July 20, 2018

Windows မှာ System restore point ကိုနေ့စဉ် ဘယ်လိုတည်ဆောက်ထားမလဲ

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ Windows Operating System ဟာ ပျက်စီးမှုတွေကြုံတွေ့နိုင်ပါတယ်။ System အတွင်းမှာ တစ်ခုခုကြောင့် ချို့ယွင်းခဲ့တာမျိုးရှိရင် Windows ရဲ့ system restore point တွေကို အသုံးပြုပြီး ယခင်ရက်တွေက အကောင်းအတိုင်း အသုံးပြုထားတဲ့ system restore point တွေကို ပြန်လည် သုံးစွဲကာ Windows ရဲ့လုပ်ငန်းစဉ် စနစ်တွေ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်ပါတယ်။

Restore point တွေကို ဖန်တီးဖို့အတွက်ဆိုရင် Group Policy Editor ကို အသုံးပြုပြီး ပြင်ဆင်နိုင်မှာဖြစ်သလို Registry ကနေလည်း setting သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။

Group Policy Editor ကို အသုံးပြုဖို့အတွက်ဆိုရင် Win + R key ကို နှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။ ပြီးရင် run box မှာ gpedit.msc ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။

Group Policy Editor ကျလာပြီဆိုရင် Computer Configuration > Administrative Templates > Windows Components > Windows Defender Antivirus > Scan ဆိုပြီး အဆင့်လိုက်သွားရပါမယ်။ Scan ကိုရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Create a system restore point ဆိုတာကို double click နှိပ်လိုက်ပါ။

နောက်တစ်ဆင့်ကတော့ Enable ဆိုတဲ့ radion option ကိုရွေးချယ်ပေးပြီး Ok ကို နှိပ်ကာ Group Policy ကို ပိတ်လိုက်ရမှာဖြစ်ပါတယ်။

ဒုတိယ နည်းလမ်းကတော့ Registry editor ကနေ setting သတ်မှတ်တာဖြစ်ပါတယ်။ Registry ကို အသုံးပြုမှာဖြစ်တဲ့အတွက် backup လုပ်ထားသင့်ပါတယ်။ ပြီးရင် Run box ကို နှိပ်ကာ

 

HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows Defender ဆိုတဲ့လမ်းကြောင်းအတိုင်း သွားရပါမယ်။ ပြီးရင် Scan ဆိုတဲ့ folder ကို New > Key ဆိုတာကိုရွေးပြီး Scan ဆိုတဲနာမည်ပေးကာ တည်ဆောက်ရပါမယ်။ Scan ကို select မှတ်ပြီး ညာဘက် အခြမ်းမှာ Right-click နှိပ်ပြီး New > DWORD (32-bit) Value ဆိုတာကိုရွေးပါ။ အဆိုပါ ဖိုင်ရဲ့နာမည်ကို DisableRestorePoint ဆိုတဲ့နာမည်ပေးပြီး registry editor ကနေထွက်ကာ system ကို restart လုပ်လိုက်ရင် အဆင်ပြေပြီဖြစ်ပါတယ်။

တကယ်လို့ လုပ်ငန်းစဉ်ကို ဆက်လက်မလုပ်စေချင်ဘူးဆိုရင် အဆိုပါ ဖိုင်ကို double-click နှိပ်ပြီး Value data နေရာမှာ 0 ကနေ 1 ကိုပြောင်းပေးလိုက်ရင် ရပြီဖြစ်ပါတယ်။

ဒါဆိုရင် Windows Operating System မှာ System restore point ကို ဖန်တီးဖို့အတွက် registry ကနေ ပြင်ဆင်ပြီးပြီဖြစ်ပါတယ်။