ပါတယ်။ ကင်မရာ ပိုင်းမှာဆိုရင်လည်း နောက်ဘက် ကင်မရာက Dual ကင်မရာစနစ်ဖြစ်ပြီး ဓာတ်ပုံရိုက်တဲ့အချိန်မှာလည်း Portrait Mode စနစ်အပါအဝင် ကောင်းမွန်တဲ့ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့ စနစ်တွေပါဝင်တာတွေ့ရပါတယ်။ နောက်ဘက်ကင်မရာပိုင်းမှာကောင်းမွန် တယ်လို့ ဆိုပေမယ့် ရှေ့ဘက်ကင်မရာကတော့ ပုံမှန် Mid range ဖုန်း တွေမှာပါဝင်တဲ့ Megapixels လောက်ပဲရှိတဲ့အတွက် ရှေ့ဘက် ကင်မရာ Selfie ပိုင်းမှာတော့ ဈေးကွက်ထဲမှာရှိတဲ့ Selfie ဦးစားပေး Meagpixels မြင့်ဖုန်းတွေလောက်တော့ Selfie ပိုင်းမှာ စွမ်းဆောင်ရည် မမြင့်မားပါဘူး။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim Dual Standby)
OS Android OS, v7.1.2
CPU Octa-core 2.0 GHz Cortex-A53
GPU Adreno 506
Memory Internal 64GB, 4GB RAM, Micro SD 128GB
Camera Dual 12 MP (f/2.2, f/2.6), phase detection autofocus, 2x optical zoom, dual-LED (dual tone) flash, geo-tagging, touch focus, face detection, HDR, panorama, Secondary 5 MP,
Wi-Fi 802.11 a/b/g/n/ac, dual-band, WiFi Direct
Bluetooth 4.2, A2DP, LE
Battery Li-Ion 3080 mAh Battery

သူတို့အမြင်

မဧပရယ်အောင် (စမ်းသပ်အသုံးပြုသူ)

ဒီဇိုင်းပိုင်း လှတယ်လို့ ပြောလို့ ရပါတယ်။ ဖုန်းက ပါးပါးလျားလျားနဲ့ ကိုင်ရတာကလည်း ကျစ်ကျစ်လျစ်လျစ်ရှိပါတယ်။ ဖုန်းထဲမှာသုံးနိုင် တဲ့ စနစ်တွေကလည်း ကောင်းပါတယ်။ ဈေးက နည်းနည်းလေး များတယ်လို့ ထင်ရပေမယ့် နောက်ကင်မရာ နှစ်လုံးနဲ့ သူ့မှာပါတဲ့ မှတ်ဉာဏ်ပိုင်းတွေက မြင့်တဲ့အတွက် သုံးပျော်တယ်လို့ ပြောလို့ ရပါတယ်။ SD Card ကိုသုံးရင် Sim Card တစ်ကတ်ပဲ သုံးလို့ ရတာကိုတော့ သိပ်သဘောမကျဘူး။ ဒါပေမဲ့ ဖုန်းရဲ့မှတ်ဉာဏ်ကများတေ့ SD Card သုံးဖို့မလိုရင် Sim Card နှစ်ကတ်သုံးလို့တော့ ရတာပေါ့။

မစုလှိုင် (အသုံးပြုသူ)

Xiaomi Mi A1 က Mi 5X နဲ့ ဘာမှသိပ်မကွာဘူးလို့တော့ သိထား တယ်။ ဒါပေမဲ့ သုံးရတာတော့ ကောင်းပါတယ်။ နောက် ဘက်ကင်မရာ နှစ်လုံးပါတာရယ်၊ Portrait ရိုက်နိုင်တာတွေက ကောင်းတဲ့စနစ်တွေပါပဲ။ ရှေ့ဘက် Selfie ကင်မရာကတော့ Megapixels နည်းတဲ့အတွက် အခြား Selfie အသားပေး ဖုန်းတွေ လောက်တော့ သိပ်မကောင်းဘူး။ မှတ်ဉာဏ်ပိုင်းကတော့ သူ့ဈေးနဲ့ ယှဉ်မယ်ဆိုရင် ကောင်းတယ်လို့ ပြောလို့ရတယ်။ RAM ကလည်း မြင့်တဲ့အပြင် CPU ပိုင်းကလည်း အသင့်အတင့်ကောင်းတဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကလည်း ချောချောမွေ့မွေ့ ရှိပါတယ်။

ကိုအောင်သက်ကို (အသုံးပြုသူ)

Memory ပိုင်းကိုတော့ သဘောကျတယ်။ Google OS Interface ကိုတော့ သိပ်မကြိုက်ဘူး။ သုံးရတာ​ရိုးလွန်းသလိုခံစား ရတယ်။ ကင်မရာပိုင်းမှာတော့ Portrait ပိုင်းကိုသဘောကျတယ်။ နောက်ဘက်ကင်မရာနှစ်လုံးက တော်တော်လေး အဆင်ပြေတယ်။ ဒါပေမဲ့ Indoor နဲ့ အလင်းအားနည်းနဲ့ ညပိုင်းအချိန်တွေမှာဆိုရင် တော့ ကင်မရာက သိပ်အဆင်မပြေဘူး။ ဂိမ်းကစား ရတာလည်း တော်တော်လေးကောင်းတယ်။ ဖုန်းက ဘက်ထရီ တော်တော်ကြာ ကြာသုံးလို့ ရတယ်။ အပူချိန်တက်လာ တာမျိုးတွေလည်းမဖြစ်ဘူး။ အသံပိုင်းကိုလည်း ကြိုက်ပါတယ်။

-ကိုသက်