September 26, 2017

Workshop on ATA Carnet ဆွေးနွေးပွဲ တက်ရောက်လိုသူများအားဖိတ်ခေါ်

International Chamber of Commerce-ICC Asia နဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းပြီး ATA Carnet Workshop ကို ၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၁ ရက်၊ နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီခွဲအထိ ကုန်သည်စက်မှုအသင်းချုပ် စတုတ္ထထပ်၊ အစည်းအဝေးခန်းမ (၄၀၆) မှာ ကျင်းပမှာဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါတယ်။

မြန်မာနိုင်ငံ ATA Carnet system အသင်းဝင်ဖြစ်လာပါက ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပမှာ ကျင်းပမယ့် Exhibition, Trade Fair များမှာ ခင်းကျင်းပြသလိုတဲ့ ကုန်ပစ္စည်းတွေအတွက် ကြိုတင် အခွန်ပေးဆောင်စရာ မလိုဘဲ ယာယီတင်သွင်းခွင့် အခွင့်အရေးများရရှိနိုင်မယ့် ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး စာတမ်းများ၊ အမေးအဖြေကဏ္ဍများနဲ့ ရှင်းလင်းတင်ပြ ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ရုံဆွးနွေးပွဲ တက်ရောက်လိုသူတွေအနေနဲ့ မိမိကိုယ်တိုင် (သို့) မိမိတို့ အသင်းအဖွဲ့၊ ကုမ္ပဏီများက တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေဟာ ကုန်သည်စက်မှုအသင်းချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာန အီးမေးလ် – [email protected] ကို မေလ ၂၅ ရက် နောက်ဆုံးထားပြီး ပြန်လည်ပေးပို့ပေးရမှာဖြစ်သလို http://www.umfcci.com.mm/?p=5594 မှာလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။