June 23, 2017

Windows Phone ပေါ်တွင် မက်ဆေ့ခ်ျမှ ဓာတ်ပုံများကို သိမ်းဆည်းခြင်း

Guide.jpg

Windows Phone အသုံးပြုတဲ့သူတွေအနေနဲ့ Windows Phone ပေါ်ကနေ သူငယ်ချင်း အပေါင်းအသင်းများနဲ့ မက်ဆေ့ခ်ျတွေ အပြန်အလှန်ပေးပို့ကြတယ်။ ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေထဲမှာ အမှတ်တရ ဓာတ်ပုံလေးပါဝင်လို့  သိမ်းဆည်းထားချင်တယ်ဆိုရင် မက်ဆေ့ခ်ျထဲက ဓာတ်ပုံတွေကို သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အပြင်ရောက်နေတဲ့အချိန်မှာ အကြောင်းအရာတစ်ခုခုကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်တဲ့အချိန်မှာ အဲဒီဓာတ်ပုံကို သင့်ရဲ့ မိုဘိုင်းဖုန်းထဲထည့်သွင်း သိမ်းဆည်းထားနိုင်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဦးဆုံး သင်သိမ်းဆည်းမယ့် မက်ဆေ့ခ်ျကို အရင်ဆုံး ဖွင့်ဖို့အတွက် Message Box ကို အရင်သွားရမှာဖြစ်ပါတယ်။ Box ထဲကိုရောက်ပြီဆိုရင် သင့်ကို ဓာတ်ပုံပေးပို့ထားတဲ့ Message ကိုဖွင့်ရပါမယ်။ Message ကိုဖွင့်ပြီးပြီဆိုရင်တော့ ဓာတ်ပုံကို Tab လုပ်လိုက်ပါ။ ဒါဆိုရင်ဓာတ်ပုံရဲ့ မြင်ကွင်းအနေအထား ပြောင်းလဲသွားမှာဖြစ်ပါတယ်။ မြင်ကွင်းအနေအထား ပြောင်းလဲသွားတဲ့ ဓာတ်ပုံရဲ့မြင်ကွင်းအနေအထား ပြောင်းလဲသွားမှာဖြစ်ပါတယ်။ မြင်ကွင်းအနေအထား ပြောင်းလဲသွားတဲ့ ဓာတ်ပုံနေရာရောက်ပြီဆိုရင် More ဆိုတာကိုနှိပ်လိုက်ပါ။ More ကိုနှိပ်ပြီးရင် Save to Phone ဆိုတာကို ရွေးချယ်ပေးလိုက်ရင် သင်လိုချင်တဲ့ဓာတ်ပုံကို ဖုန်းထဲကိုထည့်သွင်း သိမ်းဆည်းသွားမှာဖြစ်ပါတယ်။ အကယ်၍ ဓာတ်ပုံကို Lock Screen ပဲထားချင်တယ်ဆိုရင်တော့ Set as Lock Screen ဆိုတာကို ရွေးချယ်ပြီးထားနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မက်ဆေ့ခ်ျထဲကပုံကို ဖုန်းထဲကိုထည့်သွင်းသိမ်းဆည်းခြင်း အဆင့်ပြီးဆုံးပြီဖြစ်ပါတယ်။

//ambient pc code