November 18, 2017

Windows ကိုကျော်ဖြတ်ပြီး Android က အင်တာနက် အသုံးအများဆုံး operating system ဖြစ်လာ

Android ကနေ အင်တာနက် သုံးစွဲမှုနှုန်းဟာ Windows ကို ပထမဆုံးအကြိမ် ကျော်ဖြတ်နိုင်ခဲ့တယ်လို့ web analytics ကုမ္ပဏီ StatCounter က ဖော်ပြလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် မတ်လအတွင်း ကမ္ဘာတစ်ဝန်းအင်တာနက်သုံးစွဲမှုနှုန်းမှာ Android က ၃၇.၉၃ ရာခိုင်နှုန်းရှိခဲ့ပြီး Windows က ၃၇.၉၁ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီအချက်အလက်တွေကိုရရှိဖို့အတွက် StatCounter က ဝက်ဘ်ဆိုက် ၂.၅ သန်းကျော်မှာ tracking code တစ်ခုကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက် အဆိုပါဝက်ဘ်ဆိုက်တွေရဲ့ ဘီလျံနဲ့ချီတဲ့ လစဉ်ကြည့်ရှုမှု အကြိမ်အရေအတွက်ကို ထုတ်ကုန်ရဲ့ browser/operating system/screen resolution တို့အပေါ်မှာ အခြေခံပြီး လေ့လာဆန်းစစ်ခဲ့ပါတယ်။

အဲ့ဒီအချက်အလက်များအရ လက်ရှိမှာ ဈေးကွက်ရှယ်ယာ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ Android ရဲ့ အင်တာနက် သုံးစွဲမှုနှုန်းက မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဈေးကွက်ရှယ်ယာ ၈၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ခဲ့တဲ့ Windows က ၃၈ ရာခိုင်နှုန်းအောက်ကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စမတ်ဖုန်းဈေးကွက်ရှယ်ယာက ဆက်လက်မြင့်တက်လာပြီး ၂၀၁၆ ခုနှစ်မှာ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာတော့ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ PC ရောင်းအားကတော့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဆက်တိုက်ကျဆင်း ခဲ့ပါတယ်။ အခုလို ရှယ်ယာမြင့်တက်လာတာဟာ Android ရဲ့ ဖွံ့ဖြိုးဆဲဈေးကွက်တွေမှာ ကြီးစိုးနေမှုက တစ်စိတ်တစ်ပိုင်းပါဝင်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံက အင်တာနက်သုံးစွဲသူတွေဟာ desktop ထက် mobile platform တွေကို ပိုမိုအသုံးပြုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Ref: AndroidAuthority