Whiteboard နေရာ အစားထိုးနိုင်မယ့် ဒေါ်လာ ၅,၀၀၀ တန် Google Jamboard

ပရောဂျက်တွေနဲ့ အခြားလုပ်ငန်းတွေကို ဝန်ထမ်းတွေက အလွယ်တကူပြုလုပ်နိုင်စေဖို့ ကြိုးပမ်းနေတဲ့ ကုမ္ပဏီများအတွက် Google က Jamboard လို့ခေါ်တဲ့ အရွယ်ကြီးမားတဲ့ touch-screen canvas တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။

Withboard တွေနေရာမှာအစားထိုးနိုင်မယ့် Jamboard ကို မေလမှာ ၄,၉၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Jamboard မှာ ၅၅ လက်မ

ultrahigh-definition screen ပါဝင်ပြီး အဲ့ဒီ screen က stylus ဒါမှမဟုတ် လက်ချောင်းနဲ့ထိတွေ့ပြီး ရေးသားတဲ့အခါ ခြားနားချက်ကို သိရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီထုတ်ကုန်ကို whiteboard လိုမျိုးသုံးနိုင်ပြီး ဝန်ထမ်းတွေက သူတို့ရဲ့ စိတ်ကူးအကြံဉာဏ်များ၊ စာရွက်စာတမ်းများနဲ့ ဓာတ်ပုံများကို Jamboard မှာ ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းချိတ်ဆက်မှုရှိတဲ့ ဘယ်နေရာကမဆို အချက်အလက်ဝေမျှဖို့အတွက် stylus နဲ့ စမတ်ဖုန်းများအပြင် အရွယ်သေးငယ်တဲ့ tablet တွေကို အသုံးပြုနိုင်ပါတယ်။

Jamboard မှာ လုပ်ဆောင်ထားတဲ့အရာအားလုံးကို Google ရဲ့ online storage ဝန်ဆောင်မှုဖြစ်တဲ့ Drive မှာ သိမ်းဆည်းထားနိုင်တယ်လို့ သိရပါတယ်။

Ref: DailyMail