September 24, 2017

WhatsApp video calling သုံးစွဲမှုစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရပ်တည်ခဲ့တဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံဟာ WhatsApp video calling feature သုံးစွဲမှုစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတယ်လို့ ကုမ္ပဏီက ကြေညာ လိုက်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ WhatsApp video calling မိနစ်က တစ်နေ့ကို သန်း ၅၀ ရှိတယ်လို့ Facebook ပိုင်ဆိုင်တဲ့ ဝန်ဆောင်မှုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းရဲ့ video calling မိနစ်အရေအတွက်ကတော့ တစ်နေ့မှာ သန်း ၃၄၀ ရှိတယ်လို့ ဆိုပါတယ်။ WhatsApp ကနေပြုလုပ်တဲ့ video call အရေအတွက်က တစ်နေ့မှာ ၅၅ သန်းကျော် ရှိပါတယ်။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ WhatsApp လစဉ်သုံးစွဲသူဦးရေ သန်း ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Ref: GSMArea