WK Earphone

သီချင်းကောင်းကောင်းတွေကို နားထောင်တတ်သူတွေအတွက် အဆင်ပြေစေမယ့် WK အမှတ်တံဆိပ် Earphone ဖြစ်ပါတယ်။ Bass အသံထွက်ကို အသားပေးထားတဲ့အတွက် EDM သီချင်းများနဲ့ Bass တီးလုံးတွေပါဝင်တဲ့ သီချင်းများ နားထောင်တဲ့အခါမှာ ပို၍အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အသံထွက်ကြည်လင် မှုရှိသလို ပတ်ဝန်းကျင်မှ ဆူညံသံတွေကိုလည်း ဖျောက်ပေးပါတယ်။ နားကြပ်ကို သတ္ထုစပ်ဖြင့် ပြုလုပ်ပေးထားပါတယ်။ နားကြပ်အစွပ် အပိုနှစ်စုံပါဝင်မှာဖြစ်ပါတယ်။ အမည်းရောင်နဲ့ ငွေရောင်နှစ်မျိုးဖြင့် ရရှိနိုင်ပြီး တန်ဖိုး ၈,၀၀၀ ကျပ်ဖြင့် WK Design ဖုန်း-၀၉ ၂၅၃၅၃၄၄၀၀ မှာဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-အောင်သက်ကို