Windows 10 Game DVR ကို ဘယ်လို Disable လုပ်မလဲ

Windows 10 မှာပါဝင်တဲ့ Game DVR feature ဟာ ဂိမ်းကစားတဲ့အခါမှာ screen record ပြုလုပ်ပေးနိုင်တဲ့ feature တစ်ခုဖြစ်ပါတယ်။ Game DVR feature ကို သုံးစွဲအတွက် game ရဲ့ performance ကလည်း နှေးကွေးသွားစေနိုင်ပါတယ်။ ဒါကြောင့် Game DVR နဲ့ Game bar ကို disable လုပ်ချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Windows 10 Creator update မှာ Game DVR နဲ့ Game bar အတွက် settings ကို Settings application ရဲ့ main မှာ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် Game DVR နဲ့ Game bar ကို disable လုပ်ဖို့အတွက် Start menu button ကို နှိပ်ပါ။ ပြီးရင် settings ဆိုတာကို နှိပ်ရပါမယ်။

Settings ထဲကမှ Gaming ဆိုတာကိုရွေးပါ။ Gaming settings ထဲကိုရောက်ရင် Game bar option မှာရှိတဲ့ Record game clips, screenshots and broadcast using Game bar မှာရှိတဲ့ toggle ကို နှိပ်ပြီး Off လုပ်ထားရပါမယ်။

Game DVR option နေရာမှာလည်း Record in the backgroup while I’m playing a game ဆိုတဲ့ toggle ကို နှိပ်ပြီး Off လုပ်ထားပေးရပါမယ်။ ဒါဆိုရင် Game bar နဲ့ Game DVR ကို Windows 10 မှာ disable လုပ်လို့ ပြီးပြီဖြစ်ပါတယ်။

-သီဟ
Tags: Windows, Game